(နယူးယောက်၊ အောင်တိုဘာလ ၂-ရက်)
ဂွါတီမာလာနိုင်ငံရှိ စိတ်ရောဂါကုဆေးရုံတစ်ရုံ၌ လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ခန့်က အမေရိကန်သိပ္ပံပညာရှင်များ သည် သုတေသနပြုလုပ်ရန် ရည်ရွယ်၍ အကျဉ်းသားများနှင့် လူနာများအား ဆစ်ဖလစ်ရောဂါကို ကူးစက်ခံ စားစေခဲ့ရာ ယင်းကိစ္စနှင့်စပ်လျဉ်း၍ အမေရိကန်တာဝန်ရှိသူများက အောက်တိုဘာလ ၁-ရက်နေ့တွင် ပြန်လည် တောင်းပန်ခဲ့ကြောင်း သိရသည်။ (အင်တာနက်)
** စင်္ကာပူဝန်ကြီးချုပ်၏ မိခင်ကြီးကွယ်လွန် **
(စင်္ကာပူ၊ အောက်တိုဘာလ ၂-ရက်)
စင်္ကာပူနိုင်ငံ၏ ၀ါရင့်အတိုင်ပင်ခံဝန်ကြီး လီကွမ်းယူ၏ ဇနီးဖြစ်ပြီး လက်ရှိစင်္ကာပူ ၀န်ကြီးချုပ် လီရှန်လွန်း၏ မိခင်လည်းဖြစ်သော မစ္စလီကွမ်းယူသည် ယနေ့ကွယ်လွန်အနိစ္စရောက်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ (အေပီ)
** ဗြိတိန်နိုင်ငံသား လူငယ် ၂၀ ပါကစ္စတန်၌ အကြမ်းဖက်မှုလေ့ကျင့်နေ **
(လန်ဒန်၊ အောက်တိုဘာလ ၂-ရက်)
ဗြိတိန်နိုင်ငံသား ၂၀ သည် ၄င်းတို့၏ နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်နိုင်ရန် ပါကစ္စတန်နိုင်ငံတွင် အကြမ်းဖက်မှု လေ့ကျင့်ရေးသင်တန်းများကို တက်ရောက်လျက်ရှိကြောင်း ထောက်လှမ်းရေး သတင်းရပ်ကွက်က ယနေ့ ပြောကြားသည်။ (အင်တာနက်)
** အင်ဒိုနီးရှား၌ ရထားနှစ်စင်းတိုက်မိ၍ ၃၆ ဦးထက်မနည်း သေဆုံး **
(ဂျကာတာ၊ အောက်တိုဘာလ ၂-ရက်)
အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဂျာဗားပြည်နယ်တွင် အောက်တိုဘာလ ၂-ရက်နေ့ အစောပိုင်းက ရထားနှစ်စင်း တိုက်မိမှုကြောင့် ၃၆ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ (ဆင်ဟွာ)
** ဝေလငါးများကို မှတ်တမ်းရိုက်ကူးရန် လေသင်္ဘောတစ်စင်းကို သိပ္ပံပညာရှင်များအသုံးပြု **
(အဲဗားရက်(၀ါရှင်တန်) အောက်တိုဘာလ ၂-ရက်)
အမေရိကန်နိုင်ငံ ၀ါရှင်တန်ပြည်နယ် ပူးဂက်ဆောင်းဒေသ ကမ်းလွန်၌ ကျက်စားသည့် ဝေလငါးများကို မော်ကွန်းရုပ်ရှင်ရိုက်ကူးနိုင်ရန် သိပ္ပံပညာရှင်များက လေသင်္ဘော(airship)တစ်စင်းကို အသုံးပြုခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ကယ်လီဖိုးနီးယားအခြေစိုက် လေသင်္ဘောကုမ္ပဏီသည် Eureka ဟု အမည်ပေးထားသော လေသင်္ဘောတစ်စင်းကို သိပ္ပံသုတေသနလုပ်ငန်းအတွက် အခကြေးငွေမယူဘဲ တစ်ရက်တာ ငှားရမ်းပေးခဲ့သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-ဧရာမောင် **
** ဂွါတီမာလာတွင် လုပ်ဆောင်ခဲ့သော ဆစ်ဖလစ်သုတေသနနှင့်ပတ်သက်၍ အမေရိကန်တောင်းပန် **

No comments:
Post a Comment