ပင့်သက်တွေ အကြိမ်းကြိမ်ချ
အသက်ရှူ မ၀တဲ့ လူထုတွေ
အာဏာရှင် စနစ်ရယ်လို့
တွယ်နေတဲ့ အမြစ်တွေ လိမ်ယှက်
အတက်တွေ အလက်တွေ လွှမ်းမိုး
ခါးကျိုးရုံသာ တတ်နိုင်ပြီး
ဓားမကိုင် တုတ်မဆွဲဝံ့ပြန်တော့
အညွှန့် ကျိုးနေရှာသလေ။
တစ်နေ့ နေ့…
အဲ… တရွေ့ရွေ့နဲ့ပေါ့
မမေ့နိုင် မျှော်လင့်တကြီးရယ်နဲ့
နီးလုလု လက်ချိုးရေ
မိုးမြေမကပါတဲ့ လူထုကြီး။
ယောင်္ကျားဟေ့… ဘသားဟေ့
ကြောက်သလားဟေ့… မြောက်သလားဟေ့
မဖောက်မပြား တက်ကုန်ထုတ်
လက်အစုံ လှုပ်ရင်တော့
မုခ်ဝသို့နီး… ဒုက္ခတို့ပြီး။ ။
**တင်မိုး**
(၁၃၊ ဇူလိုင်လ ၁၉၉၉၊ အင်္ဂါနေ့ နံနက်ခင်း)
(တင်မိုး ကဗျာပေါင်းချုပ် (၁၉၉၉)မှ ကူးယူဖော်ပြသည်။)
လွတ်မြောက်မှုကို အိပ်မက် မက်
ပင့်သက်တွေ အကြိမ်းကြိမ်ချ
အသက်ရှူ မ၀တဲ့ လူထုတွေ
အာဏာရှင် စနစ်ရယ်လို့
တွယ်နေတဲ့ အမြစ်တွေ လိမ်ယှက်
အတက်တွေ အလက်တွေ လွှမ်းမိုး
ခါးကျိုးရုံသာ တတ်နိုင်ပြီး
ဓားမကိုင် တုတ်မဆွဲဝံ့ပြန်တော့
အညွှန့် ကျိုးနေရှာသလေ။
တစ်နေ့ နေ့…
အဲ… တရွေ့ရွေ့နဲ့ပေါ့
မမေ့နိုင် မျှော်လင့်တကြီးရယ်နဲ့
နီးလုလု လက်ချိုးရေ
မိုးမြေမကပါတဲ့ လူထုကြီး။
ယောင်္ကျားဟေ့… ဘသားဟေ့
ကြောက်သလားဟေ့… မြောက်သလားဟေ့
မဖောက်မပြား တက်ကုန်ထုတ်
လက်အစုံ လှုပ်ရင်တော့
မုခ်ဝသို့နီး… ဒုက္ခတို့ပြီး။ ။
**တင်မိုး**
(၁၃၊ ဇူလိုင်လ ၁၉၉၉၊ အင်္ဂါနေ့ နံနက်ခင်း)
(တင်မိုး ကဗျာပေါင်းချုပ် (၁၉၉၉)မှ ကူးယူဖော်ပြသည်။)
No comments:
Post a Comment