ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, October 8, 2010

ဘာသာရေးခေါင်းဆောင်တို့နှင့် စစ်အာဏာရှင်ရွေးကောက်ပွဲ

>
သီတဂူဆရာတော်ကြီးက အင်းစိန်ထောင်ကြီးကို Recreation Centre ကြီးပါဆိုပြီး အင်တာဗျူး တစ်ခုမှာ ပြောလိုက်တာကို ကြားလိုက်ရတော့ ဦးဇင်းတို့ အင်မတန်တအံ့တသြဖြစ်ရပါသည်။ သီတဂူဆရာတော်ကြီးဟာ မသိနားမလည်သော ပြည်သူတွေရဲ့ မျက်စိနဲ့နားတွေကို ထိုးဖောက် ဖျက်ဆီးပြီတကား၊ ပြည်သူတွေကို အမှောင် တိုက်သွင်းပြီတကားဟု များစွာစိတ်မကောင်းဖြစ်မိပါသည်။
စစ်အစိုးရလက်ထက်မှာ ထောင်ဆိုတာ လူတွေရဲ့ ဘ၀တွေကို အညွန့်တုံးအောင်ဖျက်ဆီးတဲ့နေရာဆိုတာ ဦးဝင်း တင်ရေးတဲ့ ဘာလဲဟဲ့လူ့ငရဲ ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးသူတိုင်း သိကြပေမည်။ ထိုမှတပါး ပြည်ပရောက် ထောင် ကျဘူးသော ဆရာတော်တွေ ရေးနေတဲ့ စာတွေကိုကြည့်လျှင်၎င်း၊ ရဲဘက်စခန်းမှာ ထွက်ပြေးလွတ်မြောက် သွားသော သံဃာတပါး၏ အင်တာဗျူးကို နားထောင်ခြင်းအားဖြင့်၎င်း စစ်အာဏာရှင်၏ စနစ်တကျ လူညွန့် တုံးအောင်လုပ်တဲ့ လုပ်ရပ်တွေကို အများပြည်သူတို့ ကြားကြ၊ သိကြပြီးဖြစ်ပါလိမ့်မည်။

တချိန်က သီတဂူဆရာတော်…
သီတဂူဆရာတော်ကြီးဟာ ၁၉၈၈ အရေးတော်ပုံကြီးမှာ စစ်ကိုင်းမြို့က ကျဆုံးသွားတဲ့ ကျောင်းသားရဲဘော်တွေရဲ့ သားသမီးတွေအတွက် ပညာရေးရန်ပုံငွေ တရားပွဲတွေ ဟောကြားပေးခဲ့တာတွေကြည့်ရင် အဟောအပြောနဲ့တင်မဟုတ်ပဲ လက်တွေ့ပါဝင်လုပ်ဆောင်ခဲ့တဲ့ ဆရာတော်ကြီးဖြစ်ပါသည်။ ရာဇောဝါဒသုတ္တန် တရားတော်ဟာ သီတဂူဆရာတော်ရဲ့ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့၊ ပြည်သူတွေကြိုက်နှစ်သက်ခဲ့တဲ့ကြတယ်ဆိုတာ ပြည်သူအားလုံး အသိပင်ဖြစ်သည်။
မန္တလေးမှာ မစိုးရိမ်တိုက်သစ်က ဦးဝိစိတ္တာဘိဝံသ(ဦးဝီရသူ)ရဲ့ ဟောပြောချက်တွေကြောင့် ကုလားမြန်မာ အဓိကရုဏ်းဖြစ်တော့ သီတဂူဆရာတော်ကြီးက မေတ္တာစွမ်းရည်တရားတော်ဖြင့် ရဟန်းရှင်လူ ပြည်သူတွေရဲ့ ဒေါသကို ငြိမ်းအေးစေခဲ့လို့ ဦးဇင်းတို့ သတင်းသုံးဖော်တွေ အချင်းချင်း ဆရာတော်ကြီးဂုဏ်တွေ ပြောကြ၊ ချီးမွမ်းကြဖြင့် ကြည်နူးခဲ့ကြရပါသည်။ ဆရာတော်သည်ကား ပြည်သူ၏ နှလုံးကို သိပေစွတကား။ ငြိမ်းအေးမှုကို ပြုတတ်ပေစွတကား။ ၁၉၈၈ နောက်ပိုင်း ပြည့်အရေးကို လက်ရှောင်သွားပြီဟု မိမိတို့သတင်းသုံးဖော်တွေ ထင်မိတာတွေ၊ တွေးမိတာတွေ မှားပြီဟူ၍ စိတ်မကောင်းဖြစ်မိခဲ့ကြသည်။ ဆွမ်းခံအိမ်မှ ဒါယိကာတွေက ဆရာတော်ကြီးကို အားမရဟု ပြောတော့တောင်မှ မဟုတ်ပါဘူးဟူ၍ အထက်ပါခံစားချက်ကို သေသေချာချာသုံးသပ်ကာ နားချခဲ့ရသေးသည်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ သီတဂူဆရာတော်ကြီးဟာ ၁၉၈၈ တုန်းကလို လက်တွေလုပ်ဆောင်ချက်တွေ မလုပ်ဆောင်တော့ပါ။ ဧကရာဇ်မင်းကြီး၏ဘ၀နိဂုံးနှင့် လူမိုက်တို့သွားရာလမ်း တရားတော်ကိုပဲဟောခဲ့ပါသည်။ သို့သော် ရွှေဝါရောင်တော်လှန်ရေးအတွင်းက ဆရာတော်ကြီး၏ ကျောင်းသို့ စစ်တပ်က၀ိုင်းလိုက်ခံရသဖြင့် ခေတ္တတည်းခိုရန် လာရောက်လျှောက်ထားကြသော သံဃာ ၂ပါးအား တည်းခိုခွင့်ကိုအလိမ္မာဖြင့် ငြင်းလိုက်သည်ဟုကြားသိရပါသည်။ ဆရာတော်ကြီးကား ၁၉၈၈ ထက် အများကြီး ရင့်ကျက်သွားပြီတကားဟုသာ တွေးလိုက်မိတော့သည်။
သီတဂူဆရာတော်နဲ့ ၂၀၁၀
တနည်းပြောရရင်တော့ သူ့ပရိတ်သတ်သူသိနေပြီ။ အခြေနေတွေကို ကောင်းစွာသိနေပြီဟု ပြောရမည်ဖြစ်သည်။ ပြည်သူတရပ်လုံး၏ စိတ်ခံစားချက်ကိုသော်မှ သိသေးသည် မိမိပရိတ်သတ်ကို မသိပဲရှိနိုင်ပါအံနည်း။ မြန်မာစစ်အာဏာရှင်ဗိုလ်သန်းရွှေအတွက် ၂၀၁၀ ရွေးကောက်ပွဲဟာ အပေါအကြောင်တွေနဲ့ စော့ကစားတဲ့ကစားပွဲတစ်ခုမျှသာဖြစ်ပေလိမ့်မည်။ ငပေါတွေဆိုတာက ကိုယ့်ဂိုးကို ပြန်သွင်းမိလည်း ပျော်နေမည်သာဖြစ်သည်။ ဒါကိုကောင်းကောင်းသိသော ဗိုလ်ချုပ်မှူးကြီးက နယ်စပ်လက်နှက်ကိုင်အဖွဲ့များနှင့် တင်းမာနေသည့်ကြားက တရုပ်ပေါက်ဖော်ကြီးဆီ ခရီးထွက်လိုက်သေးသည်။ ယခုလာအိုကနေပြန်ခဲ့ပြန်ပြီ။ အိန္ဒိယမှာလည်း အကြမ်းမဖက် ငြိမ်းချမ်းရေးဖခင် ဂန္ဒီကြီး၏ အုတ်ဂူကိုတောင် ဖနောင့်နှင့်သွားပေါက်လိုက်သေးသည်။ ဗိုလ်ချုပ်မှူးကြီးက ရွေးကောက်ပွဲနဲ့ပတ်သက်၍ ပြည်တွင်းကိုတော့ အိပ်ထဲကဖားလောက် သဘောထားပေမယ့် ပြည်ပနိုင်ငံတွေကိုတော့ အထူးဂရုထားသည်မှာ ထင်ရှားလှပေသည်။ ဗိုလ်ချုပ်ကြီး အိန္ဒိယကအပြန် များမကြာမှီ ၀ါတွင်းကာလကြီးမှာ သီတဂူဆရာတော်ကြီးလည်း အင်းစိန်ထောင်တွင်း လုပ်ဇာတ်ထုပ်ကြီးနဲ့ ကြွချီပေတော့သည်။ မစ်ရှင်လွတ်လိုက်ခြင်းဖြစ်သည်။ သာသနာပြု မစ်ရှင်လို့တော့ မထင်။ ရွေးကောက်ပွဲရလဒ် အတည်ပြုဖို့အတွက် အခင်းအကျင်း လုပ်ပေးရတဲ့ ရွေးကောက်ပွဲမစ်ရှင်ပဲဖြစ်မည်။
သီတဂူနှင့် ဦးဂိုအင်ကာ
ဦးဇင်းတို့ ကြားဖူးသည်မှာ ၈၈ ကျောင်းသားတွေ အိန္ဒိယဘက်ကိုပြေးကြတော့ မြန်မာပြည်မှ ဟိန္ဒီအသိုင်းဝိုင်းက အိန္ဒိယက သြဇာကြီးသော ပါတီကြီးတစ်ခုကို စာလှမ်းရေးလိုက်သည်။ မြန်မာအစိုးရနှင့် သူတို့ရင်းနှီးနေပြီဖြစ်သဖြင့် ၈၈ကျောင်းသားတွေကို အကူညီမပေးရန် ရေးထားသည်ဟူသတတ်။ ထိုပါတီကြီးသည် ဆရာကြီးဂိုအင်ကာနှင့်ရင်းနှီးသည် ဟူသတတ်။ ဦးဂိုအင်ကာကြီးသည်လည်း မြန်မာဒုက္ခသည်တို့ကို ယခုချိန်ထိ မည်သည့်အကူညီမှမပေး ဟူသတတ်။ မည်သို့ပင်ဆိုစေကာမူ သီတဂူဆရာတော်ကြီး၏ အင်းစိန်မှတ်တန်းဗီစီဒီခွေသည် ဦးဂိုအင်ကာကြီး အိန္ဒိယထောင်ထဲမှာ အလှူတန်းလုပ် မှတ်တမ်းခွေထက် အဆများစွာသာနေသည်ဟု သိရပေသည်။ အံသြဖွယ်စွတကား။
ရွေးကောက်ပွဲနဲ့ ဘာသာရေး
ရွေးကောက်ပွဲဆိုတာ အပေါ်ယံ အဆောက်ဦးသာဖြစ်သည်။ ထိုအဆောက်ဦး၏ အနှစ်ကား ပြည်သူဆန္ဒသာဖြစ်သည်။ ဒီနေ့ရွေးကောက်ပွဲဝင်ပြိုင်ကြကုန်သော ထိုထိုပါတီတို့သည် အဆောက်ဦးပိုင်းကိုသာ ပြောကြဆိုကြသည်ကို ကြားနေရသည်။ အဘယ်ကြောင့်ဆိုသော် အနှစ်ကား ပြည်သူ့ဆန္ဒမဟုတ်၊ စစ်အာဏာရှင် ဆန္ဒသာဖြစ်သည်။ ထိုကြောင့် ထိုထိုပါတီတို့သည် ပြည့်အတွက် ဘာမှ ပြောစရာမရှိကြပေ။ ယုန်တောင်ပြေး ခွေးမြောက်လိုက်သကဲ့သို့ ဖြစ်နေပေတော့သည်။
ထိုကဲ့သို့သော ရွေးကောက်ပွဲရလဒ်ကို အကူညီပေးနိုင်ရန်အတွက် အင်းစိန်ထောင်မှ အလှူအတန်းပွဲကြီးကား ၀ါးတွင်းကာလ၌ပင် ဈာန်ယာဉ်စီးကာ အိန္ဒိယသို့ကြွလေပြီ။ မြန်မာပြည်တွင်း၌လည်း အနယ်နယ် အရပ်ရပ်ဖြန့်ကြပေတော့မည်။ လူညွန့်သတ်ရာ အင်းစိန်ထောင်ကြီးကို Recreation Centre ကြီးဟု ဖောက်လွဲဖောက်ပြန် သက်သေထူတော့မည်။ စစ်အာဏာရှင်တို့အတွက် ဘာသာတရားကား ကိုးကွယ်ရာမဟုတ်၊ ခုတုံးလုပ်ဖို့တည်း။ မည်သည့်ဘာသာမဆို သူတို ခုတုံးလုပ်ကြမည်။
ကျုပ်တို့ မန္တလေးမြို့တော်ဝန် ဖုန်းဇော်ဟန်ကြီးကလည်း မွတ်စလင်တွေကို ဗလီဆောက်ပေးမည်ဟု စည်းရုံးလျှက်ရှိပေတော့သည်။ ဘာသာရေးပွဲစားနှင့် အာဏာရှင်တို့ ပလူးကြပေတော့မည်။ပြည်သူတို့ကား ရူးရပေအုန်းတော့မည်။ မကြာမှီမှာလည်း မန္တလေး အိုးဘိုထောင်အတွင်း သီတဂူဆရာတ်ာက တရားပွဲတွေနဲ့ အလှူအတန်းတွေလုပ်ဦးမည်ဟု သိရသည်။ အကယ်၍ ဆရာတော်သာ အကျဉ်းသားတွေလွှတ်ဖို့ အလှူခံပေးနိုင်မည်ဆိုလျှင် အပြစ်တစုံတရာမရှိပဲ ချုပ်နှောင်ထားသော ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ဖို့ အလှူခံပေးနိုင်လျှင်တော့

အရှင်ရာဟုလာ (မစိုးရိမ်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)