လန်ဒန်မာရသွန်အပြေးပြိုင်ပွဲကို မန်ယူအသင်းမှ တိုက်စစ်မှူး ရူနီတို့မိသားစု လာရောက်အားပေးနေသည်။ စကားပြောတတ်စ ရူနီ၏သားငယ်ဖြစ်သူက ရူနီကိုမေးသည်။
`ဒယ်ဒီ… ဘာလို့ လူတွေ အဲဒီလောက်အများကြီး အလုအယက်ပြေးနေကြတာလဲ´
`ဒါအပြေးပြိုင်ပွဲလေ သားရဲ့… နိုင်တဲ့သူက ဟောဟိုကဆုဖလားကိုရမှာပေါ့´
`ဟင်… နိုင်တဲ့လူတစ်ယောက်ပဲ ဒီဆုဖလားကိုရမှာကို ။ဘာလို့များ အပင်ပန်းခံပြီး တခြားသူတွေက ပြေးနေကြရတာလဲမသိဘူးနော်´
မှတ်ချက်။ ။ နိုင်ငံတကာဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
** ရွှင်ပြုံးတခဏ- ဘောလုံးဟာသ **

No comments:
Post a Comment