သင်္ဘောစီး သွားရသလို တငြိမ့်ငြိမ့်
လှိုင်းတလိမ့်လိမ့် တသိမ့်သိမ့်။
**ပန်းတိုင်မရှိဘဲ မျောနေရင်
အမောချည်းသာ တွေ့ရလိမ့်။
**ကျောက်ဆောင်တွေ့ ငါးမန်းတွေ့
အကွေ့တွေရောက် အကောက်တွေကျော်
တမျှော်တခေါ် ခရီး
အဖော်အလှော်တွေနဲ့လဲ မနီး
စီးရသည်က ကြက်သီး တဖိမ့်ဖိမ့်။
**မျောချင်တိုင်းမျော မောချင်တိုင်း မောလှချည့်
တောတောင် သောင်ကမ်း
လမ်း ဘယ်မမြင်
နေ၀င်နေထွက်ကိုမှတ် ကြယ်တွေမှတ်
ဘယ်အရပ်သို့ ညွှန်းမှန်းမသိ
လွမ်းခန်းအတိ မျက်ရည် တစိမ့်စိမ့်။ ။
**တင်မိုး**
(၁၃၊ ဇူလိုင်လ ၁၉၉၉၊ ကြာသတေးနေ့ နံနက်ခင်း)
(တင်မိုး ကဗျာပေါင်းချုပ်မှ ကူးယူဖော်ပြသည်)
**အတွးထဲမှာ လွင့်မျော
သင်္ဘောစီး သွားရသလို တငြိမ့်ငြိမ့်
လှိုင်းတလိမ့်လိမ့် တသိမ့်သိမ့်။
**ပန်းတိုင်မရှိဘဲ မျောနေရင်
အမောချည်းသာ တွေ့ရလိမ့်။
**ကျောက်ဆောင်တွေ့ ငါးမန်းတွေ့
အကွေ့တွေရောက် အကောက်တွေကျော်
တမျှော်တခေါ် ခရီး
အဖော်အလှော်တွေနဲ့လဲ မနီး
စီးရသည်က ကြက်သီး တဖိမ့်ဖိမ့်။
**မျောချင်တိုင်းမျော မောချင်တိုင်း မောလှချည့်
တောတောင် သောင်ကမ်း
လမ်း ဘယ်မမြင်
နေ၀င်နေထွက်ကိုမှတ် ကြယ်တွေမှတ်
ဘယ်အရပ်သို့ ညွှန်းမှန်းမသိ
လွမ်းခန်းအတိ မျက်ရည် တစိမ့်စိမ့်။ ။
**တင်မိုး**
(၁၃၊ ဇူလိုင်လ ၁၉၉၉၊ ကြာသတေးနေ့ နံနက်ခင်း)
(တင်မိုး ကဗျာပေါင်းချုပ်မှ ကူးယူဖော်ပြသည်)
No comments:
Post a Comment