သစ်ရွက်ကြွေပေါ်မှာ
ဒိုင်ယာရီကလေး ရေးမိတယ်။
ပန်းပွင့်ကလေးတွေ ပေါ်မှာ
ကဗျာ ဆန်းဆန်းကလေးတွေကို
မှတ်တမ်း ရေးမိတယ်။
ဒိုင်ယာရီ မှတ်တမ်းကလေးကို
ပြန်လွမ်းချင်လို့ ဖတ်ချင်ပေမယ့်
စမ်းရေထဲမှာ မျောသွားပြီကောကွယ်။
နေ့တွေ ရက်တွေကလဲ
ရွက်ကြွေတွေလို တန်ဖိုးမဲ့
မျောသွားသတဲ့လား အချစ်ရယ်။
ဘာပဲဖြစ်ဖြစ်
အချစ်ဆိုတဲ့နှလုံးသား မှတ်တမ်းကလေးမှာ
အလွမ်းငွေ့ကလေးတော့ ကျန်ရစ်မယ်။
သွားပေဦးတော့ မှတ်တမ်းကလေးရယ်။ ။
တင်မိုး
(၁၆၊ ဇူလိုင်၊ ၁၉၉၉၊ သောကြာနေ့ နံနက်ခင်း)
(တင်မိုး ကဗျာပေါင်းချုပ် ၁၉၉၉ မှ ကူးယူဖော်ပြသည်။)
စီးသွားတဲ့ ရေပေါ်က
သစ်ရွက်ကြွေပေါ်မှာ
ဒိုင်ယာရီကလေး ရေးမိတယ်။
ပန်းပွင့်ကလေးတွေ ပေါ်မှာ
ကဗျာ ဆန်းဆန်းကလေးတွေကို
မှတ်တမ်း ရေးမိတယ်။
ဒိုင်ယာရီ မှတ်တမ်းကလေးကို
ပြန်လွမ်းချင်လို့ ဖတ်ချင်ပေမယ့်
စမ်းရေထဲမှာ မျောသွားပြီကောကွယ်။
နေ့တွေ ရက်တွေကလဲ
ရွက်ကြွေတွေလို တန်ဖိုးမဲ့
မျောသွားသတဲ့လား အချစ်ရယ်။
ဘာပဲဖြစ်ဖြစ်
အချစ်ဆိုတဲ့နှလုံးသား မှတ်တမ်းကလေးမှာ
အလွမ်းငွေ့ကလေးတော့ ကျန်ရစ်မယ်။
သွားပေဦးတော့ မှတ်တမ်းကလေးရယ်။ ။
တင်မိုး
(၁၆၊ ဇူလိုင်၊ ၁၉၉၉၊ သောကြာနေ့ နံနက်ခင်း)
(တင်မိုး ကဗျာပေါင်းချုပ် ၁၉၉၉ မှ ကူးယူဖော်ပြသည်။)
No comments:
Post a Comment