သက်ပြည့်မက ပေါမှပေါ။
အရှက်ကို သွင်းကုန်အဖြစ် ပို့ဖို့
တချို့ လူတွေက ပြော
ရယ်သံမောသံ တသောသော။
မျက်နှာမှာ အရှက်မပါလို့
လက်ကာလို့လဲ မလုံ
သည်လိုပုံနဲ့ မျက်နှာပြောင်တိုက်နေရ
ပြတ်လိုက်တဲ့ ရှက်ကြော။
ဘယ်သူခွဲခွဲ ဒို့မကွဲ… တဲ့
ရဲရဲကြီး ပြောမှပြော။
သမဏေနဲ သမဏော
ဂေါဏေန ဂေါဏော။ ။
တင်မိုး
(၂၀ ဇူလိုင်လ ၁၉၉၉၊ အင်္ဂါနေ့ နံနက်ခင်း၊ တင်မိုး ကဗျာပေါင်းချုပ်မှ)
အရှက်မရှိ သရက်စေ့တွေကလဲ
သက်ပြည့်မက ပေါမှပေါ။
အရှက်ကို သွင်းကုန်အဖြစ် ပို့ဖို့
တချို့ လူတွေက ပြော
ရယ်သံမောသံ တသောသော။
မျက်နှာမှာ အရှက်မပါလို့
လက်ကာလို့လဲ မလုံ
သည်လိုပုံနဲ့ မျက်နှာပြောင်တိုက်နေရ
ပြတ်လိုက်တဲ့ ရှက်ကြော။
ဘယ်သူခွဲခွဲ ဒို့မကွဲ… တဲ့
ရဲရဲကြီး ပြောမှပြော။
သမဏေနဲ သမဏော
ဂေါဏေန ဂေါဏော။ ။
တင်မိုး
(၂၀ ဇူလိုင်လ ၁၉၉၉၊ အင်္ဂါနေ့ နံနက်ခင်း၊ တင်မိုး ကဗျာပေါင်းချုပ်မှ)
No comments:
Post a Comment