(ကွီတို၊ အောက်တိုဘာလ ၁၇-ရက်)
အီကွေဒေါနိုင်ငံတောင်ပိုင်း ရွှေတွင်းတစ်တွင်း၏ မြေအောက်ဥမင်လိုဏ်အတွင်း ပိတ်မိနေသည့် လုပ်သမားလေးဦးအနက် နှစ်ဦး၏အလောင်းကို ကယ်ဆယ်ရေးသမားများက တနင်္ဂနွေနေ့တွင် တွေ့ရှိခဲ့သည်။ (အင်တာနက်)
** တိုင်ဖွန်းမုန်တိုင်း `မီဂီ´ ချဉ်းကပ်လာမှုကြောင့် ဖိလစ်ပိုင်၌ အရေးပေါ်သတိပေးချက် ထုတ်ပြန် **
(မနီလာ၊ အောက်တိုဘာလ ၁၇-ရက်)
ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများကို ဖြစ်စေနိုင်သည့် တိုင်ဖွန်းမုန်တိုင်း တစ်ခုနှင့် ရင်ဆိုင်ရမည့် ဖိလစ်ပိုင်နိုင်ငံသည် ၄င်း၏ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများကို အသင့်အနေအထားပြင်ဆင်ထားကြောင်း ယနေ့သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** အီရန်နှင့် အင်အားကြီးနိုင်ငံများအကြား ညူကလီးယားဆွေးနွေးပွဲ နိုဝင်ဘာလတွင် ပြန်စနိုင်ဖွယ်ရှိ **
(တီဟီရန်၊ အောက်တိုဘာလ ၁၇-ရက်)
ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် အီရန်နိုင်ငံတို့အကြား ညူကလီးယားအရေးဆွေးနွေးပွဲကို နိုဝင်ဘာလလယ်တွင် ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး၏ အဆိုကို ကိုးကား၍ အောက်တိုဘာလ ၁၆ ရက်နေ့သတင်းများတွင် ဖော်ပြထားသည်။ (အင်တာနက်)
** ဖီဖာအကျင့်ပျက်တာဝန်ရှိသူများကို စတင်စစ်ဆေး **
(လန်ဒန်၊ အောက်တိုဘာလ ၁၇-ရက်)
၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို လက်ခံကျင်းပရန် အပြိုင်အဆိုင် မဲဆွယ်စည်းရုံးနေကြစဉ် ဖီဖာထိပ်တန်းတာဝန်ရှိသူများက ၄င်းတို့ ထောက်ခံမဲများကို ရောင်းချရန်ကမ်းလှမ်းကြောင်း ဗြိတိသျှသတင်းစာတစ်စောင်က ဖော်ထုတ်ရေးသားပြီးနောက် ဖီဖာက ယင်းပြဿနာကို တနင်္ဂနွေနေ့တွင် စတင်စုံစမ်းပြီဖြစ်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်မောင်မြင့်ဆွေ **
** မိုင်းတွင်းထဲ ပိတ်မိနေသော အီကွေဒေါအလုပ်သမား နှစ်ဦး သေဆုံး **

No comments:
Post a Comment