
**နိုင်ငံသားတွေရဲ့ ဘဝ
ကောလဟာလတွေကို စောင့်မျှော်
တနေ့သော် ကောင်းလိမ့်နိုးနဲ့
တီးတိုးသံ အားပြုပြီး
မတရားမှုတွေကို ငုံ့ခံနေရတယ်။
**အစိမ်းရောင်တွေ သောင်းကျန်း
လမ်းမှာလဲ သတို့
ဘုရားမှာလဲ သူတို့
ရုံးမှာလဲ သူတို့
သတို့ချည်း နေရာယူ
ပြည်သူကို နေရာမပေး
စစ်ခွေးတွေ အတင့်ရဲ
ခွေးဘုရားပွဲ တွေ့နေကြတယ်။
**စကားတွေ ဗလောင်းဗလဲနဲ့
အာဏာကို အပြောင်းအလွှဲ လုပ်မပေးဘဲ
မဲပေးခဲ့တဲ့ လူထုကိုတောင်
ဆဲရေးသမှု ပြုကြတယ်။
**အာဏာမက်တာ ဘယ်သူလဲ
အဖြူအမဲ အားလုံးသိတယ်
တကမ္ဘာလုံးက သိတယ်။
**ကိုယ့်အလုပ်က ကိုယ့်အပုပ်ချ
ဘယ်သူမှ ပြောစရာမလို
သူတို့ကိုယ် သူတို့လဲ သိပြီးသား
အများရှေ့မှောက်မှာ
မှတ်ကျောက်တင်ပြီးလဲ ဖြစ်တယ်။
**မရှက်ရင် ပြော
မမောရင် ဆို
မလိုရင် ဆဲကြရော့
အရှက်ကွဲသူမှာ ဆဲသူသာ ဖြစ်မယ်။
**အဆဲသန်တဲ့ ငနဲမှန်သမျှ
ငရဲဒဏ် ခံရမှာ ချည်းပဲ။
**မှန်ကန်တည်ကြည်တဲ့ ဂုဏ်ရည်သာလျှင်
အမှန် ယုံကြည်ထိုက်သူ ဖြစ်ပေတယ်။ ။
**တင်မိုး**
(၂၆၊ ဇူလိုင်၊ ၁၉၉၉၊ တနင်္လာနေ့ နံနက်ခင်း)
(တင်မိုး ကဗျာပေါင်းချုပ်မှ)
t

**နိုင်ငံသားတွေရဲ့ ဘဝ
ကောလဟာလတွေကို စောင့်မျှော်
တနေ့သော် ကောင်းလိမ့်နိုးနဲ့
တီးတိုးသံ အားပြုပြီး
မတရားမှုတွေကို ငုံ့ခံနေရတယ်။
**အစိမ်းရောင်တွေ သောင်းကျန်း
လမ်းမှာလဲ သတို့
ဘုရားမှာလဲ သူတို့
ရုံးမှာလဲ သူတို့
သတို့ချည်း နေရာယူ
ပြည်သူကို နေရာမပေး
စစ်ခွေးတွေ အတင့်ရဲ
ခွေးဘုရားပွဲ တွေ့နေကြတယ်။
**စကားတွေ ဗလောင်းဗလဲနဲ့
အာဏာကို အပြောင်းအလွှဲ လုပ်မပေးဘဲ
မဲပေးခဲ့တဲ့ လူထုကိုတောင်
ဆဲရေးသမှု ပြုကြတယ်။
**အာဏာမက်တာ ဘယ်သူလဲ
အဖြူအမဲ အားလုံးသိတယ်
တကမ္ဘာလုံးက သိတယ်။
**ကိုယ့်အလုပ်က ကိုယ့်အပုပ်ချ
ဘယ်သူမှ ပြောစရာမလို
သူတို့ကိုယ် သူတို့လဲ သိပြီးသား
အများရှေ့မှောက်မှာ
မှတ်ကျောက်တင်ပြီးလဲ ဖြစ်တယ်။
**မရှက်ရင် ပြော
မမောရင် ဆို
မလိုရင် ဆဲကြရော့
အရှက်ကွဲသူမှာ ဆဲသူသာ ဖြစ်မယ်။
**အဆဲသန်တဲ့ ငနဲမှန်သမျှ
ငရဲဒဏ် ခံရမှာ ချည်းပဲ။
**မှန်ကန်တည်ကြည်တဲ့ ဂုဏ်ရည်သာလျှင်
အမှန် ယုံကြည်ထိုက်သူ ဖြစ်ပေတယ်။ ။
**တင်မိုး**
(၂၆၊ ဇူလိုင်၊ ၁၉၉၉၊ တနင်္လာနေ့ နံနက်ခင်း)
(တင်မိုး ကဗျာပေါင်းချုပ်မှ)
t
No comments:
Post a Comment