ထိုင်းနိုင်ငံဘန်ကောက်မြို့ အနီး စမူပါကန် နယ်မြေ အမှတ်၅ ရှိဖက်ကစံရွာ အိမ်အမှတ် ၅/၂ တွင် နေထိုင်သည့်
မြန်မာအလုပ်သမားတစ်ဦးအား အမည်မသိလူသတ်သမား ၃ဦးကလာရောက်သတ်ပစ်ခဲ့ကြောင်းယနေ့ ထုတ် ထိုင်းရပ် သတင်းစာတွင်ဖေါ်ပြထားသည်။
အိမ်နီးချင်းမျက်မြင်သက်သေများအဆိုအရမြန်မာအလုပ်သမား၊အသက်၂၄နှစ် အရွယ် အောင်မိုးမင်း ဆိုသူနေထိုင်သည့်
အခန်းသို့ ပြီးခဲ့သည့်သန်းခေါင်းယံအချိန်က အမည်မသိအသက်၂၀ ကျော်အရွယ် လူငယ် ၃ဦးရောက်ရှိလာခဲ့သည်။
အခင်းဖြစ်ပွားသည့် အခန်းနှင့်မနီးမဝေးသည့် ထမင်းဆိုင်တွင် လူသတ်သမားဟု ယူဆရသူ ၃ဦးက
ခဏ နားနေပြီးအခြေအနေကိုစောင့်ကြည့်ခဲ့သည်ဟုဆိုသည်။
ထို့နောက် သေဆုံးသူကို လက်ပြန်ကြိုးတုတ်ပြီးယာဘက်နံစောင်းတွင် ဓါးဖြင့် ထိုးသတ်ခဲ့သည်။
များမကြာမီအချိန်အတွင်းလျှင်မြန်စွာ ပြန်လည်ထွက်ခွာသွားကြကြောင်းမျက်မြင်သက်သေကပြောဆို
သည်။ အဆိုပါ သုံးဦးမှာ မြန်မာ သို့ မဟုတ် ထိုင်း ဟူ၍ တိတိကျကျမသိကြောင်း လည်းဆက်လက်
ပြောဆိုထားသည်။နယ်မြေရဲစခန်းမှူး ထိုင်ချနုန် ၀ယ်လိုလပ်စုပွန် က သေဆုံးချိန် တစ်နာခန့် သာ ကြာသေးကြောင်း သတင်းထောက်ကိုပြောသည်။မည်သို့ သောအကြောင်းကြောင့်လူသတ်မှုဖြစ်ကြောင်းနှင့် တ၇ားခံများမည်သူဖြစ်သည်ကိုစုံစမ်းမည်ဖြစ်ကြောင်းဆက်လက်ပြောဆိုသည်။
သေဆုံးသူမှာ V LPK 2003 ကုမ္ပဏီတွင်လုပ်ကိုင်သော မြန်မာအလုပ်သမားဖြစ်ကြောင်းကိုသာဖေါ်ပြထားပြီး လုပ်ငန်းအမျိုးအစားကိုမူသီးခြားဖေါ်ပြထားခြင်းမရှိပါ။
***သတင်း... ကိုကျော်သောင်း(ဘန်ကောက်)***
(မတ်လ ၁၁၊၂၀၁၀)

No comments:
Post a Comment