ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, October 5, 2010

ဟန့်ရာကတန့်၊ တန့်ရာကတုံးသွားတတ်တယ်

> “စာနယ်ဇင်း ကျင့်ဝတ်တွေ ရေးခဲ့သလို၊ ဘလော့ဂါ ကျင့်ဝတ်ဆိုပြီး ရေးပါဦးခင်ဗျ။ အခုဘလော့တွေ သိပ်များလာပြီး တချို့က မဟုတ်မဟတ်တွေချည့် ရေးနေကြတယ်။” လူငယ်စာနယ်ဇင်းသမားလေး တစ်စုရောက်လာပြီး ပြောလိုက်တာ ဖြစ်ပါတယ်။ စာနယ်ဇင်း ကျင့်ဝတ်တွေအကြောင်း အမြဲလိုလို ရေးနေရတာကြောင့် ခုလိုပြောလိုက်တာပါ၊ အင်တာနက် ၀ဘ်ဆိုက်တွေ ဘလော့တွေကို စောင့်ကြည့် ဖတ်ရှုနေသူဖြစ်တော့ သူတို့ပြောသလို ဘလော့တွေ သောင်းချီရှိနေတာ တွေ့ရပါတယ်။ အတော်များများကလည်း မဖွယ်မ၇ာတွေ ဖြစ်ပါတယ်။ တချို့ဆို ညစ်ညမ်းတာတွေ ဖြစ်ပါတယ်။

**လူထုဂျာနယ်လစ်တွေ**
ဘလော့ဆိုတာတွေ ပေါ်ပေါက်လာတာ သိပ်မကြာလှသေးပါဘူး။ ကွန်ပြူတာသုံးနိုင်သူတိုင်း ကိုယ်ပိုင်ဘလော့တွေ လုပ်လို့ရတာကြောင့် အချိန်ပေးနိုင်သူတိုင်း ၀ါသနာသူတိုင်း ဘယ်သူမဆို လုပ်နိုင်ကြပါတယ်။ အထူးသဖြင့် လူငယ်လေးတွေက အများဆုံးလုပ်ကြပါတယ်။ တချို့က သတင်းတွေ ဖလှယ်ကြတယ်။ တချို့က ဖျော်ဖြေရေးအတွက်၊ တချို့က ပညာရေးအတွက် လုပ်ကြတယ်။ လူတိုင်းလုပ်လို့ ရတာကြောင့် ဒီလိုလုပ်တဲ့ ဘလော့ဂ်တွေကို တချို့က “လူထုဂျာနယ်လစ်”(citizen jourmalist)လို့ အမည် တပ်ပေးကြတယ်။ စစချင်းတော့ အပျော်လုပ်ကြတာပါ။ လုပ်ရင်း လုပ်ရင်းနဲ့ နောက်တော့ တကယ်ဝါသနာပါသွားပြီး။ တကယ်ကို ပုံမှန်ဘလော့တွေ ထောင်ပြီး သတင်းအလုပ်လုပ်တဲ့ ဘလော့ဂါတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

**ရင်ဖွင့်တဲ့နေရာ**
ဘလော့ဂါတွေဟာ အများအားဖြင့် လူငယ်လေးတွေ ဖြစ်ကြတယ်။ တချို့က သတင်းအလုပ်ကို ၀ါသနာပါလို့ လုပ်ကြတာ။ တချို့ကတော့ ကိုယ့်ရင်ထဲမှာ မျိုသိပ်ထားရတာတွေကို ဖွင့်ထုတ်ပစ်လိုက်ချင်လို့ လုပ်ကြတာ။ ဒီလို ရင်ဖွင့်ချင်သူတွေက အများစုပါ။ လူငယ်လေးတွေဆိုတော့ ရင်ထဲရှိတာတွေ ဖွင့်ထုတ်ရင်းနဲ့ မတော်မသင့်တာတွေ ပြောမိရေးမိကြတွေလည်း ရှိပါတယ်။ တမင်တကာကို မဟုတ်မဟတ် မတော်မလျော်တွေ လုပ်သူတချို့လည်း ရှိပါတယ်။ ဒါပေမယ့် သောင်းနဲ့ချီတဲ့ ဘလော့တွေထဲမှာ သိပ်အများကြီးတော့ မဟုတ်ပါဘူး။ အများစုကတော့ လူငယ်လေးတွေ အပျော်တမ်းလုပ်ကြတာတွေမို့ သင့်မသင့် တော်မတော်၊ တင့်တယ်၏။ မတင့်တယ်၏ မစဉ်းစားတတ်လို့ မလျော်မကန် ဖြစ်နေတာတွေသာဖြစ်ပါတယ်။ ဘလော့တို့ အင်တာနက်တို့ ဆိုတာတွေကို စပြီး သုံးနိုင်ကျတာ ဘာမှ မကြာသေးပါဘူး။ ဒီတော့ လူငယ်လေးတွေအဖို့ ကစားစရာ အရုပ်ရသလို ဆော့လို့ ကစားလို့ အားမရနိုင်အောင် ဖြစ်ကြတာ သဘာဝကျပါတယ်။ ပြီးတော့ အပြင်မှာ ပြောလို့မရတဲ့ စကားမျိုးတွေကို ဘလော့တွေထဲမှာ စိတ်ရှိလက်ရှိ ပြောထည့်လို့ ရနိုင်တယ်ဆိုတာကလည်း လူငယ်တို့ရဲ့ အကြိုက်ဖြစ်နေတယ်လေ။ အဲဒါကြောင့် ဘလော့ဂါတွေ များနေတာ ဖြစ်ပါတယ်။

**စမ်းသပ်မှတွေ့ရှိတယ်**
ကွန်ပျူတာ အင်တာနက်ဆိုတာကလည်း ကစားစရာ အသစ်အဆန်း၊ ဘလော့ဂါတွေ အများစုကလည်း လူငယ်လေးတွေ ဖြစ်နေတာကြောင့် ကျင့်ဝတ်တွေ ဘာတွေပြောပြီး မ“ဟန့်”ချင်ပါဘူး။ လူငယ်လေးတွေ လွတ်လွတ်လပ်လပ် ရင်ဖွင့်စေချင်တယ်။ ကွန်ပျူတာနဲ့ ရင်ဖွင့်တာက ဘီယာဆိုင်လို၊ နိုက်ကလပ်လို နေရာမျိုးတွေသွား ရင်ဖွင့်တာထက်တောင် ပိုပြီး အန္တရာယ်ကင်းပါတယ်။ လူကြီးတွေက “ဟန့်”ရင် လူငယ်တွေရဲ့ တက်နေတဲ့ အရှိန်တွေ “တန့်”သွားတတ်တယ်။ “တန့်”ရာကနေ တစ်ဆင့်တက်တော့ “တုံး”သွားပါရော။ ဒီတော့ ဘယ်ကောင်းတော့မှာလဲ။ လူငယ်တွေ အညွန့်တုံးသွားချင်းဆိုတာ တိုင်းပြည်ရဲ့ တိုးတက်ထွန်းကားမှု အဆုံးတိုင်သွားချင်းပဲ ဖြစ်တယ်။ အဲဒါကြောင့် အသစ်အဆန်းကို စမ်းသပ်နေကြတဲ့ လူငယ်တွေကို တားဆီးချုပ်ချယ် မလုပ်ချင်ဘူး။ စမ်းသပ်မှ တွေ့နိုင်တယ်။ ဘာမှ မစမ်းသပ်ရင် ဘာမှ မတွေ့နိုင်ဘူး။ ဘာမှ မတွေ့ရင် ဘယ်လိုလုပ်ပြီး တိုးတက်မှာလဲ။

**မရှိမဖြစ်အာနဲ့ဒီ**
တိုင်းပြည်ထွန်းကားတိုးတက်ဖို့ဆိုရင် အသစ်အဆန်းတွေ စမ်းသပ်ရှာဖွေနေဖို့ လူငယ်တွေကို အားပေးရပါမယ်။ လိုအပ်တာတွေကိုလည်း ဖြည့်ဆည်းပေးရပါမယ်။ ထွန်းကားတိုးတက်တဲ့ နိုင်ငံတိုင်းမှာ သုတေသနနဲ့ ဖွံ့ဖြိုးရေး (Research and Development)လုပ်ငန်းကို အစိုးရတွေက လုပ်ကိုင်ရုံသာမက၊ စီးပွား လုပ်ငန်းကြီးတိုင်းမှာလည်း “R&D”ဆိုတဲ့ ဌာနတွေကို ငွေကြေးအများကြီး အကုန်အကျခံပြီး လုပ်ဆောင်ကြပါတယ်။ စာသင်နှစ် တစ်နှစ်ပြီးဆုံးတော့မယ်ဆိုရင် ကုမ္ပဏီကြီးတွေက တက္ကသိုလ်ကျောင်းတွေမှာသွားပြီး ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတွေကို မက်လုံး အမျိုးမျိုးပေးပြီး စည်းရုံးခေါ်ယူလေ့ ရှိပါတယ်။ လူငယ်တွေရဲ့ အစွမ်းအစကို ယုံကြည်အားထားတဲ့ သဘောဖြစ်တယ်။

**ယုံကြည်မှုအရေးကြီးဆုံး**
ကိုယ့်ကို ယုံကြည်စိတ်ချစွာနဲ့ တာဝန်တစ်ခုခု ပေးအပ်တယ်ဆိုရင်၊ ကိုယ့်ဘက်ကလည်း တာဝန်ကျေအောင် မဖြစ်မနေ ကြိုးစားလုပ်ဆောင်ပြချင်တတ်တာဟာ လူ့သဘာဝဖြစ်တယ်။ “ယုံကြည်မှု”ဆိုတာ လူ့အဖွဲ့အစည်းအတွင်းမှာ အင်မတန်အရေးပါတဲ့ အရာတစ်ခုဖြစ်တယ်။ လူတစ်ဦးနဲ့တစ်ဦး ယုံကြည်မှု အပြန်အလှန်ရှိမှ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံမှု ရှိနိုင်တယ်။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးလည်း အပြန်အလှန် ယုံကြည်မှု ရှိကြပါမှ ချစ်ကြည်ငြိမ်းချင်းစွာ ယှဉ်တွဲနေထိုင်လို့ ရနိုင်တယ်။ တစ်ဦးနဲ့ တစ်ဦးကြားမှာ ယုံကြည်မှု ပျက်ယွင်းသွားပြီ ဆိုရင်တော့ စစ်မှန်တဲ့ ရင်းနှီးချစ်ခင်မှုကို ဘယ်လိုနည်းနဲ့မှ တည်ဆောက်လို့ မရနိုင်ပါဘူး။

**လူငယ့်စွမ်းအားသစ်က**
နိုင်ငံတစ်ခု တိုးတက် ထွန်းကားအောင် တည်ထောင်ဖို့ လူငယ်တွေရဲ့ စွမ်းအားဟာ အဓိက ကျပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လူငယ်တွေမှာမှ ထက်သန်တဲ့ အားမာန်တွေ ရှိပါတယ်။ အထူးသဖြင့် ခုခေတ်လို နည်းပညာတွေ တစ်ဟုန်ထိုး တိုးတက်နေတဲ့ခေတ်ကို လူငယ်တွေမှပဲ အမှီလိုက်နိုင်မှာဖြစ်တယ်။ လူကြီးဆိုတာက စိတ်သွားတိုင်းကိုယ်ပါနိုင်တော့တာ မဟုတ်ဘူး။ အသစ်အဆန်းတွေ ရှာဖွေစမ်းသပ်တဲ့ အလုပ်မျိုးတွေကို လူငယ်တွေပဲ ရှေ့ကဦးဆောင် လုပ်ကိုင်ကြပါစေ။ မတားပါနဲ့။ မဟန့်ပါနဲ့။ ပိတ်ပင်တားဆီးမလုပ်ပါနဲ့။ ဘာ့ကြောင့်လဲဆိုတာ အထက်က ပြောခဲ့သလိုပဲ“ဟန့်”ရာက “တန့်” “တန့်”ရာက “တုံး”သွား တတ်လို့ပါ။

**လူထုစိန်ဝင်း**
(၁၇၊ ၆၊ ၂၀၀၉- လူထုရနံ့ စာစုများမှ ကူးယူဖော်ပြသည်။)

“စာနယ်ဇင်း ကျင့်ဝတ်တွေ ရေးခဲ့သလို၊ ဘလော့ဂါ ကျင့်ဝတ်ဆိုပြီး ရေးပါဦးခင်ဗျ။ အခုဘလော့တွေ သိပ်များလာပြီး တချို့က မဟုတ်မဟတ်တွေချည့် ရေးနေကြတယ်။” လူငယ်စာနယ်ဇင်းသမားလေး တစ်စုရောက်လာပြီး ပြောလိုက်တာ ဖြစ်ပါတယ်။ စာနယ်ဇင်း ကျင့်ဝတ်တွေအကြောင်း အမြဲလိုလို ရေးနေရတာကြောင့် ခုလိုပြောလိုက်တာပါ၊ အင်တာနက် ၀ဘ်ဆိုက်တွေ ဘလော့တွေကို စောင့်ကြည့် ဖတ်ရှုနေသူဖြစ်တော့ သူတို့ပြောသလို ဘလော့တွေ သောင်းချီရှိနေတာ တွေ့ရပါတယ်။ အတော်များများကလည်း မဖွယ်မ၇ာတွေ ဖြစ်ပါတယ်။ တချို့ဆို ညစ်ညမ်းတာတွေ ဖြစ်ပါတယ်။

**လူထုဂျာနယ်လစ်တွေ**
ဘလော့ဆိုတာတွေ ပေါ်ပေါက်လာတာ သိပ်မကြာလှသေးပါဘူး။ ကွန်ပြူတာသုံးနိုင်သူတိုင်း ကိုယ်ပိုင်ဘလော့တွေ လုပ်လို့ရတာကြောင့် အချိန်ပေးနိုင်သူတိုင်း ၀ါသနာသူတိုင်း ဘယ်သူမဆို လုပ်နိုင်ကြပါတယ်။ အထူးသဖြင့် လူငယ်လေးတွေက အများဆုံးလုပ်ကြပါတယ်။ တချို့က သတင်းတွေ ဖလှယ်ကြတယ်။ တချို့က ဖျော်ဖြေရေးအတွက်၊ တချို့က ပညာရေးအတွက် လုပ်ကြတယ်။ လူတိုင်းလုပ်လို့ ရတာကြောင့် ဒီလိုလုပ်တဲ့ ဘလော့ဂ်တွေကို တချို့က “လူထုဂျာနယ်လစ်”(citizen jourmalist)လို့ အမည် တပ်ပေးကြတယ်။ စစချင်းတော့ အပျော်လုပ်ကြတာပါ။ လုပ်ရင်း လုပ်ရင်းနဲ့ နောက်တော့ တကယ်ဝါသနာပါသွားပြီး။ တကယ်ကို ပုံမှန်ဘလော့တွေ ထောင်ပြီး သတင်းအလုပ်လုပ်တဲ့ ဘလော့ဂါတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

**ရင်ဖွင့်တဲ့နေရာ**
ဘလော့ဂါတွေဟာ အများအားဖြင့် လူငယ်လေးတွေ ဖြစ်ကြတယ်။ တချို့က သတင်းအလုပ်ကို ၀ါသနာပါလို့ လုပ်ကြတာ။ တချို့ကတော့ ကိုယ့်ရင်ထဲမှာ မျိုသိပ်ထားရတာတွေကို ဖွင့်ထုတ်ပစ်လိုက်ချင်လို့ လုပ်ကြတာ။ ဒီလို ရင်ဖွင့်ချင်သူတွေက အများစုပါ။ လူငယ်လေးတွေဆိုတော့ ရင်ထဲရှိတာတွေ ဖွင့်ထုတ်ရင်းနဲ့ မတော်မသင့်တာတွေ ပြောမိရေးမိကြတွေလည်း ရှိပါတယ်။ တမင်တကာကို မဟုတ်မဟတ် မတော်မလျော်တွေ လုပ်သူတချို့လည်း ရှိပါတယ်။ ဒါပေမယ့် သောင်းနဲ့ချီတဲ့ ဘလော့တွေထဲမှာ သိပ်အများကြီးတော့ မဟုတ်ပါဘူး။ အများစုကတော့ လူငယ်လေးတွေ အပျော်တမ်းလုပ်ကြတာတွေမို့ သင့်မသင့် တော်မတော်၊ တင့်တယ်၏။ မတင့်တယ်၏ မစဉ်းစားတတ်လို့ မလျော်မကန် ဖြစ်နေတာတွေသာဖြစ်ပါတယ်။ ဘလော့တို့ အင်တာနက်တို့ ဆိုတာတွေကို စပြီး သုံးနိုင်ကျတာ ဘာမှ မကြာသေးပါဘူး။ ဒီတော့ လူငယ်လေးတွေအဖို့ ကစားစရာ အရုပ်ရသလို ဆော့လို့ ကစားလို့ အားမရနိုင်အောင် ဖြစ်ကြတာ သဘာဝကျပါတယ်။ ပြီးတော့ အပြင်မှာ ပြောလို့မရတဲ့ စကားမျိုးတွေကို ဘလော့တွေထဲမှာ စိတ်ရှိလက်ရှိ ပြောထည့်လို့ ရနိုင်တယ်ဆိုတာကလည်း လူငယ်တို့ရဲ့ အကြိုက်ဖြစ်နေတယ်လေ။ အဲဒါကြောင့် ဘလော့ဂါတွေ များနေတာ ဖြစ်ပါတယ်။

**စမ်းသပ်မှတွေ့ရှိတယ်**
ကွန်ပျူတာ အင်တာနက်ဆိုတာကလည်း ကစားစရာ အသစ်အဆန်း၊ ဘလော့ဂါတွေ အများစုကလည်း လူငယ်လေးတွေ ဖြစ်နေတာကြောင့် ကျင့်ဝတ်တွေ ဘာတွေပြောပြီး မ“ဟန့်”ချင်ပါဘူး။ လူငယ်လေးတွေ လွတ်လွတ်လပ်လပ် ရင်ဖွင့်စေချင်တယ်။ ကွန်ပျူတာနဲ့ ရင်ဖွင့်တာက ဘီယာဆိုင်လို၊ နိုက်ကလပ်လို နေရာမျိုးတွေသွား ရင်ဖွင့်တာထက်တောင် ပိုပြီး အန္တရာယ်ကင်းပါတယ်။ လူကြီးတွေက “ဟန့်”ရင် လူငယ်တွေရဲ့ တက်နေတဲ့ အရှိန်တွေ “တန့်”သွားတတ်တယ်။ “တန့်”ရာကနေ တစ်ဆင့်တက်တော့ “တုံး”သွားပါရော။ ဒီတော့ ဘယ်ကောင်းတော့မှာလဲ။ လူငယ်တွေ အညွန့်တုံးသွားချင်းဆိုတာ တိုင်းပြည်ရဲ့ တိုးတက်ထွန်းကားမှု အဆုံးတိုင်သွားချင်းပဲ ဖြစ်တယ်။ အဲဒါကြောင့် အသစ်အဆန်းကို စမ်းသပ်နေကြတဲ့ လူငယ်တွေကို တားဆီးချုပ်ချယ် မလုပ်ချင်ဘူး။ စမ်းသပ်မှ တွေ့နိုင်တယ်။ ဘာမှ မစမ်းသပ်ရင် ဘာမှ မတွေ့နိုင်ဘူး။ ဘာမှ မတွေ့ရင် ဘယ်လိုလုပ်ပြီး တိုးတက်မှာလဲ။

**မရှိမဖြစ်အာနဲ့ဒီ**
တိုင်းပြည်ထွန်းကားတိုးတက်ဖို့ဆိုရင် အသစ်အဆန်းတွေ စမ်းသပ်ရှာဖွေနေဖို့ လူငယ်တွေကို အားပေးရပါမယ်။ လိုအပ်တာတွေကိုလည်း ဖြည့်ဆည်းပေးရပါမယ်။ ထွန်းကားတိုးတက်တဲ့ နိုင်ငံတိုင်းမှာ သုတေသနနဲ့ ဖွံ့ဖြိုးရေး (Research and Development)လုပ်ငန်းကို အစိုးရတွေက လုပ်ကိုင်ရုံသာမက၊ စီးပွား လုပ်ငန်းကြီးတိုင်းမှာလည်း “R&D”ဆိုတဲ့ ဌာနတွေကို ငွေကြေးအများကြီး အကုန်အကျခံပြီး လုပ်ဆောင်ကြပါတယ်။ စာသင်နှစ် တစ်နှစ်ပြီးဆုံးတော့မယ်ဆိုရင် ကုမ္ပဏီကြီးတွေက တက္ကသိုလ်ကျောင်းတွေမှာသွားပြီး ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတွေကို မက်လုံး အမျိုးမျိုးပေးပြီး စည်းရုံးခေါ်ယူလေ့ ရှိပါတယ်။ လူငယ်တွေရဲ့ အစွမ်းအစကို ယုံကြည်အားထားတဲ့ သဘောဖြစ်တယ်။

**ယုံကြည်မှုအရေးကြီးဆုံး**
ကိုယ့်ကို ယုံကြည်စိတ်ချစွာနဲ့ တာဝန်တစ်ခုခု ပေးအပ်တယ်ဆိုရင်၊ ကိုယ့်ဘက်ကလည်း တာဝန်ကျေအောင် မဖြစ်မနေ ကြိုးစားလုပ်ဆောင်ပြချင်တတ်တာဟာ လူ့သဘာဝဖြစ်တယ်။ “ယုံကြည်မှု”ဆိုတာ လူ့အဖွဲ့အစည်းအတွင်းမှာ အင်မတန်အရေးပါတဲ့ အရာတစ်ခုဖြစ်တယ်။ လူတစ်ဦးနဲ့တစ်ဦး ယုံကြည်မှု အပြန်အလှန်ရှိမှ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံမှု ရှိနိုင်တယ်။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးလည်း အပြန်အလှန် ယုံကြည်မှု ရှိကြပါမှ ချစ်ကြည်ငြိမ်းချင်းစွာ ယှဉ်တွဲနေထိုင်လို့ ရနိုင်တယ်။ တစ်ဦးနဲ့ တစ်ဦးကြားမှာ ယုံကြည်မှု ပျက်ယွင်းသွားပြီ ဆိုရင်တော့ စစ်မှန်တဲ့ ရင်းနှီးချစ်ခင်မှုကို ဘယ်လိုနည်းနဲ့မှ တည်ဆောက်လို့ မရနိုင်ပါဘူး။

**လူငယ့်စွမ်းအားသစ်က**
နိုင်ငံတစ်ခု တိုးတက် ထွန်းကားအောင် တည်ထောင်ဖို့ လူငယ်တွေရဲ့ စွမ်းအားဟာ အဓိက ကျပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လူငယ်တွေမှာမှ ထက်သန်တဲ့ အားမာန်တွေ ရှိပါတယ်။ အထူးသဖြင့် ခုခေတ်လို နည်းပညာတွေ တစ်ဟုန်ထိုး တိုးတက်နေတဲ့ခေတ်ကို လူငယ်တွေမှပဲ အမှီလိုက်နိုင်မှာဖြစ်တယ်။ လူကြီးဆိုတာက စိတ်သွားတိုင်းကိုယ်ပါနိုင်တော့တာ မဟုတ်ဘူး။ အသစ်အဆန်းတွေ ရှာဖွေစမ်းသပ်တဲ့ အလုပ်မျိုးတွေကို လူငယ်တွေပဲ ရှေ့ကဦးဆောင် လုပ်ကိုင်ကြပါစေ။ မတားပါနဲ့။ မဟန့်ပါနဲ့။ ပိတ်ပင်တားဆီးမလုပ်ပါနဲ့။ ဘာ့ကြောင့်လဲဆိုတာ အထက်က ပြောခဲ့သလိုပဲ“ဟန့်”ရာက “တန့်” “တန့်”ရာက “တုံး”သွား တတ်လို့ပါ။

**လူထုစိန်ဝင်း**
(၁၇၊ ၆၊ ၂၀၀၉- လူထုရနံ့ စာစုများမှ ကူးယူဖော်ပြသည်။)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)