`ငါက အရက်ကို ကွမ်းနဲ့ဖြတ်ခဲ့တယ်´
`အေး… ကောင်းတာပဲ´
`ကွမ်းကိုတော့ ဆေးလိပ်နဲ့ ဖြတ်တယ်´
`ဒါလည်း ကောင်းတာပဲ´
`ဆေးလိပ်ကိုတော့ ရည်စားက ဖြတ်ခိုင်းလို့ လုံးဝ မသောက်တော့ဘူး´
`မင်းကို အားကျလိုက်တာ သူငယ်ချင်းရာ´
`နေပါဦး အားကျမနေပါနဲ့၊ ငါ့စကားက မဆုံးသေးဘူး။ ရည်စားကို ဘာနဲ့ဖြတ်ရရင် ကောင်းမလဲလို့ စဉ်းစား နေတာ၊ မင်းရဲ့အကြံဥာဏ်လေး ပေးစမ်းပါဦး´ဟု ပြောလိုက်သဖြင့် သူ့မိတ်ဆွေက ပြန်ပြောလိုက်သည်မှာကား…
`ရည်စားကို မေ့ချင် ဖြတ်ချင်ရင်တော့ အရက်သောက်ပြီးဖြတ်တာ အကောင်းဆုံးလို့ ငါတော့ ထင်တာပါပဲ´ဟူ၏။** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများမှကူးယူဖော်ပြသည်။)
သူငယ်ချင်းမိတ်ဆွေနှစ်ဦး စကားပြောနေကြသည်မှာ…

No comments:
Post a Comment