အာဆင်နယ်အသင်းသည် ယခုနွေရာသီတွင် အီတလီအသင်းပါလာမိုမှ ဥရုဂွေးတိုက်စစ်မှူး အဘယ်လ်ဟာနန် ဒက်ဇ်အား စာချုပ်ခေါ်ယူဖွယ်ရှိကြောင်း အိုင်အမ်စကောက်တီး၌ ဖော်ပြသည်။ (အင်တာနက်)
*** ကာဒစ်မှ မက်သရူးအား ခေါ်ယူရန် ဗီလာဆက်သွယ် ***
အက်စတွန်ဗီလာအသင်းသည် ကာဒစ်စီးတီးအသင်းမှ အသက် ၁၈-နှစ်အရွယ်ရှိ ခံစစ်မှူး အဒမ်မက်ဘရူးကို ခေါ်ယူစာချုပ်ရန် နောက်ဆုံးဆက်သွယ်ခဲ့သည့်အသင်းဖြစ်ကြောင်း၊ ၄င်းအာ မန်ယူ၊ စပါးနှင့် အာဆင်နယ် တို့က ခေါ်ယူရန်စိတ်ဝင်စားနေကြကြောင်း ဒေးလီးမေးလ်၌ ဖော်ပြသည်။ (အင်တာနက်)

*** ပစ်ကွီယွန်နီအား စာချုပ်ရေး ဘာမင်ဂမ်စိတ်အားထက်သန် ***
ဘာမင်ဂမ်အသင်းသည် ဇန်န၀ါရီအပြောင်းအရွှေ့ကာလက ခေါ်ယူရေးမအောင်မြင်ခဲ့သော ပို့စ်မောက်မှ ပြင်သစ်တိုက်စစ်မှူး ဖရက်ဒရစ်ပစ်ကွီယွန်နီအား စာချုပ်ခေါ်ယူရေး စိတ်အားထက်သန်နေကြောင်း ဒေးလီးမေရာ၌ ဖော်ပြသည်။ (အင်တာနက်)
***ဂျာမီအိုဟာရာအား ဒေါ်ယူရန် ဆန်းဒါးလန်းကြိုးပမ်း ***
ဆန်းဒါးလန်းအသင်းသည် ပို့စ်မောက်တွင် အငှားစာချုပ်ဖြင့် သွားကစားနေသော အသက် ၂၃-နှစ်ရှိ စပါးကွင်းလယ်ကစားသမား ဂျာမီအိုဟာရာအား ယခုနွေရာသီ၌ စာချုပ်ခေါ်ယူနိုင်ရန် ကြိုးပမ်းနေကြောင်း သည်တိုင်းမ်၌ ဖော်ပြသည်။ (အင်တာနက်)
*** ပက်ဗလူချင်ကိုအား ခေါ်ယူရေး လိုကိုမိုးတစ် ကြိုးပမ်းမည် ***
ရုရှားအသင်း လိုကိုမိုးတစ်မော်စကိုသည် ယခုရာသီပိတ်ချိန်တွင် စပါးတိုက်စစ်မှူး ပက်ဗလူချင်ကိုအား စာချုပ်ခေါ်ယူရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ဒေးလီးမေးလ်၌ ဖော်ပြသည်။ (အင်တာနက်)
*** ဒိုနိုဗန်၏ အငှားစာချုပ် အဲဗာတန် သက်တမ်းတိုးလို ***
အဲဗာတန်အသင်းသည် ၄င်းတို့နှင့် အငှားစာချုပ်သက်တမ်းကုန်ဆုံးတော့မည့် လော့စ်အိန်ဂျလိစ်ဂလက်ဆီအသင်းမှ အမေရိကန်တိုက်စစ်မှူး လန်ဒန်ဒိုနိုဗန်အား စာချုပ်သက်တမ်းတိုးလိုကြောင်း သည်တိုင်းမ်၌ ဖော်ပြသည်။ (အင်တာနက်)
*** စတော့ခ်ျအား အေဂျက်စ်နှင့် ပီအက်စ်ဗွီတို့ ပစ်မှတ်ထား***
အသက် ၂၀-ရှိ ချဲလ်ဆီးကွင်းလယ်ကစားသမား မီရိုဆလက်ဗ်စတော့ခ်ျအား စာချုပ်ခေါ်ယူရန် နယ်သာလန်ထိပ်သီးအသင်းများဖြစ်ကြသည့် အေဂျက်စ်နှင့် ပီအက်စ်ဗွီတို့က ပစ်မှတ်ထားနေကြကြောင်း၊ ၄င်းသည် လောလောဆယ် စတိဗ်မက်ကလာရင်၏ အက်ဖ်စီတွမ်တိအသင်းတွင် အငှားစာချုပ်ဖြင့် သွားရောက်ကစားနေပြီး ယခုရာသီ ၃၆-ပွဲကစားရာ၌ ၁၀-ဂိုးသွင်းယူထားကြောင်း အိုင်အမ်စကောက်တီး၌ ဖော်ပြသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-ချစ်စိုးနိုင် ***
*** ပါလာမိုမှ ဟာနန်ဒက်ဇ်အား အာဆင်နယ်ခေါ်ယူဖွယ် ***

No comments:
Post a Comment