သူ့အလှက ပျိုမျစ်လတ်ဆတ်
နုဖပ် စိုပြည်နေဆဲပေါ့။
**၀တ်ရည်စုတ်ပြီး နောက်တော့
ညှိုးခြောက်သွေ့ရော်
ဖြူလျော်လျော် အဆင်းနဲ့
အိုမင်းခြင်း အောက်လံစိုက်ပြီပေါ့။
**ပျိုမျစ်ခြင်း အလှ
တသသနဲ့ပဲ
ဘ၀တလျှောက်မှာ ပျော်ရွှင်
အလွမ်းပင်ကလေး ပျိုးပြီး
အချစ်ပန်းအိုးကလေး တင်ခဲ့ပြီ။
**တကြိမ် တွေ့ရှံမျှနှင့်
မေ့နိုင်ဖွယ် မရှိ
သေဆုံးသည်အထိ အမျှင်တန်းသွားတဲ့
သံယောဇဉ် ပန်းကလေး ဖြစ်သွားတယ်။ ။
**တင်မိုး**
(၂၂ ဇူလိုင် ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း၊ တင်မိုး ကဗျာပေါင်းချုပ်မှ)
**၀တ်ရည်စုတ်တုန်း ခဏမှာတော့
သူ့အလှက ပျိုမျစ်လတ်ဆတ်
နုဖပ် စိုပြည်နေဆဲပေါ့။
**၀တ်ရည်စုတ်ပြီး နောက်တော့
ညှိုးခြောက်သွေ့ရော်
ဖြူလျော်လျော် အဆင်းနဲ့
အိုမင်းခြင်း အောက်လံစိုက်ပြီပေါ့။
**ပျိုမျစ်ခြင်း အလှ
တသသနဲ့ပဲ
ဘ၀တလျှောက်မှာ ပျော်ရွှင်
အလွမ်းပင်ကလေး ပျိုးပြီး
အချစ်ပန်းအိုးကလေး တင်ခဲ့ပြီ။
**တကြိမ် တွေ့ရှံမျှနှင့်
မေ့နိုင်ဖွယ် မရှိ
သေဆုံးသည်အထိ အမျှင်တန်းသွားတဲ့
သံယောဇဉ် ပန်းကလေး ဖြစ်သွားတယ်။ ။
**တင်မိုး**
(၂၂ ဇူလိုင် ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း၊ တင်မိုး ကဗျာပေါင်းချုပ်မှ)
No comments:
Post a Comment