တရားခွင်တွင်ဖြစ်သည်။ တရားသူကြီးက တရားခံကိုမေးသည်။
`မင်းက ဒီလူရှူးဖိနပ်ကြိုးချည်နေတုန်းမှာ ဘာအကြောင်းကြောင့် သူ့ကို နောက်ကပိတ်ကန်တာလဲ´
တရားခံက အဖြေမပေးဘဲ တိတ်ဆိတ်နေသည်။
`ဟေ့… မေးနေတာမကြားဘူးလား။ သူ့ကို ဘာကြောင့်နောက်က ကန်ရတာလဲ။ မင်းဟာ လမ်းပေါ်လျှောက်သွားနေပြီးလူတွေရှူးဖိနပ်ကြိုးတွေ ကုန်းချည်နေတာတွေ့ရင် နောက်ကကန်လေ့ရှိတယ်လို့
ရဲအရာရှိကပြောတယ်မဟုတ်လား။ မင်းနာမည်ဘယ်လိုခေါ်လဲ´
ထိုအခါ တရားခံက `တရားသူကြီးခင်ဗျာ… လူတစ်ယောက်မှာ ၀ါသနာကိုယ်စီရှိတယ်မဟုတ်လားခင်ဗျာ။ ကျနော့်နာမည်က ပီပီပါ။ ရီးရဲလ်မက်ဒရစ် အသင်းနောက်ခံလူပါ။´
မှတ်ချက်။ ။ နိုင်ငံတကာဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
** ရွှင်ပြုံးတခဏ- ဘောလုံးဟာသ **

No comments:
Post a Comment