(တီဟီရန်၊ အောက်တိုဘာလ ၁၀-ရက်)
ဆွန်နီစစ်သွေးကြွအုပ်စုတစ်စုက အီရန်နိုင်ငံ ညူကလီးယားစက်ရုံတစ်ရုံမှ ပညာရှင်တစ်ဦးကို ပြန်ပေးဆွဲထားပြီး တီဟီရန်အစိုးရက ဖမ်းဆီးထားသော ၄င်းတို့အဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် သို့မဟုတ်ပါက ယင်းပညာရှင်ထံမှ ရရှိထားသည့် လျှို့ဝှက်ချက်များကို ထုတ်ပြန်ကြေညာလိုက်မည်ဟု တနင်္ဂနွေနေ့တွင် ခြိမ်းခြောက်လိုက်သည်။ (အင်တာနက်)
** ဥမင်အတွင်းပိတ်မိနေသော ချီလီမိုင်းလုပ်သားများ ဗုဒ္ဓဟူးနေ့တွင် ကယ်ထုတ်နိုင်ဖွယ်ရှိ **
(စန်တီယာဂို၊ အောက်တိုဘာလ ၁၀-ရက်)
ချီလီနိုင်ငံ၏ မြေအောက်မိုင်းတွင်း၌ ပိတ်မိနေသည့် မိုင်းလုပ်သား ၃၃ ဦးအား ကယ်ထုတ်ရေးလုပ်ငန်းကို ဗုဒ္ဓဟူးနေ့တွင် စတင်နိုင်ဖွယ်ရှိကြောင်း သတ္တုဝန်ကြီးက တနင်္ဂနွေနေ့တွင် ပြောကြားသည်။ မိုင်းလုပ်သားများ ခိုအောင်းနေသည့် မြေအောက်လိုစ်ခေါင်းသို့ ပေါက်ရောက်အောင် အင်ဂျင်နီယာများက တွင်းတူးနိုင်ခဲ့ပြီးနောက် ၀န်ကြီးလော့ရင့်ဂိုလ်ဘွန်းက ပြောကြားခြင်းဖြစ်သည်။ (အင်တာနက်)
** ယူရိုငွေ ၁၂၉ သန်းကျော်ရမည့် ကံထူးရှင် ယခုအချိန်အထိ လာရောက်မဆက်သွယ် **
(လန်ဒန်၊ အောက်တိုဘာလ ၁၀-ရက်)
ဗြိတိန်နိုင်ငံတွင် ထီပေါက်သူတစ်ဦးသည် အောက်တိုဘာလ ၈ ရက်နေ့က ဖွင့်လှစ်သော ယူရိုသန်းထိဖွင့်ပွဲတွင် ယူရို ၁၂၉ သန်းကျော် ရှိသည့် အောင်ဘာလေ သန်းထီဆုကြီးဆွတ်ထူးရရှိခဲ့သော်လည်း လာရောက်ဆက်သွယ်ခြင်းမရှိသေးကြောင်း ထီရောင်းချရေးအဖွဲ့ တာဝန်ရှိသူများက အောက်တိုဘာလ ၉ ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** တရုတ်၌ ဒိုင်နိုဆောရုပ်ကြွင်းတွေ့ရှိ **
(ကူမင်၊ အောက်တိုဘာလ ၁၀-ရက်)
တရုတ်ပြည်အနောက်တောင်ပိုင်း ယူနန်ပြည်နယ်အတွင်းမှ အသားစားဒိုင်နိုဆော ရုပ်ကြွင်းသစ်တစ်ခုကို သိပ္ပံပညာရှင်များက ဖော်ထုတ်တွေ့ရှိထားပြီဖြစ်ကြောင်း တရုတ် အကယ်ဒမီသိပ္ပံ(စီအေအက်စ်)မှ သုတေသီတောင်ဇီမင်းက အောင်တိုဘာလ ၉ ရက်နေ့တွင် ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ **
** အီရန်ညူပညာရှင် တစ်ဦး ပြန်ပေးဆွဲခံနေရ **

No comments:
Post a Comment