(လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာလ ၄-ရက်)
ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သည့် နီပေါနိုင်ငံမှ ဧ၀ရက်တောင်သို့ တက်ရောက်ခဲ့သော ကမ္ဘာ့အသက်အငယ်ဆုံး ဧ၀ရက်တောင်တက်သမားလေးဖြစ်သည့် အသက် ၁၃ နှစ်အရွယ် ကယ်လီဖိုးနီးယား ပြည်နယ်သား ဂျော်ဒန်ရိုမီရိုသည် နောက်တောင်တစ်လုံး တက်ရန် ပြင်ဆင်လေ့ကျင့်နေလျက်ရှိကြောင်း သိရသည်။(အင်တာနက်)
** ဂျပန်နိုင်ငံ အနောက်ပိုင်း၌ ရဟတ်ယာဉ်ပျက်ကျ **
(တိုကျို၊ အောက်တိုဘာလ ၄-ရက်)
ဂျပန်နိုင်ငံ အနောက်ပိုင်းတွင် ဂျပန်စစ်တပ် ရဟတ်ယာဥင်္ တစ်စင်း အောက်တိုဘာလ ၃ ရက်နေ့က ပျက်ကျခဲ့ကြောင်း ဂျပန်စစ်ဘက် အရာရှိများက ပြောကြားသည်။ ၄င်းရဟတ်ယာဉ်သည် ဂျပန်နိုင်ငံ အနောက်ပိုင်း အိုဆာကာ စီရင်စုယာအိုမြို့အနီးမြေပြင်ပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။ ရဟတ်ယာဥင်္ပေါ်တွင် ဂျပန်တပ်ဖွဲ့ဝင် လေးဦးလိုက်ပါလာပြီး ရဟတ်ယာဥင်္ပျက်ကျမှုကြာင်း ၄င်းတပ်ဖွဲ့ဝင် လေးဦးဒဏ်ရာရရှိခဲ့ကြသည်။ (အင်တာနက်)
** ပြန်ပေးငွေ ဒေါ်လာ ၁၅ သန်းပေးလျှင် မော်လ်တာ ကုန်တင်သင်္ဘောကို ပြန်လွှတ်ပေးမည်ဟု ဆိုမာလီဓားပြများ တောင်းဆို **
(မိုဂါဒစ်ရှူး၊ အောက်တိုဘာလ ၄ ရက်)
အေဒင်ပင်လယ်ကွေ့ရေပြင်၌ ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့က မော်လ်တာနိုင်ငံအလံလွှင့်ထူထားသော ကုန်တင်သင်္ဘောတစ်စင်းကို အပိုင်စီးခဲ့သည့် ဆိုမာလီဓားပြများက ပြန်ပေးငွေ အမေရိကန်ဒေါ်လာ ၁၅ သန်းပေးလျှင် ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း အောက်တိုဘာလ ၃ ရက်နေ့က တောင်းဆိုလိုက်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-အာကာကျော် **
** ကမ္ဘာ့အသက်အငယ်ဆုံး ဧ၀ရက်တောင်တက်သမား **

No comments:
Post a Comment