ဇနီး၊ယောက္ခမကြီးတို့နှင့်အတူ အမဲလိုက်မုဆိုးတစ်ဦးက တောလည်ခရီးထွက်သည်၊ စခန်းချရာနေရာ၌ တစ်ညနေခင်း အချိန်တွင် မုဆိုး၏ ဇနီးမှာ အိပ်ရာက နိုးလာသည်။ သူမ၏ မိခင်ကို ရှာမတွေ့တော့ပေ။ ထိုအခါ ပျောက်ချင်းမလှပျောက်ဆုံးနေသော မိခင်ကြီးကို မိမိတို့နှစ်စလုံး အရှာထွက်ရန် ခင်ပွန်း မုဆိုးကို တိုက်တွန်းသည်။
မငြင်းသာသည့်အဆုံး မုဆိုးလည်း အမဲလိုက်သေနတ်ကို ကောက်ကိုင်ပြီး ၀ီစကီတစ်ကျိုက် မော့သောက်ကာ ယောက္ခမကို ရှာပုံတော် စဖွင့်လေသည်၊ သူတို့စခန်းနှင့်မလှမ်းမကမ်းမှာသည်း ထိပ်စရာ
မြင်ကွင်းကိုတွေ့ရလေသည်။ မြင်ကွင်းက… ယောက္ခမကြီးမှာ ချောင်ပိတ်မိနေသည့်အဖြစ်ပါလေ။ ဘယ်လိုမှ ဖောက်ထွင်း၍ မရနိုင်သော ချုံပုတ်ထူထူကြီးတစ်ခုကို ယောက္ခမကြီးက ကျောခိုင်းလျက်သားဗျ။ ကြည့်လေ… ယောက္ခမကြီးရဲ့ ရှေ့၊ မလှမ်းမကမ်းမှာတော့ ခုန်အုပ်ဆဲဆဲ မာန်ဖီနေတဲ့ ခြင်္သေ့ကြီးတစ်ကောင် ရယ်ပါ။
`အောင်မလေးလေး၊ လုပ်ကြပါဦး၊ ကယ်တော်မူကြပါဦး´ဟု ဇနီးက မုဆိုးကို အကူအညီတောင်းပါသည်။
ထိုအခါ မုဆိုးက မထုံတက်တေးဖြင့် အေးအေးဆေးဆေး အခုလို ပြောချလိုက်သည်။
`မလုပ်နဲ့ ၊ဘာမှကယ်မနေနဲ့၊ သူ့ထိုက်နဲ့ သူ့ကံပဲ လွှတ်ထားလိုက်၊ ဒီခြင်္သေ့ဟာ သူ့ပြဿနာ သူရှာတာကွ၊ သူ့အကျပ်အတည်းကနေ သူ့ဘာသာ ရုန်းထွက်ပါစေ´
မှီငြမ်း။ ။ ၂၀၁၀ အောက်တိုဘာလ အပျိုစင်မဂ္ဂဇင်းတွင် ပါရှိသော (ဆွေခင်)၏ ရယ်စရာ ပြုံးစရာ စာမျက်နှာ
**(ဟာဒယနှလုံး- တခဏပြုံး)**

No comments:
Post a Comment