အရက်သမားနှစ်ယောက် ယိုင်ထိုးယိုင်ထိုးဖြင့် အိမ်ပြန်လာကြသည်။ လမ်းတွင် `ဒါနဲ့ဟေ့ကောင်… လကအနီရောင်ဖြစ်နေပါလား´
`ဟာ မင်းကလည်း လဆိုတာ အပြာရောင်ကွ´
`အနီရောင်ပါ´
`အပြာရောင်ပါ´…
ယင်းသို့အငြင်းပွားနေသောအရက်သမားနှစ်ဦးမှာ လမ်းတွင် ဘောလုံးလူဆိုးတစ်ဦးဖြစ်သူ အင်္ဂလန်လက်ရွေးစင်ဟောင်း ဂတ်စ်ကွိုင်နီနှင့်တွေ့လေရာ… `ဟေ့လူ… တစ်ဆိတ်လောက်ဗျာ… လကအနီရောင်လား… အပြာရောင်လားပြောစမ်းပါ´
`သြော်… ဒါလေးများဗျာ။ ဒါနဲ့ ဘယ်ဘက်ကလကို ပြောတာလား။ ညာဘက်ကလကို ပြောတာလား´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment