(၁)
ဆက်အောင်နိုင်တို့ အိမ်သွားတဲ့
မြေနီလမ်းကြားလေး
အခုကော အကောင်းတိုင်းရှိသေးရဲ့ လားမသိ။
ရှစ်လေလုးံးမဖြစ်ခင်က လက်ဘက်ရည်ခွက်များ
လေဘာကဒ်ပြား၊ ဘတ်စ်ကားအို
ငါတို့မြို့ရဲ့ လွမ်းစရာ ကုက္ကိုပင်တွေ။
**လေးထောင့်ကန်လမ်းမ
စိုင်းထီးဆိုင်ည
ပန်းရိုးမတင်းကုတ်ထဲက
ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း။
အလံများ၊ ကြွေးကြော်သံများ၊ သေနတ်သံများ
ဘ၀များ၊ ကျောက်စိမ်းဝတ်စုံ
ဆင်ခြေဖုံးရပ်ကွက်
အရေးတော်ပုံမီးတောက်။
(၂)
ဒေါနတောင်တန်း၊ အိမ်လွမ်းစိတ်
တောင်ကျချောင်း မိုးကောင်းတဲ့နှစ်များ။
(၃)
မျိုးသန်းထွဋ်… ရေ
လပြည့်စက်ဝန်း ရွှန်းမြ
အဝေးပြေးလမ်း မီးမှိန်မှိန်
လွင့်ပါးသွားတဲ့တိမ် ခုချိန်ထိ သိမ်းထားခဲ့သူ။ ။
(မျိုးသန်းထွဋ်= မိုးသီးဇွန်)
** ထက်မိုး **
(၁၇၊ အောက်တိုဘာလ ၂၀၀၂၊ ကိုထက်မိုး၏ ပြန်ကျမိုးများမှ)
**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
(၁)
ဆက်အောင်နိုင်တို့ အိမ်သွားတဲ့
မြေနီလမ်းကြားလေး
အခုကော အကောင်းတိုင်းရှိသေးရဲ့ လားမသိ။
ရှစ်လေလုးံးမဖြစ်ခင်က လက်ဘက်ရည်ခွက်များ
လေဘာကဒ်ပြား၊ ဘတ်စ်ကားအို
ငါတို့မြို့ရဲ့ လွမ်းစရာ ကုက္ကိုပင်တွေ။
**လေးထောင့်ကန်လမ်းမ
စိုင်းထီးဆိုင်ည
ပန်းရိုးမတင်းကုတ်ထဲက
ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း။
အလံများ၊ ကြွေးကြော်သံများ၊ သေနတ်သံများ
ဘ၀များ၊ ကျောက်စိမ်းဝတ်စုံ
ဆင်ခြေဖုံးရပ်ကွက်
အရေးတော်ပုံမီးတောက်။
(၂)
ဒေါနတောင်တန်း၊ အိမ်လွမ်းစိတ်
တောင်ကျချောင်း မိုးကောင်းတဲ့နှစ်များ။
(၃)
မျိုးသန်းထွဋ်… ရေ
လပြည့်စက်ဝန်း ရွှန်းမြ
အဝေးပြေးလမ်း မီးမှိန်မှိန်
လွင့်ပါးသွားတဲ့တိမ် ခုချိန်ထိ သိမ်းထားခဲ့သူ။ ။
(မျိုးသန်းထွဋ်= မိုးသီးဇွန်)
** ထက်မိုး **
(၁၇၊ အောက်တိုဘာလ ၂၀၀၂၊ ကိုထက်မိုး၏ ပြန်ကျမိုးများမှ)
No comments:
Post a Comment