ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, October 16, 2010

မစူးမစမ်း၊ မောင်စူးစမ်း

> "အိုင်တီခေတ်မှာ၊ အင်တာနက် သုံးမိလို့  အင်းစိန်ထောင်ကို အောင်းသွားလေသတည်း" ဆိုတဲ့
ကိုဇာဂနာ့ပျက်လုံးက နအဖ စစ်အုပ်စုအကြောက်ဆုံးဟာ အိုင်တီခေတ်ရဲ့ မီဒီယာစနစ်ကို ရည်ညွှန်းနေပါတယ်။

အရင့်အရင်က မြန်မာပြည်က ပုံနှိပ်မီဒီယာ စာမျက်နှာတွေပေါ်မှာ ဘာတွေမဟုတ်တာပါနေပစေ၊
အယ်ဒီတာရဲ့သဘောဘဲ ဆင်ကလောင်ရှင်(သို့ ) နာမည်ရစာရေးဆရာတွေကလွဲလို့ 
သာမန်လူတွေအနေနဲ့ပြန်လည်ချေပခွင့် လုံးဝမရခဲ့ပါဘူး။

ဒီကနေ့ တော့ ဆရာ့ဆရာကြီး မောင်စူးစမ်း၏ " ပွဲဆူသောခေတ်၏နိဂုံး" ဆောင်းပါးကို
NLD နဲ့ တကွ လူလုတရပ်လုံးကို စော်ကားလွန်းတာကြောင့် မေးခွန်းတချို့ ပြန်လည်မေးမြန်း တုန့် ပြန်လိုက်ပါရစေခင်ဗျာ။

ကိုယ့်ကိုယ်တိုင်ကိုက NLD စီအီးစီ အဖြစ်နေရာယူခဲ့ဘူးပြီး၊
မော်လမြိုင်မြို့ နယ် အမတ်အရွေးခံ ခဲ့ပါရက်နဲ့ အဘယ့်အတွက်ကြောင့် . . .

ပကတိအစစ်အမှန်ဖြစ်သော စစ်တပ်ကကြိုးကိုင်မည့် အနာဂါတ်နိုင်ငံရေး(၀ါ) ပါတီစုံဒီမိုကရေစီ နိုင်ငံရေးကို
မစူးမစမ်းဘဲ၊ ရှုမြင်သုံးးသပ်ကာ ဟိုပေါင်ကူး ဒီပေါင်ကူး လုပ်နေပါသနည်း။

၁၉၉၀ ရွေးကောက်ပွဲအပြီး ကောက်ကျစ်လိမ်လည်သော စစ်အုပ်စု၏နိုင်ငံရေးညစ်ပတ်မှုများကို
ကိုယ်တွေ့ ခံလာခဲ့ဘူးပါရက်နဲ့ အဘယ်အတွက်ကြောင့် ရွေးကောက်ပွဲ ရှုမြင်ပုံ (၅)မျိုးကို
လော်လီရေးသားကာ မျက်ပြောင်တိုက် ဖော်လံဖား နေရပါသနည်း။

ပါတီဝင်များနှင့် ရွေးကောက်ပွဲ ၀င်မည့်ကိုယ်စားလှယ်လောင်းများသည် နိုင်ငံ့ဝန်ထမ်းများမဖြစ်စေရ၊
ဟုရွေးကောက်ပွဲဥပဒေတွင်ပါရှိနေပါလျက်၊ ဦးသိန်းစိန်နဲ့ တကွစစ်အုပ်စုဘောင်းဘီကျွတ်များကတော့
ထိုဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာ ဆရာ့ဆရာကြီးမောင်စူးစမ်းနဲ့ တကွရွေးကောက့်ပွဲ
ဝင်ကြမည့် အဘယ်ပါတီများကမှ ပကတိဖြစ်တည်မှုအမှန်တရားအတိုင်း ရှုမြင်သုံးသပ်ကာ
ရဲရဲတင်းတင်း ထိရောက်စွာ ကန့် ကွက်ခြင်းမရှိကြပါသနည်း။ ဒီမှာတင် စမှားနေကြပါပြီ။

ဦးသုဝေ တယောက်ကတော့ ဒီကိစွုကို တမြန်မနေ့ က ဧရာဝတီအင်တာဗျူးမှာ အတိအလင်းဝန်ခံသွားရှာပါတယ်။
ဒါက ၂၀၁၀ ရွေးကောက်ပွဲရဲ့  မတရားမမျှတတဲ့ တဘက်စောင်းနင်း ဥပဒေမဲ့ လုပ်ရပ်တွေအများကြီးထဲက တခုပေါ။့

၂၀၁၀ ရွေးကောက်ပွဲကို တခြားတခြားသော နိုင်ငံများ၏ ရွေးကောက်ပွဲအကြိမ်ကြိမ်လုပ်ခဲ့ဘူးသော
အာဏာရှင်များကို လေ့လာသုံးသပ်နေစရာမလိုဘဲ၊ ဗိုလ်နေ၀င်းနဲ ဗိုလ်သန်းရွှေတို့ ပေးတဲ့
နည်းပေါင်းစုံကလိမ်ကျစ် အာဏာတည်မြဲရေး သင်ခန်းစာများနဲ့တင် လုံလောက်စွာ သုံးသပ်နိုင်ပါတယ်။

ထောက်ပြစရာ ချေပစရာအချက်အလက်အများအပြားတွေ့ ရှိနေသော်လည်းကို အကျဉ်းချုပ် လိုရင်းကိုသာ တင်ပြလိုက်ပါတယ်။
တိုတိုပြောရရင်တော့ NLD သည်လူထုအပေါ် ကတိသစွုာတည်၏။
ထို့ ကြောင့် ရွှေဂုံတိုင်မူဝါဒကို ဆုပ်ကိုင်ကာ လူထုဆနွုနှင့်အညီ သိကွုာရှိစွာ ရပ်တည်၏

မစူးမစမ်း မောင်စူးစမ်းကား ဗိုလ်သန်းရွှေ တို့ အကြိုက် ဖော်လံဖားစိတ်ထားဖြင့် အဆင့်အတန်းမရှိ
ဘရန်းဘတာ ၀ါဒသမားဖြစ်လေ၏ ။
အသက်ကြီးကာမှ သီလကြောင်ကာ လေလုံးထွားနေခြင်းသာဖြစ်ပြီး၊

ဒီအသက်အရွယ်ကြီးရောက်နေကာမှ ထမင်းတလုပ်(၀ါ) စည်းစိမ်တရစ်အတွက် မိမိတသက်လုံး ထိမ်းလာသော
လူထုအတွက် ရပ်တည်ချက်အား အဘယ်သို့သောအကြောင်းများကြောင့် ရောင်းစားနေပါသနည်း။

**မောင်မောင်စိုး**
အောက်တိုဘာ(၁၅)ရက်၊၂၀၁၀။t

"အိုင်တီခေတ်မှာ၊ အင်တာနက် သုံးမိလို့  အင်းစိန်ထောင်ကို အောင်းသွားလေသတည်း" ဆိုတဲ့

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)