ဒို့ခေတ်မှာ ပိုများတယ်။
ဖြစ်တောင့်ဖြစ်ခဲတွေကများပြီး
အလွယ်တကူတွေက ရှားနေပြန်ပါရော။
လေနတ္တောက
ခွင့်ပြုချက်လက်မှတ်ထိုးသူ။
အကျဉ်းထောင်ထဲမှာ
လက်နက်ကိုင်တော်လှန်ရေးမှာ
သားကောင်းရတနာတွေ တဖြုတ်ဖြုတ်ကြွေလွင့်ခဲ့ကြ
ကျောင်းသားလူငယ်တွေ
ထောင်သက်အများဆုံးကျဝံ့တဲ့ခေတ်မှာ
ဝေးတမြေ ရပ်တခြားမှာနေ
ပြည်သူတွေ လမ်းပေါ်ထွက်ကြပါလို့
အမိန့်ပေးညွန်းကြားတော်မူပြန်တယ်
အဲသလိုမျိုးနဲ့လဲ တမိုးအောက်မှာ အတူပေါက်ခဲ့ရတယ်။
တောမီးခိုးတွေက ခေတ်လိုဝေနေခဲ့တယ်
ကျွန်းတွေလဲ အခါခါပွင့်ခဲ့တယ်
နှင်းတွေလဲ အကြိမ်ကြိမ်ကျခဲ့တယ်။
`မာနယ်ပလော´အကျ
ကောင်းကင်မရှိခဲ့တဲ့ အဲ့ဒီည
ငါတို့ တပ်ရင်းမှူးကျခဲ့တဲ့ည
ငါတို့ ကောက်ကာငင်ကာ နွမ်းပါးသွားခဲ့တာတွေ။
တချို့လည်း
ငါတို့ကို သိပ်သတိရသတဲ့
အလုပ်တွေများသတဲ့
လုပ်နိုင်မှစားရတဲ့ဘ၀တဲ့
ညောင်းချဉ်ဖူးနဲ့ ငါးခြောက်စပ်ကြော်လေး
ပြန်တွေးရင်း သွားရည်ကျနေတုန်းတဲ့
ရှေ့တန်းသွားရင် သတိရှိဦးတဲ့။
နိုင်ငံခြားသားက ဒုက္ခသည်စခန်းကိုလာပြီး
ဒုက္ခသည်က နိုင်ငံခြားကိုသွားတယ်
ငါတို့က အသနားခံရမှာလား
သနားရမှာလား
အဟောင်းကို အကောင်းလုပ်ပေးလဲ
အလှူရှင်ဖြစ်တတ်တာပါဘဲ။
ဒီပဲယင်းနဲ့ လမ်းပြမြေပုံက
နှစ်လသာခြားပေမဲ့
ဒီနှစ်လအတွင်းမှာ
နှစ်ခြမ်းခြားသွားတာလည်း
ခေတ်ပါဘဲလေ။
သံလွင်ကမ်းဘေးမှာ
သဲတွေကို လက်နဲ့ထိုးထိုးဖွ
`သားကို ဆေးကုဘို့ငွေ
ဖေဖေ မရှာနိုင်တော့ဘူးသားရယ်´။
မင်းတို့ဆီမှာ
ဖုန်းမော်ကျတုန်းကလို
နွေရာသီဆိုတာရှိပါသလား။
ငါတို့နားက ကလေးတွေ
ပါရမီအခံက
မင်းတို့ရှိတုန်းကလိုပါဘဲ
ကျည်ကွယ်မျက်ကွယ်ကိုသိတယ်
မိုင်းခင်းမြေကို သိတယ်
ရန်သူစစ်သားမြင်ရင်
ဘာလုပ်ရမယ်ဆိုတဲ့သတိ
ခုထိ… …
ရှိတုန်း…။ ။
** ထက်မိုး **
(၁၇ မတ်လ ၂၀၀၄၊ ကိုထက်မိုး၏ ပြန်ကျမိုးများမှ)
သေကွဲ ရှင်ကွဲလောကဓံများ
ဒို့ခေတ်မှာ ပိုများတယ်။
ဖြစ်တောင့်ဖြစ်ခဲတွေကများပြီး
အလွယ်တကူတွေက ရှားနေပြန်ပါရော။
လေနတ္တောက
ခွင့်ပြုချက်လက်မှတ်ထိုးသူ။
အကျဉ်းထောင်ထဲမှာ
လက်နက်ကိုင်တော်လှန်ရေးမှာ
သားကောင်းရတနာတွေ တဖြုတ်ဖြုတ်ကြွေလွင့်ခဲ့ကြ
ကျောင်းသားလူငယ်တွေ
ထောင်သက်အများဆုံးကျဝံ့တဲ့ခေတ်မှာ
ဝေးတမြေ ရပ်တခြားမှာနေ
ပြည်သူတွေ လမ်းပေါ်ထွက်ကြပါလို့
အမိန့်ပေးညွန်းကြားတော်မူပြန်တယ်
အဲသလိုမျိုးနဲ့လဲ တမိုးအောက်မှာ အတူပေါက်ခဲ့ရတယ်။
တောမီးခိုးတွေက ခေတ်လိုဝေနေခဲ့တယ်
ကျွန်းတွေလဲ အခါခါပွင့်ခဲ့တယ်
နှင်းတွေလဲ အကြိမ်ကြိမ်ကျခဲ့တယ်။
`မာနယ်ပလော´အကျ
ကောင်းကင်မရှိခဲ့တဲ့ အဲ့ဒီည
ငါတို့ တပ်ရင်းမှူးကျခဲ့တဲ့ည
ငါတို့ ကောက်ကာငင်ကာ နွမ်းပါးသွားခဲ့တာတွေ။
တချို့လည်း
ငါတို့ကို သိပ်သတိရသတဲ့
အလုပ်တွေများသတဲ့
လုပ်နိုင်မှစားရတဲ့ဘ၀တဲ့
ညောင်းချဉ်ဖူးနဲ့ ငါးခြောက်စပ်ကြော်လေး
ပြန်တွေးရင်း သွားရည်ကျနေတုန်းတဲ့
ရှေ့တန်းသွားရင် သတိရှိဦးတဲ့။
နိုင်ငံခြားသားက ဒုက္ခသည်စခန်းကိုလာပြီး
ဒုက္ခသည်က နိုင်ငံခြားကိုသွားတယ်
ငါတို့က အသနားခံရမှာလား
သနားရမှာလား
အဟောင်းကို အကောင်းလုပ်ပေးလဲ
အလှူရှင်ဖြစ်တတ်တာပါဘဲ။
ဒီပဲယင်းနဲ့ လမ်းပြမြေပုံက
နှစ်လသာခြားပေမဲ့
ဒီနှစ်လအတွင်းမှာ
နှစ်ခြမ်းခြားသွားတာလည်း
ခေတ်ပါဘဲလေ။
သံလွင်ကမ်းဘေးမှာ
သဲတွေကို လက်နဲ့ထိုးထိုးဖွ
`သားကို ဆေးကုဘို့ငွေ
ဖေဖေ မရှာနိုင်တော့ဘူးသားရယ်´။
မင်းတို့ဆီမှာ
ဖုန်းမော်ကျတုန်းကလို
နွေရာသီဆိုတာရှိပါသလား။
ငါတို့နားက ကလေးတွေ
ပါရမီအခံက
မင်းတို့ရှိတုန်းကလိုပါဘဲ
ကျည်ကွယ်မျက်ကွယ်ကိုသိတယ်
မိုင်းခင်းမြေကို သိတယ်
ရန်သူစစ်သားမြင်ရင်
ဘာလုပ်ရမယ်ဆိုတဲ့သတိ
ခုထိ… …
ရှိတုန်း…။ ။
** ထက်မိုး **
(၁၇ မတ်လ ၂၀၀၄၊ ကိုထက်မိုး၏ ပြန်ကျမိုးများမှ)
No comments:
Post a Comment