** ကန်မောင်းသူမဲ့ ကင်းထောက်လေယာဉ်သုံးစင်း ဂျပန်နိုင်ငံက ၀ယ်ယူမည် **
(တိုကျို၊ အောက်တိုဘာလ ၅ ရက်)
** အင်ဒိုနီးရှားတွင်ရေကြီး ၂၆ ဦးသေဆုံးပြီး ၆၁ ဦးဒဏ်ရာရ **
(ဂျကာတာ၊ အောက်တိုဘာလ ၅ ရက်)
အင်ဒိုနီးရှားနိုင်ငံအရှေ့ဖျား ပါပူးဝါပြည်နယ်အနောက်ပိုင်း၌ ရေကြီးခဲ့သဖြင့် အနည်းဆုံး ၂၆ ဦသေဆုံးပြီး အခြားနှစ်ဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက အောက်တိုဘာလ ၄ ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ဗြိတိန်ခရီးသွားလေးဦး ပီရူးတွင် လေယာဉ်ပျက်ပျ သေဆုံး **
(လန်ဒန်၊ အောက်တိုဘာလ ၅ ရက်)
ပီရူးနိုင်ငံ နက်ဇ်ကာလိုင်းဒေသ၌ လေယာဉ်ငယ်တစ်စင်း အောက်တိုဘာလ ၂ ရက်နေ့က ပျက်ကျသွားခဲ့ရာ ဗြိတိန်ခရီးသွားဧည့်သည် လေးဦးအပါအ၀င် ခြောက်ဦးသေဆုံးသွားကြောင်း အင်န်ဒီနာ သတင်းအေဂျင်စီက သတင်းဖော်ပြသည်။ (ရိုက်တာ)
** အကြမ်းဖက်မှု ကြံစည်သူများအား ပြင်သစ်ရဲတပ်ဖွဲ့ ဖမ်းဆီး **
(ပါရီ၊ အောက်တိုဘာလ ၅ ရက်)
(ပန်ဂျပ်၊ အောက်တိုဘာလ ၅ ရက်)
ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် အနည်းဆုံး တရားသူကြီး ၁၃၀၀ မျှသည် ရာထူးမှ နုတ်ထွက် စာတင်ခဲ့ကြရာတရားစီရင်ရေး ကဏ္ဍများတွင် အခြေအနေ ဆိုးရွားနေကြောင်း၊ ရှေ့နေများလွန်ကျူးသော ပြုမူဆက်ဆံ ပုံများကို သည်းမခံနိုင်တော့သဖြင့် အဆိုပါ တရားသူကြီးများသည် ၄င်းတို့၏ နုတ်ထွက်စာကို အောက်တိုဘာလ ၄ ရက်နေ့တွင် တင်ခဲ့ကြခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းမ၌ ဖော်ပြထားသည်။ (ဆင်ဟွာ)
** စုစည်းဘာသာပြန်-အာကာကျော် **
(တိုကျို၊ အောက်တိုဘာလ ၅ ရက်)
ဝေဟင်ထောက်လှမ်းရေးလုပ်ငန်းများ စွမ်းရည်မြှင့်တင်ရန် အမေရိကန်မောင်းသူမဲ့ ကင်းထောက် လေယာဉ် သုံး စင်းကို ဂျပန်အစိုးရက ၀ယ်ယူရန် စီစဉ်လျက်ရှိသည်ကြောင်း တိုကျိုသတင်းဌာနက အောက်တိုဘာလ ၄ ရက် နေ့တွင် ကြေညာသည်။ (အင်တာနက်)

ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် ပြုလုပ်ခဲ့သော အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး စစ်ဆင်ရေးတစ်ရပ်တွင် ပြင် သစ်ရဲတပ်ဖွဲ့က လူကိုးဦးကို ဖမ်းဆီးခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းခဲ့ကြောင်း ယနေ့ သတင်း များတွင် ဖော်ပြသည်။သတင်းဌာနများ၏ အဆိုအရ ပြင်သစ်ရဲတပ်ဖွဲ့သည် ပြင်သစ် နိုင်ငံ တောင်ပိုင်းဆိပ်ကမ်း မြို့ ဖြစ်သော မာဆေးလ်မြို့ နှင့် အေဗီနွန်မြို့တွင် စစ်ဆင်ရေးများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (အင်တာနက်)
** ပါကစ္စတန်တရားရုံးများ အခက်အခဲကြုံတွေ့ **(ပန်ဂျပ်၊ အောက်တိုဘာလ ၅ ရက်)

No comments:
Post a Comment