ချဲလ်ဆီးအသင်းခေါင်းဆောင်ဖြစ်သူ မြာပွေသောတယ်ရီမှာ စူပါမားကတ်တစ်ခုအတွင်း ဈေးဝယ်ထွက်စဉ် အမျိုးသမီးကြီးတစ်ဦးက နောက်ကတကောက်ကောက်လိုက်နေသည်ကို သတိပြုမိသည်။ သိပ်မကြာမီမှာပင် အမျိုးသမီးက သူ့အနားရောက်လာပြီး `စိတ်မရှိပါနဲ့။ မင်းကိုတွေ့ရင် ဆုံးသွားတဲ့ အန်တီ့သားလေးကို သတိရမိလို့ပါ´။
ဤတွင် မဟုတ်မဟတ်တွေးမိသော တယ်ရီရှက်သွားသည်။
`ကျနော်ဘာလုပ်ပေးရမလဲ အန်တီ´။
`အင်း… ဒါဆို အန်တီဒီကထွက်ရင် ဂွတ်ဘိုင် မေမေလို့ ပြောပေးပါလား´။
အမျိုးသမီးကြီးထွက်ခွာသွားသောအခါ `ဂွတ်ဘိုင်မေမေ´ ဟု တယ်ရီလှမ်းပြောလိုက်သည်။ ကောင်တာတွင်ငွေရှင်းသောအခါ ထင်ထားသည်ထက်ပင် ပိုကျသင့်နေရာ `ကျုပ်ဝယ်တာ ဒီလောက်မကျပါဘူး´။
အရောင်းစာရေးက `ဟုတ်ပါတယ်။ ဒါပေမဲ့ ရှင့်အမေက သူ့အတွက် ရှင်ပေးမယ်လို့ ပြောခဲ့တယ်လေ´။
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
*** ရွှင်ပြုံးတခဏ- ဘောလုံးဟာသ ***

No comments:
Post a Comment