သိင်္ဂီရွှေရောင်၊ အလင်းဆောင်သည့်
တောင်ပေါ်က လ၊ ချမ်းမြမြ။
မြက်ချိုဝါး၍
စားသောက်ပြီးလျှင်၊ အိပ်မည်ပြင်သည်
သမင်ကလေးတို့ လွတ်လပ်ည။
ဓမ္မစကြာ၊ အသံဝါဖြင့်
မိဂဒါဝုန်၊ တောလုံးတုန်သည်
မျက်စုံပြူးလျက်၊ နားရွက်မခတ်
နား စိုက်ရပ်။
သမင်တို့၊ မပြေးမလွှား
ထောင်နားစိုက်ကာ၊ တရားနာသည်
ဝါဆိုလပြည့် အံ့ဖွယ်နေ့။
ရသေ့ငါးဦး၊ တရားထူးဖြင့်
ကြည်နူးဝင်းပ၊ ရွှင်အားရသည်
ဗုဒထံပါး၊ ဦးညွတ်တွား
သာဓုသံသာ သကာပျား။ ။
**တင်မိုး**
(၂၇ ဇူလိုင်လ ၁၉၉၉၊ ၀ါဆိုလပြည့်နေ့၊ အင်္ဂါနေ့ နံနက်ခင်း)
(တင်မိုး ကဗျာပေါင်းချုပ်မှ)
မိုးချုပ်ညရီ၊ နေလုံးနီစဉ်
သိင်္ဂီရွှေရောင်၊ အလင်းဆောင်သည့်
တောင်ပေါ်က လ၊ ချမ်းမြမြ။
မြက်ချိုဝါး၍
စားသောက်ပြီးလျှင်၊ အိပ်မည်ပြင်သည်
သမင်ကလေးတို့ လွတ်လပ်ည။
ဓမ္မစကြာ၊ အသံဝါဖြင့်
မိဂဒါဝုန်၊ တောလုံးတုန်သည်
မျက်စုံပြူးလျက်၊ နားရွက်မခတ်
နား စိုက်ရပ်။
သမင်တို့၊ မပြေးမလွှား
ထောင်နားစိုက်ကာ၊ တရားနာသည်
ဝါဆိုလပြည့် အံ့ဖွယ်နေ့။
ရသေ့ငါးဦး၊ တရားထူးဖြင့်
ကြည်နူးဝင်းပ၊ ရွှင်အားရသည်
ဗုဒထံပါး၊ ဦးညွတ်တွား
သာဓုသံသာ သကာပျား။ ။
**တင်မိုး**
(၂၇ ဇူလိုင်လ ၁၉၉၉၊ ၀ါဆိုလပြည့်နေ့၊ အင်္ဂါနေ့ နံနက်ခင်း)
(တင်မိုး ကဗျာပေါင်းချုပ်မှ)
No comments:
Post a Comment