ဘောင်ခတ် တံတိုင်းခတ်
လွတ်လပ်မှုကို သတ်ပစ်တဲ့နေရာ
ရွံရှာ စက်ဆုပ်ဖွယ်ရာ
လူ့ဘုံလယ်က ငရဲခန်းတခုပါ… တဲ့။
**အကျဉ်းထောင် ဆိုတာ
အောင်စိတ်ဓာတ်နဲ့
လွတ်လုပ်မှုအတွက် တိုက်ပွဲဝင်
ကြိုးစင်တက်ရပေစေ ဒူးမထောက်
သွေးပေါက်ပေါက်ကျလဲ ဦးမညွတ်
အထွတ်အမြတ် အာဇာနည်တို့ စံရာ
လေ့ကျင့်ရာ ပျိုးထောင်ရာ
မဟာတက္ကသိုလ်ကြီးပါ… တဲ့။
**အာဇာနည်အပေါင်း
ထောင်သောင်းမက မွေးဖွားရာ
ဝမ်းကြာတိုက်ပါ… တဲ့။ ။
**တင်မိုး**
(၁၃၊ ဇူလိုင်လ၊ ၁၉၉၉၊ အင်္ဂါနေ့ နံနက်ခင်း)
(တင်မိုး- ကဗျာပေါင်းချုပ် (၁၉၉၉)မှ ကူးယူဖော်ပြသည်။)
**အကျဉ်းထောင် ဆိုတာ
ဘောင်ခတ် တံတိုင်းခတ်
လွတ်လပ်မှုကို သတ်ပစ်တဲ့နေရာ
ရွံရှာ စက်ဆုပ်ဖွယ်ရာ
လူ့ဘုံလယ်က ငရဲခန်းတခုပါ… တဲ့။
**အကျဉ်းထောင် ဆိုတာ
အောင်စိတ်ဓာတ်နဲ့
လွတ်လုပ်မှုအတွက် တိုက်ပွဲဝင်
ကြိုးစင်တက်ရပေစေ ဒူးမထောက်
သွေးပေါက်ပေါက်ကျလဲ ဦးမညွတ်
အထွတ်အမြတ် အာဇာနည်တို့ စံရာ
လေ့ကျင့်ရာ ပျိုးထောင်ရာ
မဟာတက္ကသိုလ်ကြီးပါ… တဲ့။
**အာဇာနည်အပေါင်း
ထောင်သောင်းမက မွေးဖွားရာ
ဝမ်းကြာတိုက်ပါ… တဲ့။ ။
**တင်မိုး**
(၁၃၊ ဇူလိုင်လ၊ ၁၉၉၉၊ အင်္ဂါနေ့ နံနက်ခင်း)
(တင်မိုး- ကဗျာပေါင်းချုပ် (၁၉၉၉)မှ ကူးယူဖော်ပြသည်။)
No comments:
Post a Comment