ကျောင်းကိုသွားခဲ့ကြတယ်
တကယ်တန်းမှာ ရှစ်လေးလုံးဆီ သွားခဲ့ကြတာဖြစ်တယ်။
**ကျောင်းစောင့်အိုကြီးရယ်၊ မုန့်သည်တွေရယ်
ဆရာတွေရယ်၊ ကျောင်းသားတွေရယ်
တယောက်တလေမှမချန်
လမ်းမတွေပေါ်ရောက်ခဲ့ကြ။
**တပည့်လေးရဲ့ တရားဟောပွဲမှာ
ဆရာက လက်ခုပ်တီးတဲ့အခါ
`စစ်ဝါဒီ မိုးပျံပူပေါင်း´
ဖြောင်းကနဲ နုတ်မွ နွမ်းဖတ်။
**မှုန်ကုပ်ကုပ် မိုးသားရင်ခွင်ထဲ
ပြည်သူတွေနဲ့ စိန်ပန်းနီများ
စိတ်ရောကိုယ်ပါ ပွင့်နေခဲ့ကြတော့တယ်။ ။
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ- ၁၆ မေလ ၂၀၀၃)
**ဒို့တတွေ
ကျောင်းကိုသွားခဲ့ကြတယ်
တကယ်တန်းမှာ ရှစ်လေးလုံးဆီ သွားခဲ့ကြတာဖြစ်တယ်။
**ကျောင်းစောင့်အိုကြီးရယ်၊ မုန့်သည်တွေရယ်
ဆရာတွေရယ်၊ ကျောင်းသားတွေရယ်
တယောက်တလေမှမချန်
လမ်းမတွေပေါ်ရောက်ခဲ့ကြ။
**တပည့်လေးရဲ့ တရားဟောပွဲမှာ
ဆရာက လက်ခုပ်တီးတဲ့အခါ
`စစ်ဝါဒီ မိုးပျံပူပေါင်း´
ဖြောင်းကနဲ နုတ်မွ နွမ်းဖတ်။
**မှုန်ကုပ်ကုပ် မိုးသားရင်ခွင်ထဲ
ပြည်သူတွေနဲ့ စိန်ပန်းနီများ
စိတ်ရောကိုယ်ပါ ပွင့်နေခဲ့ကြတော့တယ်။ ။
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ- ၁၆ မေလ ၂၀၀၃)
No comments:
Post a Comment