အကောင်းမြင်နေရုံနဲ့ မပြီးပါ- တဲ့။
အရှုပ်အထွေး
အပုပ်အဆွေး တွေလဲ
ရှိသေးတယ်ဆိုတာ အသိအမှတ် ပြုရမှာပေါ့- တဲ့။
မှန်တာပေါ့ အဆွေ
လောဘမြေ ဒေါသမြေမှာ စိုက်တဲ့အပင်
ဘယ်သန့်စင် နိုင်ပါ့မလဲ။
ဒါပေမယ့် - လူဆိုတဲ့ အံ့စရာသတ္တ၀ါမှာ
ဥာဏ်ဆိုတာ ပါလာတယ်လေ။
သူက ကောင်းဆိုးနှစ်တန်
အမှားနဲ့ အမှန်
ဝေဖန်ပိုင်းခြား နိုင်တယ်လေ။
ဒီတော့ သူ့အမှား သူပြင်
သူ့ကိုယ်သူ သန့်စင်မှာမို့
အကောင်းမြင် မြင်မိခြင်းပါ။
လူကို အထင်သေးလို့ မရပါချေ။ ။
တင်မိုး
(၂၀ ဇူလိုင်လ ၁၉၉၉၊ အင်္ဂါနေ့ ညနေခင်း၊ တင်မိုး ကဗျာပေါင်းချုပ်မှ)
လူ့ဘ၀ဟာ ပေါင်းပင်လိုပဲ
အကောင်းမြင်နေရုံနဲ့ မပြီးပါ- တဲ့။
အရှုပ်အထွေး
အပုပ်အဆွေး တွေလဲ
ရှိသေးတယ်ဆိုတာ အသိအမှတ် ပြုရမှာပေါ့- တဲ့။
မှန်တာပေါ့ အဆွေ
လောဘမြေ ဒေါသမြေမှာ စိုက်တဲ့အပင်
ဘယ်သန့်စင် နိုင်ပါ့မလဲ။
ဒါပေမယ့် - လူဆိုတဲ့ အံ့စရာသတ္တ၀ါမှာ
ဥာဏ်ဆိုတာ ပါလာတယ်လေ။
သူက ကောင်းဆိုးနှစ်တန်
အမှားနဲ့ အမှန်
ဝေဖန်ပိုင်းခြား နိုင်တယ်လေ။
ဒီတော့ သူ့အမှား သူပြင်
သူ့ကိုယ်သူ သန့်စင်မှာမို့
အကောင်းမြင် မြင်မိခြင်းပါ။
လူကို အထင်သေးလို့ မရပါချေ။ ။
တင်မိုး
(၂၀ ဇူလိုင်လ ၁၉၉၉၊ အင်္ဂါနေ့ ညနေခင်း၊ တင်မိုး ကဗျာပေါင်းချုပ်မှ)
No comments:
Post a Comment