“ဖောင်းပိန် ပိန်ဖောင်း
အရှိန်ကောင်းကောင်းနဲ့ မှတ်ပါ” တဲ့
အတ္တကို အနတ္တ မြင်လာအောင်
လက္ခဏာရေး တင်ခိုင်းတယ်။ ။
သံသရာ ရဟတ်ချားမှာ
မပြတ် သွားနေရတဲ့ ငါကတော့
ဝိပဿနာ မမြင်နိုင်
လူ့တခွင်ရဲ့ အပိန်အဖောင်းတွေ
အကောင်းအဆိုး အတက်အကျတွေ
ဓမ္မနဲ့ အဓမ္မ တရားတွေ
အမှားတွေနဲ့ အမှန်တွေ
ဝေဖန်သုံးသပ် ဆုံးဖြတ်ရင်း
ဒေါမနဿ သောမနဿတွေနဲ့
လောက ပြဿနာတွေကို
အဖြေရှာကြည့်မိတယ်။ ။
လူ့လောကကို ကျောခိုင်း
တောရှိုင်းမြေမှာ ငါ မပျော်
ငါ တော်တော် ညံ့သေးတာပေါ့နော်။ ။
တင်မိုး
(၁၈ ဇူလိုင် ၁၉၉၉၊ တနင်္ဂနွေနေ့ နံနက်ခင်း၊ တင်မိုးရဲ့ ကဗျာပေါင်းချုပ်မှ)
မဟာစည် ဆရာတော်က
“ဖောင်းပိန် ပိန်ဖောင်း
အရှိန်ကောင်းကောင်းနဲ့ မှတ်ပါ” တဲ့
အတ္တကို အနတ္တ မြင်လာအောင်
လက္ခဏာရေး တင်ခိုင်းတယ်။ ။
သံသရာ ရဟတ်ချားမှာ
မပြတ် သွားနေရတဲ့ ငါကတော့
ဝိပဿနာ မမြင်နိုင်
လူ့တခွင်ရဲ့ အပိန်အဖောင်းတွေ
အကောင်းအဆိုး အတက်အကျတွေ
ဓမ္မနဲ့ အဓမ္မ တရားတွေ
အမှားတွေနဲ့ အမှန်တွေ
ဝေဖန်သုံးသပ် ဆုံးဖြတ်ရင်း
ဒေါမနဿ သောမနဿတွေနဲ့
လောက ပြဿနာတွေကို
အဖြေရှာကြည့်မိတယ်။ ။
လူ့လောကကို ကျောခိုင်း
တောရှိုင်းမြေမှာ ငါ မပျော်
ငါ တော်တော် ညံ့သေးတာပေါ့နော်။ ။
တင်မိုး
(၁၈ ဇူလိုင် ၁၉၉၉၊ တနင်္ဂနွေနေ့ နံနက်ခင်း၊ တင်မိုးရဲ့ ကဗျာပေါင်းချုပ်မှ)
No comments:
Post a Comment