အေစီမီလန် အသင်းသည် အလက်ဇန္ဒားပါတိုအား မန်ချက်စတာစီးတီးသို့ ရောင်းချသွားရန် စဉ်းစားနေကြောင်း သိရသည်။ အသင်းမှ ဘရာဇီးလ် ကွင်းလယ်လူ ရီကာဒိုကာကာ ထွက်ခွာသွားပြီးနောက် အသက်(၂၁)နှစ်ရှိ ပါတိုသည် မီလန်ပရိသတ် အချစ်တော် ဖြစ်လာခဲ့သော်လည်း မီလန်က ၎င်းကို ရောင်းချပြီး အောင်မြင်မှုများ ကင်းကွာနေသည့် လီဗာပူးလ်မှ အသင်းခေါင်းဆောင် စတီဗင်ဂျရတ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ မီလန်သည် ဆွီဒင်တိုက်စစ်မှူး ဇလာတန် အီဗရာမိုဗစ်နှင့် ဘရာဇီးလ်ရှေ့တန်းလူ ရော်ဘင်ဟိုတို့အား ခေါ်ယူထားနိုင်သည့်အတွက် ပါတိုကို ရောင်းချကာ ရရှိသည့် ငွေများဖြင့် ဂျရတ်အပြင် ပါလာမို ကစားသမား ဂျာဗီးယား ပက်စထရိုကို ကမ်းလှမ်းခေါ်ယူသွားရန် စီစဉ်နေခြင်းဖြစ်သည်။
** ရဲဝန်ထမ်းဘဝမှ အဆိုတော်ဖြစ်လာမယ့် မလေးရှားရဲမေ **
လွန်ခဲ့တဲ့ (၄)လက အာရိုရာ ဆယ်လ်ဝါဆိုတာ လူဆိုးအဖွဲ့တွေနဲ့ ဒေါင်းတင်မောင်းတင် သေနတ်ပစ်နေရတဲ့ ရဲမေတစ်ယောက်ပါ။ ဒါပေမယ့် ခုချိန်မှာတော့ သူဟာ မလေးရှားနိုင်ငံရဲ့ အကျော်ကြားဆုံး အနုပညာ ကြယ်ပွင့်ဖြစ်လာဖို့ ခြေလှမ်းကို စလိုက်ပါပြီ။ အာရိုရာဟာ စီးနင်းတိုက်ခိုက်မှုတွေ၊ ဖမ်းဆီးမှုတွေကို နောက်မှာချန်ထားခဲ့ပြီး Sony Music Malaysiaနဲ့ အဆိုတော်တစ်ယောက်အဖြစ် စာချုပ်လိုက်ပြီလို့ သိရပါတယ်။ ရဲဝန်ထမ်းတစ်ယောက်အဖြစ် (၇)နှစ်လုံးလုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ အာရိုရာဟာ သီချင်းဆိုခြင်းကို သူ့ရဲ့အချစ်ဦးလို့ တင်စားထားသူပါ။ ရဲတပ်ဖွဲ့မှာ ဒုတပ်ကြပ်ရာထူး ရှိခဲ့တဲ့ အသက်(၂၅)နှစ်အရွယ် ရဲမေဟောင်းဟာ တာဝန်ချိန် ပြင်ပမှာလည်း သီချင်းဆိုဖို့ကို အမြဲ ၀ါသနာထုံနေခဲ့တယ်လို့ သိရပါတယ်။
** 7 Day သတင်းဂျာနယ်မှ ကူးယူဖော်ပြသည် **
** အလက်ဇန္ဒားပါတိုအား မန်စီးတီးသို့ ရောင်းချရန် အေစီမီလန်စဉ်းစားနေ **

No comments:
Post a Comment