ရက်ဘတ်အောင့်သည့် ဝေဒနာကြောင့် အနားယူနေသော ဇနက်တီမှာ နေ့တိုင်းဆရာဝန်ထံသွားရောက်ပြသနေရသည်။ တစ်ပတ်ခန့်ကြာသောနေ့တွင် ဆေးခန်းသို့ရောက်လာသော ဇနက်တီကို ဆရာဝန်ကမေးသည်။
`ဘယ်လိုလဲ… သက်သာရဲ့လား… ကျနော်ပေးတဲ့ဆေးတွေရောမှန်မှန်သောက်ရဲ့လား… ဆေးလိပ်တို့၊ အရက်
တို့သောက်လို့မရဘူးနော်´
`ဟုတ်ကဲ့ပါဆရာ…´ `ဒါနဲ့ချောင်းဆိုကြည့်စမ်းပါဦး´
ဇနက်တီချောင်းဟန့်ပြသောအခါ… `အင်း… ခင်ဗျားရဲ့ ဒီနေ့ချောင်းဆိုးတဲ့အသံကို ကျနော်ကြိုက်တယ်´ `မကြိုက်ခံနိုင်ရိုးလား ဆရာရယ်… ကျနော်ဆရာကြိုက်အောင် တစ်ညလုံးကျင့်ထားတာကလား´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
** ရွှင်ပြုံးတခဏ- ဘောလုံးဟာသ **

No comments:
Post a Comment