ဂုဏ်ထူးတွေ ပါလာတော့
ဝမ်းသာခုန်ပေါက်
စိတ်နေ မြောက်မိတယ်
ယောင်္ကျားဘသား ငါတကားလို့။
**အတန်းတက်မယ်လို့
အောင်လက်မှတ် ကိုင်သွားတော့
ကျောင်းတံခါးက ပိတ်ဆဲ
ဂိတ်ဝမှာ တနေကုန်
သည်လိုပုံနဲ့ မိုးကြီးချုပ်ခဲ့ပြီ။
**တက္ကသိုလ်ရဲ့ အဓိပတိလမ်းမ
အ၀င်ဝ ဂိတ်တံခါးက
ပညာတက်တွေကို ဟန့်တား
စောင့်စားနေသူတွေ တန်းစီ
ဒီဂရီဝတ်ရုံကြီးနဲ့ အလှမ်းဝေး
ရှေ့ရေး မမြင်
ဝင်ပေါက်တွေ မရှိ
မှောင်အတိ ပါလားဟေ့။
**နောင် ရှက်လို့ မဆုံးအောင်
အောင်လျက်နဲ့ ရှုံးနေရပါကလား။
မျက်လုံးတွေ ထိုးဖောက်
တက်ခေါက်သံ ပြင်းပြင်းနဲ့
စစ်ဖိနပ်နဲ့ တက်နင်းခံရတယ်
ကျော့ကွင်းမှ လွတ်မြောက်ကြောင်း
ခွပ်ဒေါင်း ကယ်တင်ပါဦးလော့။
**စာမေးပွဲ အောင်သလို
တိုက်ပွဲလဲ အောင်ရမယ်
အမှောင်က လွတ်မြောက်
အလင်းသို့ ရောက်စေသတည်း။ ။
**တင်မိုး**
( တင်မိုးကဗျာပေါင်းချုပ်မှ)
**အောင်စာရင်းမှာ
ဂုဏ်ထူးတွေ ပါလာတော့
ဝမ်းသာခုန်ပေါက်
စိတ်နေ မြောက်မိတယ်
ယောင်္ကျားဘသား ငါတကားလို့။
**အတန်းတက်မယ်လို့
အောင်လက်မှတ် ကိုင်သွားတော့
ကျောင်းတံခါးက ပိတ်ဆဲ
ဂိတ်ဝမှာ တနေကုန်
သည်လိုပုံနဲ့ မိုးကြီးချုပ်ခဲ့ပြီ။
**တက္ကသိုလ်ရဲ့ အဓိပတိလမ်းမ
အ၀င်ဝ ဂိတ်တံခါးက
ပညာတက်တွေကို ဟန့်တား
စောင့်စားနေသူတွေ တန်းစီ
ဒီဂရီဝတ်ရုံကြီးနဲ့ အလှမ်းဝေး
ရှေ့ရေး မမြင်
ဝင်ပေါက်တွေ မရှိ
မှောင်အတိ ပါလားဟေ့။
**နောင် ရှက်လို့ မဆုံးအောင်
အောင်လျက်နဲ့ ရှုံးနေရပါကလား။
မျက်လုံးတွေ ထိုးဖောက်
တက်ခေါက်သံ ပြင်းပြင်းနဲ့
စစ်ဖိနပ်နဲ့ တက်နင်းခံရတယ်
ကျော့ကွင်းမှ လွတ်မြောက်ကြောင်း
ခွပ်ဒေါင်း ကယ်တင်ပါဦးလော့။
**စာမေးပွဲ အောင်သလို
တိုက်ပွဲလဲ အောင်ရမယ်
အမှောင်က လွတ်မြောက်
အလင်းသို့ ရောက်စေသတည်း။ ။
**တင်မိုး**
( တင်မိုးကဗျာပေါင်းချုပ်မှ)
No comments:
Post a Comment