ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, October 9, 2010

နိုင်ငံရေးဆိုတာ ပြိုင်ပွဲမဟုတ်ဘူး

>
ဂျာနယ်တွေမှာ လုပ်နေကြတဲ့ လူငယ်လေးတွေနဲ့ လုံမငယ်လေးတွေ နေ့စဉ်လိုလိုရောက်လာလေ့ ရှိပါတယ်။ တချို့က စကားစမြည် ပြောချင်လို့၊ တချို့က မေးချင်မြန်းချင်လို့ တချို့ကျတော့ သူတို့သတင်းအတွက် အင်တာ ဗျူးချင်လို့ စတဲ့ အကြောင်းမျိုးစုံဖြစ်တယ်။ မနေ့ကတော့ အင်တာနက်က သတင်းတွေ ဘာသာပြန်ရတဲ့ ကလေး မလေးနှစ်ယောက်နဲ့ လူငယ်လေးတစ်ယောက် ရောက်လာပြီး၊ သတင်းစာသုံး ဘန်းစကားတချို့နဲ့ ဝေါစာရတချို့ မေးကြပါတယ်။

သီးသန့်သုံး ဘန်းစကားတွေ
စက်ရုံတွေထဲမှာ အလုပ်သမားတွေသာသိတဲ့ ဘန်းစကားတွေ ရှိသလို သဘင်သမား ရုပ်ရှင်သမားတွေသာသိတဲ့ ဘန်းစကားတွေလည်း ရှိပါတယ်။ အလားတူပဲ ဆရာဝန်နဲ့ သူနာပြုဆရာမတွေသာသိတဲ့ ဆေးရုံသုံး ဘန်းစကားတွေ ရှိပါတယ်။ စာနယ်ဇင်းလောကမှာလည်း သူတို့သာသိတဲ့ ဘန်းစကားတွေ ရှိပါတယ်။ ဒီလို သီးသန့်နယ်ပယ်သုံး ဘန်းစကားမျိုးတွေကို (Jargon) “ဂျားဂန်း”လို့ ခေါ်ပါတယ်။ နိုင်ငံရေးလောကမှာလည်း အဲဒီလို ဘန်းစကားမျိုးတွေ အများကြီး ရှိနေပါတယ်။ ဒီလိုစကားလုံး ဝေါဟာရတွေက အဘိဓာန်ဖွင့်ကြည့်ရုံနဲ့ သိနိုင်တာ မဟုတ်ပါဘူး။ စာဖတ်ရေတော်တော်ကို ၀နေမှ သိနိုင်တာမျိုးတွေ ဖြစ်ပါတယ်။ လာမေးကြတဲ့ လူငယ်လေးတွေက အသက်နှစ်ဆယ်သာသာလောက်သာ ရှိကြသေးတာဆိုတော့ စာနယ်ဇင်းလုပ်သက် နုသေးသလို စာဖတ်သတ်လည်း တော်တော်နုကြသေးပုံရပါတယ်။ တစ်ခါကများ ဂျာနယ်တစ်စောင်မှာ “နိုင်ငံတော် အတွင်းရေးမှူး”ဆိုတဲ့ အသုံးတွေ့လိုက်ရတော့ သေသေချာချာ ဆက်ဖတ်လိုက်တော့မှ အမေရိကန်တွေသုံးတဲ့ “Secretary of State” ဆိုတာကို ဘာသာပြန်ထားတာမှန်း သိလိုက်ရတယ်။ အဲဒီစာလုံးကို “နိုင်ငံခြားရေးဝန်ကြီး”လို့ ဘာသာပြန်ရတယ် ဆိုတာကို ဘာသာပြန်သူက သိပုံမရပါဘူး။
စိတ်မချရတဲ့ ဘာသာပြန်တွေ
ခက်တာက ဘာသာပြန်သူက လူငယ်လေးတွေဖြစ်လို့ မသိသလိုဘဲ၊ တာဝန်ရှိတဲ့ အယ်ဒီတာတွေကလည်း လူငယ်တွေကလည်း လူငယ်တွေပဲဖြစ်တော့ သူတို့လည်း ဘာမှ မသိကြပါဘူး။ ဒီအလုပ်ကို အမှန်တကယ် ၀ါသနာပါလို့ လုပ်တဲ့ လူငယ်တချို့ကသာ ကြိုးစားပမ်းစား မေးမြန်းစုဆောင်း မှတ်သားလုပ်ကြပေမယ့်၊ အရလွယ်လို့ ၀င်လုပ်ကြသူ တော်တော်များများကတော့ ပြီးပြီးရော လုပ်နေကြတာပါပဲ။ ဒါကြောင့်လည်း ဂျာနယ်တွေက နိုင်ငံခြားသတင်း ဘာသာပြန်ချက် အများစုဟာ စိတ်မချရ ဖြစ်နေကြတာပါ။ ထားပါတော့။ ဒီအကြောင်းမျိုးတွေ ရေးခဲ့ပေါင်းများပြီးမို့ သိပ်ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး။ ကလေးတွေ လာမေးတဲ့ထဲမှာပါတဲ့ majority party နဲ့ minority party ဆိုတဲ့ စကားလုံးနှစ်လုံးနဲ့ စပ်ဆက်တွေးမိတာလေးကိုသာ ပြောချင်ပါတယ်။ အမေရိကန်ရဲ့ နိုင်ငံရေးစံနစ်က သမ္မတဦးဆောင်တဲ့ အစိုးရအဖွဲ့က သီးခြားတာဝန်ယူရပြီး၊ အထက်အောက် လွှတ်တော်နှစ်ရပ်က သီးခြားတာဝန်ယူပါတယ်။ အင်္ဂလိပ်ပါလီမန်စံနစ်မှာ အစိုးရနဲ့ အတိုက်ခံဆိုတဲ့ လွှတ်တော်ထဲမှာလည်း အမတ်ဦးရေ အများစုရတဲ့ ပါတီကို majorty party ခေါင်းဆောင်ကို majority leader လို့ခေါ်ပြီး အမတ်ဦးရေ အနည်းစုရတဲ့ပါတီ minority party၊ ခေါင်းဆောင်ကို minority leader လို့ ခေါ်ပါတယ်။
နိုင်ငံရေးဟာ ပြိုင်ပွဲမဟုတ်
တကယ်လက်တွေ့မှာ ကောင်းတာမကောင်းတာ ဖြစ်တာမဖြစ်တာ ဆိုတာထား၊ စာရွက်ပေါ်မှာတော့ အတော်လေး ကောင်းတယ်လို့ ထင်ပါတယ်။ အတိုက်အခံဆိုတဲ့ စကားလုံးက “စကားနောက်တရားပါ”ဆိုသလို ဆန့်ကျင်ဖက် အတိုက်အခံဆိုတဲ့ သဘောဆောင်နေပါတယ်။ တကယ်က နိုင်ငံရေးလုပ်တယ်ဆိုတာဟာ သူနိုင်ငါနိုင် ပြိုင်တဲ့ပြိုင်ပွဲ မဟုတ်ပါဘူး။ နိုင်ငံ့အရေး ကိစ္စ အ၀၀ကို ကိုယ်တတ်နိုင်သလောက် ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ဖြစ်တယ်။ တစ်ဦးနဲ့ တစ်ဦး ဆန့်ကျင်ကြဖို့ တိုက်ခိုက်ကြဖို့ မဟုတ်ပါဘူး။ လုပ်နည်းလုပ်ဟန်တွေ၊ အတွေးအမြင်တွေ မတူတာနဲ့ ဆန့်ကျင်ဖက်လို့ မသတ်မှတ်သင့်ပါဘူး။ မတူတာတွေကို ညှိနှိုင်းဆွေးနွေးပြီး ညှိယူရမှာပေါ့။ မတူလို့ မဲခွဲဆုံးဖြတ်တယ်ဆိုတာမျိုးကို နေရာတိုင်း မလုပ်သင့်ဘူး။ မဲခွဲဆုံးဖြတ်ခြင်းက မတူတဲ့ သဘောထားကို ပိုပြီး ကြီးမားသွားစေတယ်။ မတူတာကို တူတဲ့အထိ ဆွေးနွေးညှိနှိုင်းသင့်တယ်။ ညှိလို့မရသေးရင် မတူတာတွေကို ဆက်မငြင်းပဲ အသာထားပြီး၊ တူတာတွေကို လက်တွဲလုပ်ဆောင်ကြရပါမယ်။ ဒါမှ နိုင်ငံ့အရေး လုပ်တယ် မည်ပါတယ်။ နိုင်ငံရေးလုပ်တာကို ရန်၊ ငါ ကိစ္စအဖြစ် သဘောထား လုပ်ဆောင်လို့ မဖြစ်ပါဘူး။ နိုင်ငံရေးကို လုပ်ကြသူချင်းပဲ၊ လုပ်ဖော်ကိုင်ဖက်လို့ သဘော ထားကြရမှာပေါ့။ အထက်တန်းကျတဲ့ ယဉ်ကျေးမှုဆိုတာ အဲဒီစိတ်ဓာတ်မျိုးကို ပြောတာပါ။
ရန်ဖြစ်တာကလေးအလုပ်
ကိုယ်နဲ့မတူတိုင်း ရန်သူလို့ သဘောထားပြီး တစ်ကျက်ကျက် ရန်ဖြစ်တယ် ဆိုတာက မရင့်ကျက်သေးတဲ့ ကလေးတွေရဲ့ အလုပ်ဖြစ်တယ်။ လူကြီးဆိုတာက စိတ်ရှည်သီးခံပြီး သဘောထားကြီးရတယ်။ လူအမျိုးမျိုး စိတ်အထွေထွေဆိုတဲ့ သဘာဝကို နားလည်ရတယ်။ ကိုယ်ကြိုက်တာ ကိုယ်ယုံကြည်ခွင့်၊ လုပ်ခွင့်ရှိသလို သူကြိုက်တာ သူယုံကြည်ခွင့်၊ လုပ်ခွင့်ရှိတယ်ဆိုတာကိုလည်း လက်ခံနိုင်တဲ့ အရည်အချင်းရှိရတယ်။ ကိုယ့်သိက္ခာကို ကိုယ်လေးစားသလို သူ့ သိက္ခာကိုလည်း လေးစားရတယ်။ လူမျိုးဘာသာ အသားအရောင်၊ အယူအဆတွေ ဘယ်လောက်ပဲ ကွဲပြားနေပါစေ၊ တစ်ဖက်သားကို လူအဖြစ် တန်းဖိုးထားရတယ်။ ဒီလက္ခဏာတွေနဲ့ ညီညွတ်မှ လူကြီးလူကောင်းလို့ သတ်မှတ်နိုင်တယ်။ နိုင်ငံရေး လုပ်တော့မယ်ဆိုရင် အနိမ့်ဆုံး အားဖြင့် လူကြီးလူကောင်းဆိုတဲ့ အရည်အချင်းမျိုးတော့ ရှိဖို့လိုပါတယ်။
စိတ်ရိုင်းစိတ်ညစ်တွေ
ဒီနေ့ ကမ္ဘာကြီး တစ်ခုလုံးမှာ မညီမျှမှုတွေ မတရားမှုတွေနဲ့ တိုက်ကြခိုက်ကြ၊ သတ်ကြဖြတ်ကြဆိုတာတွေနဲ့ စိတ်မချမ်းသာစရာတွေချည့် မြင်တွေ့နေရတာဟာ “လူကြီးလူကောင်းစိတ်ဓာတ်”ဆိုတဲ့ စိတ်မျိုး ဆိတ်သုဉ်းပျောက်ကွယ်သွားလို့ ဖြစ်ရတာပါ။ ငွေကအရာရာကို ချယ်လှယ်တဲ့ လူနေမှုစံနစ်ကြီး ထွန်းကားလာကတည်းက “ဘယ်သူသေသေ ငတေမာပြီးရော”ဆိုတဲ့ စိတ်ရိုင်းစိတ်ညစ်တွေ တားမနိုင်ဆီးမရ ဖြစ်ကုန်ပါတော့တယ်။ ခရီးသ်ညအပြည့်ပါတဲ့ လေယာဉ်ပျံကြီးကို အပိုင်စီးပြီး လူတွေ သောင်းချီရှိနေတဲ့ အဆောက်အဦးကြီးကို ၀င်ဆောင့်ပစ်လိုက်တဲ့ အထိကို လူသားတွေဟာ ရိုင်းစိုင်းရက်စက် ကြမ်းကြုတ်ကုန်ကြပါတယ်။ ဒီနေ့ အာဖဂန်နစ္စတန်နိုင်ငံမှာ ဖြစ်နေတာတွေ ကြည့်ပါလား။ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ဒေသက မြို့တွေရွာတွေကို အဝေးကြီးကနေ “မကောင်းသူထိပ် ကောင်းသူထိပ်”ဆိုတဲ့ သဘောထားနဲ့ ဒုံးကျည်တွေနဲ့ ဒလစပ် လှမ်းပစ်နေကြတယ်လေ။ မူလတန်းကျောင်းကလေးပေါ်ကျကျ၊ ဆေးရုံပေါ်ကျကျ၊ ကျချင်တဲ့နေရာကျ၊ ဘာကိုမှ ဂရုမစိုက်ဘူး။ သေတဲ့လူတွေ ဘယ်သူဖြစ်ဖြစ် တာလီဘန်တွေ ဘယ်နှစ်ယောက်ကို ချေမှုန်းသုတ်သင်ပစ်လိုက်တယ်ဆိုပြီး ဦးအောင် ကြေညာချက် ထုတ်လိုက်ရင် ပြီးတာပဲ။ လူတစ်စု အကြမ်းဖက်မှုကို နိုင်ငံတော် အကြမ်းဖက်မှုနဲ့ တုံပြန်တာဟာ မှန်ကန်တဲ့၊ လူ့ယဉ်ကျေးတို့ လုပ်ရပ်မဟုတ်ပါဘူး။
ရန်မဖြစ်ဘဲ နေကြစို့
သံခင်းတမန်ခင်းရေးရာမှာ သုံးလေ့သုံးထရှိတဲ့ “သဘောမတူတာတွေ ရှိနေတယ်ဆိုတာ သဘောတူကြတယ်” (agree to disagree) ဆိုတဲ့ စကားလုံးဟာ နိုင်ငံရေးသမားကောင်းတို့ လိုက်နာအပ်တဲ့ စိတ်ဓာတ်ဖြစ်တယ်။ တစ်ဖက်နဲ့ တစ်ဖက်သဘောထားအမြင် မတူတာတွေကို နောက်ဆက်ပြီး ညှိနှိုင်းသွားကြမယ်၊ ခုလောလောဆယ် ရန်မဖြစ်ပဲ နေကြစို့ဆိုတဲ့ သဘောမျိုးဖြစ်တယ်။ ဒီလို သဘောထားနိုင်လို့လဲ တတိယကမ္ဘာစစ်ကြီး အခုထိ မဖြစ်သေးတာပေါ့။ နိုင်ငံတကာ အရေးပဲဖြစ်ဖြစ်၊ လူတစ်ယောက်ချင်း ကိစ္စပဲဖြစ်ဖြစ်၊ လူနဲ့ လူချင်း ဆက်ဆံရေးကိစ္စအ၀၀မှာ “ငါနဲ့ မတူ ငါ့ရန်တူ”ဆိုတဲ့ အမြင်မျိုး လူယဉ်ကျေးတို့ နယ်ပယ်မှာ မရှိသင့်တော့ဘူးဆိုတာ အားလုံး သဘောတူကြလိမ့်မယ်လို့ ယုံကြည်ပါတယ်ဗျာ။ ။

လူထုဦးစိန်ဝင်း
(၁၉၊ ၇၊ ၂၀၀၉၊ လူထုရနံ့ စာစုများမှ ကူးယူဖော်ပြသည်။)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)