(ရောမ၊ မတ် ၉-ရက်)
အမေရိကန်သို့ ပျံသန်းမည့် လေယာဉ်တစ်စင်းအား ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ မအောင်မမြင်ဖြစ်ခဲ့ရပြီးနောက် အီတလီအစိုးရက လုံခြုံရေးအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်သည့်အနေဖြင့် လေဆိပ်တွင် လူ့ခန္ဓာကိုယ်ရှာဖွေ စက်ဖြင့် မတ်လ ၄-ရက်နေ့မှ စတင်ကာ ပထမဆုံးအကြိမ် စတင်စမ်းသပ် အသုံးပြုလျက်ရှိကြောင်း သတင်း ထုတ်ပြန်သည်။ အီတလီနိုင်ငံ ရောမမြို့ နိုင်ငံတကာလေဆိပ်၌ ပထမဆုံးရှာဖွေစက်ကို အသုံးပြုခြင်းဖြစ်သည်။ ယင်းကြောင့်ခရီး သည်များ လုံခြုံစိတ်ချမှု ရှိစေမည်ဖြစ်သည်ဟု နိုင်ငံပိုင် အသံလွှင့်ဌာနက သတင်းထုတ် ပြန်သည်။ ရှာဖွေစက်များ စတင်အသုံးပြုရာသို့ ကျန်းမာရေးဝန်ကြီး ဖာဇီယိုလည်း ရောက်ရှိလာပြီး ခန္ဓာကိုယ် ရှာဖွေစက်များ၏ ထုတ်လွှတ် မည့်ရောင်ခြည်များသည် ကျန်းမာရေးအန္တရာယ်မရှိကြောင်း ၄င်းကပြောကြား သည်။ (အင်တာနက်)
*** သြစတြေးလျတောင်ပိုင်း၌ မုန်တိုင်းတိုက်ခတ် ***
(ကင်ဘာရာ၊ မတ်လ ၉-ရက်)
သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ မတ်လ ၈-ရက်က ၃၈-နှစ်အတွင်း အပြင်းထန်ဆုံး မုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက် ၀ိတိုရိယပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်း အင်တာနက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ မုန်တိုင်းဒဏ်ခံစားရသည့် ဒေသများ၌ ရေလျှံသဖြင့် ကောက်ပဲသီးနှံစိုက်ခင်းများ၊ လမ်းများ၊ အဆောက်အအုံများ ပျက်စီးကာ စီးပွားရေးအရ ဒေါ်လာသန်းပေါင်းရာချီ၍ ဆုံးရှုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ ယင်းဖြစ်ပွားမှုကြောင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများလည်း လုပ်ဆောင်လျက်ရှိကြောင်း ဒေသအာဏာပိုင်များက ပြောကြားသည်။ (အင်တာနက်)
*** ဂါဇာနှင့် အီဂျစ်နယ်စပ်၌ ဥမင်ပြိုကျမှုဖြစ်ပွား ***
ပါလက်စတိုင်း ဂါဇာမြို့နှင့် အီဂျစ်နယ်စပ်တို့ တူးဖော်ဖောက်လုပ်ထားသော မြေအောက်ဥမင်တစ်ခု မတ် ၉-ရက်နေ့က ပြိုကျမှုဖြစ်ပွားရာ ပါလက်စတိုင်းတစ်ဦး သေဆုံးပြီး အချို့ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်းအရာရှိများက မတ်လ ၉-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
*** အီကွေဒေါ၌ ရေအားလျှပ်စစ်စက်ရုံ အီရန်တည်ဆောက်မည် ***
အီကွေဒေါနိုင်ငံတွင် ရေအားလျှပ်စစ်စက်ရုံသုံးရုံတည်ဆောက်ရန် အီရန်နှင့် အီကွေဒေါ နှစ်နိုင်ငံတို့ မတ် ၉-ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း၊ ယင်းစက်ရုံသုံးရုံ၌ ဓာတ်အားမဂ္ဂါဝပ် ၁၀၀-ထုတ်လုပ်နိုင်သည့် စက်ရုံတစ်ရုံပါရှိကြောင်း အီရန်အရာရှိများက မတ်လ ၉-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** အီတလီလေဆိပ်၌ ခန္ဓာကိုယ်ရှာဖွေစက်များ စတင်အသုံးပြု ***

No comments:
Post a Comment