လူမှုရေးလုပ်ငန်းများကို အားတက်သရောဆောင်ရွက်လေ့ရှိသော ချဲလ်ဆီးအသင်းမှ အက်ရှ်လေကိုးလ်၏ ဇနီးဟောင်း… ချယ်ရီကိုးလ် က မိဘမဲ့ကလေးများကို တိရစ္ဆာန်ရုံသို့ခေါ်လာသည်။ မျောက်ရွာသို့ရောက်သောအခါ မျောက်များကို မတွေ့ရသဖြင့် ၀န်ထမ်းတစ်ဦးအား ခေါ်မေးလေရာ ယခုရာသီမှာမျောက်များမိတ်လိုက်သည့်ရာသီဖြစ်သဖြင့် လှောင်အိမ်အတွင်းသို့ ၀င်ရောက်နေကြခြင်းဖြစ်ကြောင်း ရှင်းပြသည်။ သို့ရာတွင် ချယ်ရီကိုးလ်က `ကလေးတွေက မျောက်တွေကို အရမ်းကြည့်ချင်နေတာရှင့်… လှောင်အိမ်ထဲကိုငှက်ပျောသီးပစ်ပေးလိုက်ရင်ရော သူတို့ထွက်လာကြမလားမသိဘူး´
`အင်း… ဒါတော့ မပြောတတ်ဘူး… ခင်ဗျားဆိုရင်ရော´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment