ထိုင်းနိုင်ငံခွန်ကယ်မြို့ ကဒေချားဖန်းနစ် ပိုက်ကွန်စက်ရုံကမြန်မာ အလုပ်သမားတွေကို အမည်မသိ သေနတ် သမားတွေက လာေ၇ာက်ပစ်ခတ်ခြင်း
သူတိုရဲ့ ပတ်စပို့ အလုပ်လုပ်ခွင့် လက်မှတ် နေထိုင်ခွင့်လက်မှတ် လုပ်အားခတွေရဖို့ အတွက် ဆန္ဒပြတောင်း ဆိုနေတဲ့မြန်မာအလုပ်သမားတွေကို စက်ရုံပိုင်ရှင်က ၆ရက်နေ့ နဲ့ ၇ရက်နေ့ တွေ့ က ကြေငြာချက်တွေထုတ်ပြီး စက်ရုံက နေ ထွက်ခွာဖို့နှင်ထုတ်နေပေမဲ့ သူတိုရဲ့ ရပိုင်ခွင့်များ မရတဲ့အတွက် ပတ်စပိုကိုင်ထားတဲ မြန်မာ အ လုပ်သမား ၅၆၉ ယောက်ဟာ စက်ရုံမှာ စာေ၇းသောက်ရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။(၉-၁၀-၁၀) မနက်ပိုင်းမှာတော့ သေနတ်သမားဟု မိမိကိုယ်ကို မိတ်ဆက်လာသူများက အလုပ်သမားခေါင်းဆောင်များရဲ့ ဖုန်းများကိုဆက်သွယ်လာပြိး သူတိုတွေဟာအလုပ်သမားတွေရဲ့ အနီးမှာရှိကြောင်းပြောဆိုခဲ့တယ်လို့ဆိုပါသည်။
၉-၁၀-၁၀ ည ၁၁နာရီကျော်အချိန်လောက်မှာတော့ အလုပ်သမားတွေ စုဝေးရာတန်းလျှားကို ဆိုင်ကယ် နဲ့ 
သေနတ်သမား ၂ဦး လာရောက်ပစ်ခတ်ခဲ့ပြီး အလုပ်သမားတွေ ၀ိုင်းဝန်း လိုက်ဖမ်းတဲအခါမှာ ဆိုင်ကယ် တစီိးသာဖမ်းမိခဲ့ပြီး သေနတ်သမားတွေကိုတော့ ဖမ်းမမိဘူးလို့ဆိုပါတယ် ။ဖမ်းမိတဲ့ ဆိုင်ကယ် နံပါတ် ကတော့ ခေါ်ခိုင် ငေါငူ ထော်ထဟန် ခွန်ကယ်မြိုနယ် နံပါတ် နဲ့ ၂၅၉ ဖြစ်သည်။ဒီိနောက် ၁၂နာရီအချိန်လောက်မှာတော့ စက်ရုံကအလုပ်သမားတန်းလျှားတွေနောက်ဖက်တောအစပ်ကနေ သေနတ်သံများ ၈ချက်ထက်မနည်းပေါ်ထွက်လာတာကြောင့် မြန်မာအလုပ်သမာတွေအနေနဲ့ သူတို့ရဲအသက်အန္တရယ်အတွက် စိုးရိမ်ရတဲ့ အခြေအနေ တွေဖြစ်ပေါ်နေရပါသည်။ သေနတ်များပစ်ခတ်မူ အလုပ်သမားများ ရုံးရင်းဆန်ခတ်ဖြစ်နေပေမဲ့ စက်ရုံအာဏာပိုင်များ လုံးဝလာရောက်ခြင်းမရှိပါ။အလုပ်သမာများကနယ်မြေခံအာဏာပိုင်များကိုဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ် လို့မ ရ ခဲ့ပါ။အစိုးရမဟုတ်တဲ့ အလုပ်သမားအေ၇းလုပ်နေသူတွေရဲ ဆက်သွယ်ပေးမူကြောင့် (၁၀-၁၀-၁၀ )မနက် ၁နာရီ အချိန်လောက်မှာတော့ စက်ရုံက ဒလ၀မ် ၃ဦးနဲ့အတူရဲ ၃ဦးပါတဲ့ ရဲကားတစိးေ၇ာက်ရှိလာပြိး ဆိုင်ကယ် ကိုကြည်ရူစစ်ဆေးပြီး ဆိုင်ကယ်ကိုဓါတ်ပုံ၇ိုက်ခြင်း မရှိပဲ ဆိုက်ကယ်ကို စစ်ဆေးဖို့အတွက် ရဲစခန်းကို ယူသွား မည်ဟုဆိုသည်။ ရဲ များနဲ့ဒလ၀မ်များမှာ ထိပ်လန့်နေတဲ့အလုပ်သမားတွေကို ရယ်မောပြိး သေနတ်နဲ့ပစ်ခတ်မူကို လေးလေးနက်နက်မေးမြန်းခြင်း မလုပ်ပဲ သေနတ်နဲ့ပစ်တာသေချာလို့လား ဆိုပြိး မေးမြန်းတာမျိုး တွေလုပ်ပြီိး ၁၅မိနစ်ခန်သာ နေပြိး ချက်ချင်းပြန်ထွက်သွာသည်ဟု အလုပ်သမာများကပြောပါသည်။ ရဲများမှာ စက်ရုံကို လာ နေကြတဲ့သူများဖြစ်ကြောင်းစက်၇ုံပိုင်၇ှုင်နဲ့ ပတ်သက်သည်ရဲများဖြစ်သည်ဟုဆိုကာ အလုပ်သမာများက ဆိုက် ကယ်ကို ယူခွင့်မပေးသေးပဲ လူအခွင်ေ၇းအဖွဲတွေ အလုပ်သမား ရေးလုပ်နေတဲ့အဖွဲတွေလာရောက်မှသာ အပ်နှံမည်ဟုပြောကြသည်။ရဲ ကားမှာ ရေးထားသောဖုန်းနံပါတ်ကတော့ ၀၄၃ -၃၉၃ ၂၁၀ ဖြစ်သည်ဟုအလုပ်သမား များကပြောသည်။
ဒီကိစ္စ အသေးစိတ်မေးမြန်းလိုပါက စက်ရုံကအလုပ်သမားခေါင်းဆောင်များကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ကိုအောင်တင့် ၀၈၇ ၆၄၂ ၁၀၄၃
ကိုမြင့်မောင် ၀၈၂ ၇၀၆၆ ၀၀၂
နန်းအေးမွန် ၀၈၈ ၀၆၄ ၀၀၃၁ တိုဖြစ်သည်။

ပေးပို့ သူ ... (... ayemar)

No comments:
Post a Comment