တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်၌ လာမည့်နိုဝင်ဘာလတွင် ဂျီ ၂၀-စီးပွားရေးဝန်ကြီးများ၏ ထိပ်သီးအစည်းအဝေးကျင်းပမည်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက မတ်လ ၁၀-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ဘာလင်မြို့၌ ကမ္ဘာ့ခရီးသွားကုန်သွယ်မှုပြပွဲခင်းကျင်း ***
ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် မတ်လ ၁၀-ရက်နေ့မှစတင်ကာ ကမ္ဘာ့ခရီးသွားကုန်သွယ်မှုပြပွဲကို စတင်ကျင်းပကြောင်း၊ ယင်းပြပွဲကို နိုင်ငံတကာခရီးသွားဗျူရိုနှင့် ဂျာမနီခရီးသွားလုပ်ငန်းတို့က ပူးတွဲကြီးမှူးကျင်းပခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့အကြီးကျယ်ဆုံး ခရီးသွားကုန်သွယ်မှုပြပွဲဖြစ်ကြောင်း ဂျာမနီခရီးသွားလုပ်ငန်းအရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** စပိန်ပြည်နယ် ၁၃-ခု၌ ရာသီဥတုဆိုးရွားနေ ***
စပိန်နိုင်ငံ ပြည်နယ် ၁၃-ခုတို့တွင် အအေးလှိုင်းကျရောက်လျက်ရှိပြီး လေပြင်းတိုက်ခတ်ကာ ဆီးနှင်းများ ထူထပ်သိပ်သည်းစွာ ကျဆင်းလျက်ရှိကြောင်း၊ ၄င်းသည် ၂၅-နှစ်အတွင်း၊ အဆိုးရွားဆုံးဖြစ်ပြီး ဘာစီလိုနာ၊ ဂျီရိုနာ၊ တာရာဂိုနာနှင့် ဘာလီရာရစ်ပြည်နယ်များတွင် ဆီးနှင်: ပိုမိုကျဆင်းခဲ့ကြောင်း စပိန်အရာရှိများက မတ်လ ၁၀-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ယီမင်ဆိပ်ကမ်း၌ သင်္ဘောတိုက်မှုဖြစ်ပွား ***
ယီမင်နိုင်ငံအနောက်ပိုင်း ပင်လယ်နီရှိ အယ်ဟိုဒေးဒါဆိပ်ကမ်းတွင် ဂျာမနီကုန်တင်သင်္ဘောတစ်စင်းနှင့် ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော သင်္ဘောတစ်စင်းတို့ မတ်လ ၁၀-ရက်က မတော်တဆတိုက်မှုဖြစ်ပွားခဲ့ကြောင်း၊ ဆိုးဆိုးရွားရွားထိခိုက်မှု မရှိကြောင်း ယီမင်ဆိပ်ကမ်းအရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်၌ ရေနံဈေးနှုန်းအနည်းငယ်ကျဆင်း ***
ကမ္ဘာ့ဈေးကွက်၌ ရေနံဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိရာ နယူးယောက်မြို့ဈေးကွက်၌ မတ်လ ၁၀-ရက်နေ့က ဈေးပိတ်ချိန်တွင် ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၀ ဒသမ ၁၆ ဒေါ်လာအထိ ကျဆင်းခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** ဆိုးလ်မြို့တော်၌ ဂျီ-၂၀ အစည်းအဝေးကျင်းပမည် ***

No comments:
Post a Comment