ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, October 17, 2010

" ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ”အပိုင်း(၃)

> ၁၉၉၅ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ ( ရှစ်လေးလုံးလူထုအရေးတော်ပုံ-နှစ်ပတ်လည်နေ့ ) အန်တီစုရဲ့နေအိမ်မှာ ကျနော်တို့ ( တကသ ) ကျောင်းသားတွေနဲ့ အန်တီ တွေ့ဆုံပြီး ရှစ်လေးလုံး အထိမ်းအမှတ်စကားဝိုင်းလေး ကျင်းပကြတယ်။ ကျောင်းသားတွေက စုစုပေါင်း ၃၀ လောက်ရှိမယ်။ ဒီထဲမှာထူးထူးခြားခြား ကနေဒါနိုင်ငံသား-ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ယောက်လည်းပါသဗျ။ သူကတော့ ကျနော်တို့ပြောဆိုနေတဲ့ အချိန်မှာ ဘေးနားမှာထိုင်ပြီး နားမလည်သည့်တိုင်အောင် စိတ်ရှည်စွာထိုင်ပေးတယ်။ အဲဒီနေ့က တကသ ရဲ့ ဗမာလို။ အင်္ဂလိပ်လို ကြေငြာချက်ကို ဖတ်ပြတယ်။ အင်္ဂလိပ်လိုကြေငြာချက်ကို ဦးဝင်းထိန်ကဖတ်ပြတယ်။ အဓိက အချက်ကိုထုတ်ပြပါဆိုရင်တော့-
“အမျိုးသားပြန်လည်သင့်မြတ်ရေးမှသည် တွေ့ဆုံဆွေးနွေးရေးဆီသို့ “ဆိုတဲ့ ဦးတည်ချက်ပါပဲ။

အဲဒီနေ့ကစလို့ ကျနော်တို့ကျောင်းသားများအနေနဲ့ အန်တီစုအပါဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များနဲ့လက်တွဲပြီး ဒီ ဦးတည်ချက်ကို အကောင်ထည်ဖော်ဆောင်ရွက်ဖို့ သံဓိဌာန် ချမှတ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးချက် အခွေကို အသံဖမ်းထားပြီး တိတ်ခွေကူးဖြန့်ခဲ့တာ တော်တော်ပြန့်သွားပါတယ်။ ထွက်လာတဲ့ခွေကလည်း ရုတ်တရက်ကြည့်ရင် ကာဗာပုံတွေ ဘာတွေနဲ့တော်တော်သားသားနားနားပါ။ အန်တီစုနဲ့ ကျနော်တို့ကျောင်းသားတွေ စုရိုက်ထားတဲ့ပုံကို ကာဗာလုပ်ထားတာ။ အမှန်က အဲဒီကာဗာက ဓါတ်ပုံကို တိတ်ခွေနဲ့ အံကိုက်လုပ်ပြီး ခေါက်ထဲ့ထားတာပါ။ အန်တီတောင်မှ အဲဒါကိုတွေ့သွားပြီး တော်တော်အံအားသင့်သွားတယ်။ ဒီအခွေ ကတော်တော်ပြန့်သွားတာကို အန်တီလည်းသိတယ်။ ဒါနဲ့ အန်တီက ကျနော့်ကိုပြောတယ် ၊ “နောက်ထပ်တခါ ထပ်လုပ်မယ်..“တဲ့ ။“သားမေးချင်တဲ့ မေးခွန်းတွေကို အန်တီကို ကြိုပေးထား ။သေသေချာချာ ထပ်လုပ်ရအောင်...“တဲ့ ။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး ။ဘာလို့လဲ ဆိုတော့ အန်တီကလည်း ကြားထဲမှာ မအား ၊ ကျနော်လည်း သိပ်မကြာခင်ပဲ အဖမ်းခံရပြီး ဒုတိယအကြိမ် ထောင်ထဲဝင်သွားရလို့ပါ။

ပြောမယ်ဆို အဲဒီတိတ်ခွေကို နေ့ည မအား ကူညီဆောင်ရွက်ပေးရှာတဲ့ ( ရုရှားပြန်- ကိုစောနု )။ သူက လှည်းတန်းမှာ အဆိုသင်တန်းဖွင့်ထားတာ ၊ နာမည်ကြီးပါတယ်။ နာမည်ကျော် ပန်းချီ ပညာရှင် ချောအိသိမ်းက ဆက်သွယ်ပေးရင်းက သိရတာ ။ သူ့ကို အရမ်းကျေးဇူးတင်ပါတယ်။ သူက ဘယ်လောက်စိတ်အားထက်သန်သလဲ ဆိုရင် သူ့ သင်တန်းပေးရေး အလုပ်ကိုတောင်ပစ်ပြီး ကျနော်တို့ကို ကူညီခဲ့တာ ဘယ်တော့မှမမေ့ပါဘူး။ နောက်တစ်ယောက်က လက်ရှိအခြေအနေထိ ဗမာပြည်မှာ နာမည်ကြီးနေတဲ့ စတီရီယိုအဆိုတော်တစ်ဦး ( နာမည်ကိုတော့ လုံခြုံရေးအရ မပြောတော့ပါဘူး။) သူဆို သူ့ပိုက်ဆံနဲ့သူ စိုက်ထုတ်ကူး ဖြန့် -အဲသလိုလုပ်ခဲ့တာပါ။ သူဖြန့်ခဲ့တာ အခွေပေါင်းကို မနည်းပါဘူး၊ပြောရရင်တော့ အသေးအဖွဲကစ ကူညီခဲ့တဲ့ပြည်သူတွေအများကြီးပါ။ နောက် အရေးကြီးတဲ့သူတစ်ယောက်က နာမည်ကြီး ဟစ်ဟော့ အဆိုတော် ဘာဘူ နဲ့ နာမည်ကြီး မော်ဒယ် ၊ သရုပ်ဆောင် သန္တာလှိုင်တို့ရဲ့ အဖေ =ဒေါက်တာလှိုင်မြင့်ပါ။ ပြောရရင်တော့ သူနဲ့ကျနော် နောက်ပိုင်းလည်းကျတော့ အမှု့တွဲတွေဖြစ်ခဲ့ပြီး ထောင်ကျခဲ့ပါတယ်။
အန်တီက လွတ်လာခါစ ဆိုတော့ အလုပ်လုပ်ဆောင်ဖို့ လိုအပ်ချက်တွေ အများကြီးရှိလာပါတယ်။ အရေးတကြီး လိုအပ်နေတာ ကွန်ပြူတာပါ ၊ အဲဒီသတင်းကို NLD လူငယ် တစ်ယောက်ဆီက ကြားကြားခြင်း ကျနော် ဆရာ ဦးလှိုင်မြင့်ကို ပြောပြခဲ့ပါတယ်။ ဆရာကလည်း မဆိုင်းမတွပဲ သူ လှုမယ်ဆို ဆုံးဖြတ်ပြီး ရက်ပိုင်းအနည်းငယ်အတွင်းမှာပဲ ကွန်ပြူတာတွေဝယ် ၊ လိုအပ်တဲ့ ကွန်ပြူတာ အသုံးအဆောင်ပစ္စည်းတွေကို သိန်းတော်တော်အကုန်ခံပြီး တောင်ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခင် ( ယခု - ထောင်ထဲ ) ကတဆင့် အန်တီစုကို လှုခဲ့ပါတယ်။ ကျောင်းသားလူငယ်တွေကိုလည်း တော်တော်ကူခဲ့တာပါ။ နောက် ကာလသိပ်မကြာခင်မှာပဲ အဲသလိုလုပ်ရပ်များအတွက် အထွေထွေညှိုးချက်များနဲ့ နအဖဟာ အပြစ်ရှာထောင်ချပစ်လိုက်ပါတယ်။ အမှု့ထဲမှာ အန်တီဟောပြောချက်ဗွီဒီယိုခွေတွေကို ဖြန့်ချီလို့ ( တရားမ၀င် ဗွီဒီယိုခွေတွေဖြန့် ခြင်း ပုဒ်မနဲ့ ) ထောင်ချတာလည်းပါပါတယ်။ အန်တီစုကို ၀န်းရံခဲ့တဲ့သူတွေအတွက် ဒီလိုလည်း နှိပ်ကွပ်ခံခဲ့ရပါတယ်။သဘောကတော့ မ၀န်းရံရဲအောင်ပေါ့ ။ ပြောမယ်ဆို ဆရာ ဦးဝင်းတင်ပြောသလို “ အစာလည်းမကြေ-ကမ္ဘာလည်းမကြေ ” ပါပဲ။

အဲဒီကာလများက အန်တီအိမ်ရှေ့မှာကျင်းပတဲ့ အပတ်စဉ် ဟောပြောပွဲတွေကလည်း အတော့်ကို အောင်မြင်နေတဲ့ ကာလပါ။ ကျနော်တို့ဆို တပတ်-တပတ် စနေ တနင်္ဂနွေရောက်ဖို့ကိုပဲ မျှော်နေရတာ။ အဲဒီနေ့ဆို အန်တီ အိမ်ရှေ့ ( အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း ) က လမ်းမပေါ်မှာ လူတွေပြည့်ကြပ်နေပြီ၊ တချို့ဆို နေ့လည် ၁နာရီ ၂ နာရီလောက်ကထဲက ကြိုရောက်နေတာ။ အန်တီကို မြင်ဘူးချင်လို့ ဆိုတဲ့သူများက သူထက်ငါ ရှေ့ဆုံးမှာ နေရာဦးကြတော့တာပဲ။ သူတို့ဦးထားတဲ့နေရာ ယောင်လို့ ကိုယ်ရောက်မသွားနဲ့ ။ရန်ထောင်လွှတ်တာ။
“ အောင်မလေးတော် …. ငါ စုစုကို တွေ့ချင်လွန်းလို့ လှိုင်သာယာကနေ ၁၂ နာရီလောက်ကထဲက ဘတ်စ်ကားကြပ်ကြပ်တိုးစီးလာပြီး ဒီမှာစောင့်နေရတာ …..ဒီအချိန်ကျမှ ငါ့နေရာ လာမလုပါနဲ့ ….ဖယ်….ဖယ် ” ဆိုမောင်းထုတ်တော့တာပဲ။ ဟောပြောပွဲက ၄ နာရီလောက်မှ စတာပါ။ သူတို့က အစောကြီးကြိုလာကြတာ။

အတွေ့အကြုံလေး တခုသတိရနေသေးတယ် ၊ အဖွားအိုတစ်ယောက်ရှိတယ် ။ သူက အပတ်စဉ် အန်တီဟောပြောပွဲကို အမြဲ မလွတ်တန်း လာတယ် ။ ရှေ့ဆုံးမှာ အမြဲနေရာယူပြီး အန်တီ ပြောသမျှတွေကို မျက်တောင်မခပ် ၊ နားရွက်မလှုပ် -နားထောင်တာ။ အန်တီက ဟောပြောပွဲ စကာနီးပြီဆို အရင်ဆုံး- “ ဟို -အမေရောက်ပလား“ ဆို မိုက်ကရိုဖုန်းကိုင်ပြီး၊ စမေးတယ် ။ မျက်လုံးကလည်း ဟိုရှာ ဒီရှာ လိုက်ရှာပေါ့ ၊ အဲဒါဆို အဲဒီအဖွားအိုက လက်ထောင်ပြတယ်။( ကျောင်းသားများလိုပဲ ---- ရောက်ပါပြီပေါ့ ။) အဲဒီအခါကျခါမှ အန်တီက ဟောပြောပွဲ စတယ်။

တနေ့ --- ကျနော်က အန်တီဟောပြောပွဲအပြီး အဖွားအိုကို လဘက်ရည်ဆိုင်ခေါ်သွားပြီး မုန့်ဝယ်ကျွေးရင်း အင်တာဗျုးလုပ်မိတယ်။ အဖွားကပြောပြတာက “သူတဲ့ ..ဒီဟောပြောပွဲကို မလာရရင်.. နေကို မနေနိုင်တာ..“တဲ့ …. သူ့သမီးတွေက “အမေ-အဖမ်းခံရလိမ့်မယ်“လို့ပြောတာတောင် တားမရဘူး ။အသက်က ၇၀ ကျော်ပြီ ။ဒါနဲ့ ကျနော်က-
” အဖွား- ပြီးခဲ့တဲ့အပတ်က အန်တီပြောသွားတဲ့ထဲမှာ အဖွားကြိုက်တာလေးရှိရင် ပြောပြစမ်းပါ ” လို့မေးတော့-

“ ငါ့ အဲဒါတွေ မမေးနဲ့ ။ ငါလည်းမသိဘူး --။ ငါအိမ်ပြန်ရောက်ပြီဆို --- အိမ်နားနီးချင်းတွေကလည်း မေးတာပဲ ….။ စုစု ဘာတွေပြောသလဲ …။ ဘာလဲပေါ့ဟယ်…… ငါဘာမှ မပြောတတ်ဘူး။ … မှတ်လည်းမမှတ်မိဘူး ”

” ဒါဆို ဟောပြောပွဲမှာ အဖွားက ဘာတွေ လာနားထောင်တာလဲ ”

“ ငါ့ဖာသာ ငါ -ဘာနားထောင်ထောင်ပေါ့ဟဲ့…..။ ဒါ ဒီမိုကရေစီပဲ ။” မဲ့ရွှဲ့သွားပြီး-
“ နင်တို့က စုံထောက် တွေလား ”
“ ဟာ…မဟုတ်ပါဘူး အဖွားရ…. သားတို့က ကျောင်းသားတွေပါ ”
” အေး…. ဒါဆိုလည်းပြီးရော”

အဲဒီအဖွားအိုကို ကျနော့်စိတ်ထဲ ကြိတ်ပြီး တော်တော်ကြည်ညိုသွားမိတယ်။

“ ငါက အရပ်ထဲက ကောင်စီတွေလည်း အပြတ်ပြောထားတာ ( အမှန်ကတော့ ရ-၀-တ ကိုပြောတာပါ ။) ဖမ်းချင်ဖမ်း- ကျုပ်ကတော့ သွားမယ် ….။ စုစုမျက်နှာလေးတစ်ပတ်တခါ မမြင်ရရင်မနေနိုင်ပေါင်။ ”

သာမန်ပြည်သူတယောက်ရဲ့ရင်ထဲက ရိုးသားစွာထွက်လာတဲ့ အသံတွေပါ။ နောက် သူက ၉၀ ပြည့်နှစ်ရွေးကောက်ပွဲကာလက သူရဲ့ နိုင်ငံရေးလှုပ်ရှားမှု့ အကြောင်း။ ( စိတ်ဝင်စားဖို့ကောင်းပါတယ်။ ) သူ့ သမီးက အကြော်ရောင်းတယ် ။ သူ့ဆိုင်က လမ်းဘေးမှာ တဲလေးထိုးပြီးရောင်းရတဲ့ဆိုင်ပါ။ မိသားစု ပြေလည်ရုံပဲ ၀င်ပါတယ်။ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ကျင်းပခါနီးတော့ သူက မဲဆွယ်စည်းရုံးရေးလုပ်တယ်။ အကြော်ရောင်းနေတဲ့ သူ့သမီးကိုပြောလိုက်တယ် ။ “ငါ့ကို ရွေးကောက်ပွဲ မပြီးမချင်း မုန့်ဘိုးပိုက်ဆံမပေးနဲ့တော့ ။အဲဒီအစား ငါ့ကို အကြော်ပဲပေး“ ဆိုပြီး ။ အဲဒီအချိန်က သူက ဘယ်လိုမဲဆွယ်သလဲ ဆိုတော့ သူ့သမီးဆိုင် အကြော်လာဝယ်သူတိုင်းကို “ စုစု ပါတီကို မဲပေးရင် အကြော်တစ်ခု အပိုပေးမယ် ..“ဆိုပြီး အဲသလို မဲဆွယ်ခဲ့တာ။ ( ဘယ်သူကမှ ခန့်ထားခြင်းမရှိတဲ့ NLD ရဲ့ စည်းရုံးရေးမှုးကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။)
(ကျနော့်ကို ဒီတခုတော့ ခွင့်လွှတ်ကြပါ - အဲဒီအဖွားအို နာမည် လုံးဝကို ဖော်လို့မရလို့ပါ။)

အဲဒီအချိန်က အန်တီ့ခြံရှေ့ ဟောပြောပွဲတွေမှာ အမြဲရောက်နေတယ့်သူတွေ မှတ်မိကြမှာပါ။ ဒီအဖွားလို ပြည်သူတွေ မြန်မာနိုင်ငံမှာ အများကြီးရှိပါတယ်။ သူတို့နိုင်ငံရေးကို နားမလည်ဘူး ၊ သမိုင်းတင်ဖို့ကို စိတ်မ၀င်စားဘူး၊ စစ်အာဏာရှင်ကို မကျေနပ်ချက် -ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်စိတ်၊လေးစားရိုသေစိတ်တွေနဲ့ ဒီမိုကရစီနိုင်ငံတော် ဖော်ဆောင်ရေးကို တတပ်တအား ပါဝင်ကြတယ်။ သူတို့ခံယူချက်-ရပ်တည်ချက်က ပြတ်သားတယ်၊ နှစ်ဘက်မခွဘူး၊ အကျိုးစီးပွား မမျှော်လင့်ဘူး၊ စကားကြီးကြီးကျယ်ကျယ်တွေနဲ့ ဆရာကြီးမလုပ်ဘူး။ ရိုးသားစွာ နိုင်ငံရေးကို ယုံကြည်ကြတယ်။ သိပ်ချစ်စရာကောင်းတဲ့ပြည်သူတွေပါ။

နောက်တခုက ကမ္ဘာမှာ ဘယ်သူမှ မကြားဖူးတဲ့ ဖြစ်ရပ်တစ်ခုကလည်း ရှိသေးတယ်ဗျ။ ကိုယ် ချစ်ခင်လေးစားရိုသေတဲ့သူကို “ကျန်းမာပါစေ“ ဆို ဆုတောင်း မိလို့ ထောင်နှစ်ရှည်လများ အချခံရတာ ကြားဖူးကြလားမသိဘူး၊ မြန်မာပြည်မှာ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်ပျက်ပါ။ အန်တီ့အိမ်ရှေ့ဟောပြောပွဲမှာ အန်တီ့ကို “ ဒေါ်အောင်ဆန်းစုကြည် --- ကျန်းမာပါစေ ” ဆိုပြီး ရှေ့က တိုင်ပေးတဲ့သူတွေကို ထောင် ၇ နှစ်ဆီ တန်းစီပြီး ချပစ်လိုက်တယ်။ စီမံချက်နဲ့ကိုချတာ။ အဲဒီအမှု့တွဲတွေကို ထောင်ထဲမှာ ကျနော်တို့ နာမည်ပေးထားတာ= “ ကျန်းမာပါစေ- အမှု့တွဲများ ” ဆိုပြီး။ ကျနော်မှတ်မိသလောက် ဒလက ကိုဘော့လုံး ခေါ် ကိုမြဟန်၊ ကိုသန့်ဇင် ( ယခု အမေရိကား ၊ တက္ကဆပ်ပြည်နယ် ) ၊ ဦးသောင်းအေး ( ဖျာပုံ ) =စုစုပေါင်း ၃၀ လောက်ရှိမလား မသိဘူး။ ကျနော် အဲဒီအကြောင်းကို တခြားသူတွေကို ပြောပြတော့ မယုံကြဘူး၊ နိုင်ငံခြား သားတွေကို ပြောပြရင်တောင်မှ သူတို့က စစ်အစိုးရကို မုန်းလို့ လုပ်ကြံပြောတယ်ပဲ ထင်ကြတာ။

ဒေါ်အောင်ဆန်းစုကြည်-----ကို “ကျန်းမာပါစေ “ လို့ တိုင်မိရုံလေးနဲ့ ထောင်ချတယ်ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ …. ဘယ်လိုမှမဖြစ်နိုင်ပါဘူး ၊ တခြားကိစ္စဆိုရင်တော့ ဟုတ်ချင်ဟုတ်မှာပေါ့ ..“စသည် စသည်ဖြင့် တော်တော်များများက မယုံခဲ့ကြဘူး။ အမှန်ကတော့ တကယ်ကိုဖြစ်ပျက်ခဲ့တဲ့ကိစ္စဆိုတာ ကာယကံရှင်များနဲ့ နိုင်ငံရေး အသိုင်းဝိုင်းတခုလုံး သိကြပါတယ်။ စစ်အစိုးရဟာ အဲသလောက် ရက်စက်ခဲ့ပါတယ်။ ကျနော် ဇာတ်နာအောင်ပြောပြနေတာ မဟုတ်ပါဘူး။ သူတို့ခမျာ မိသားစုဘ၀တွေပျက်၊ အိမ်ထောင်တွေကွဲနဲ့ -ဘ၀ကိုခါးသီးစွာ ရင်ဆိုင်ခဲ့ရရှာတယ်။ ဖျာပုံက ဦးသောင်းအေးဆိုတဲ့ ပုဂ္ဂိုလ်ဆိုရင် စိတ်ဝေဒနာရှင်=သူ့သားလေးကို ဆေးကုဖို့ ရန်ကုန် စိတ်ရောဂါကုဆေးရုံကို လာပို့တာ၊ အချိန်ရသခိုက် အန်တီစုဟောပြောပွဲကို လာနားထောင်ရင်း- “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ“ လို့  အော်ဟစ် ဆုတောင်းပေးရုံလေးနဲ့ ထောင်( ၇ ) နှစ် အချခံလိုက်ရတယ်။ ကျန်ခဲ့တဲ့ သူ့သား စိတ်ဝေဒနာရှင် -ဘာတွေဆက်ဖြစ်သွားသလဲ ဆိုတာ ကျနော်လည်း မသိတော့ဘူး၊

ကိုဘော့လုံး ခေါ် ကိုမြဟန်ဆိုသူနဲ့က ကျနော်နဲ့ အင်းစိန်တွဲဘက်ထောင် တိုက်ခန်းထဲမှာ အတူနေခဲ့ဖူးတယ်။ သူစိတ်အားထက်သန်မှု့ကလည်း အထက်မှာ ကျနော်ဖော်ပြခဲ့တဲ့ အဖွားအိုလိုပဲ၊ အန်တီစုဟောပြောပွဲပြီးလို့ “ဘာတွေပြောခဲ့သလဲ “မေး ။ လုံးလုံး မသိတော့ဘူး ၊ သူက အန်တီ ဟောပြောပွဲအပြီး “ဒေါ်အောင်ဆန်းစုကြည် -- ကျန်းမာပါစေ “ ဆို ရှေ့က တိုင်ပေးရတာကို စွဲလန်းနေတာ။ (ခေတ်စကားနဲ့ပြောရရင် ညိနေတာ။) သူ့ကိုဖမ်းတော့ အရက်နည်းနည်းလည်း မူးနေတယ် ။ သူ့အိမ်ပြန်ရောက်သည်အထိ ထောက်လှမ်းရေးက နောက်ယောင်ခံ လိုက်လာပြီး- ညတော်တော်လေး မိုးချုပ်မှ ၀င်ဖမ်းတယ်။ ဖမ်းပြီးတော့ ထောက်လှမ်းရေးကမေးတယ။်------
“ မင်း …… ကျန်းမာပါစေ ကို ဘယ်လိုတိုင်လဲ….. လုပ်စမ်းပါဦး …သရုပ်ပြလေး ” ဆိုတော့-
သူက ရှေ့ကတိုင်ပြတယ် ။ “ ဒေါ်အောင်ဆန်းစုကြည် -----------“ နောက်က ဘယ်သူ့ ဆီကမှ အသံ ပါမလာဘူး။ ( ထောက်လှမ်ရေးတွေပဲ။ ဘယ်လိုလုပ် နောက်က လိုက်ဆုတောင်းပေးလိမ့်မလဲ။) နောက်တစ်ခါ၊ နှစ်ခါ --------“ ဒေါ်အောင်ဆန်းစုကြည် ------“လို့ ၂ခါဆက်အော်လည်း နောက်က ဘယ်သူမှ လိုက်မဆိုတော့ - အဲဒီတော့ သူက စိတ်မရှည်တော့ဘူးထင်ပါရဲ့။
“ ဟာ…ဆရာတို့ကလည်း ၊ ကျနော်က ရှေ့ကနေ ဒေါ်အောင်ဆန်းစုကြည်ဆို တိုင်လိုက်ရင် ……… “ကျန်းမာပါစေ“ဆိုတာလေး လိုက်ထောက်ပေးဦးလေ …. ။ဒါမှ ပီပြင်မှာပေါ့ ” ဆိုပြီး ခပ်ထွေထွေလေး ပြန်ပြောလိုက်တာနဲ့ ထောက်လှမ်းရေးတွေက -“ အေး …. ထောက်ပေးမှာပေါ့ …. လုပ်ပါဦး နောက်တစ်ခေါက်ဆိုတော့ သူက - သူ လုပ်ပြတာ သဘောကျတယ် -ထင်ပြီး နောက်တစ်ခေါက် ထပ်အော် အပြီးမှာတော့-----ထောက်လှမ်းရေး လက်သီးတွေ၊ တံတောင်တွေ---- ဒူးတွေ ၀င်လာတော့တာပဲ။ကိုဘော့လုံးရဲ့အဖြစ်က အဲဒီလိုပါဆိုပြီး ထောင်ထဲရောက်တော့ သူက ကျနော်တို့ကိုရှင်းပြခဲ့တာ။

ထူးခြားချက်တစ်ခုကလည်း အန်တီ့အိမ်ရှေ့ ဟောပြောပွဲမှာ- အတိုက်အခံနိုင်ငံရေး အင်အားစု တော်တော်များများကို ပြန်ဆုံတွေ့ရခြင်းပါပဲ။ ထောင်ထဲ၊ တောထဲ နဲ့ ကွယ်လွန်သွားတဲ့သူတွေ နိုင်ငံရပ်ခြားရောက်နေတဲ့သူတွေက လွဲရင် တော်တော်များများလောက် ဆုံဖြစ်ကြပါတယ်။ ကျနော်တို့ တကသ ကျောင်းသားတွေဟာ ကိုမိုးကြိုး ( ယခု - ထိုင်းနိုင်ငံ မဲဆောက်မြို့က အလုပ်သမားရေးတွေလုပ်နေတဲ့ JACB Aအဖွဲ့ရဲ့ တာဝန်ခံ ) နဲ့ ကိုထက်ရာဇာ ( ယခင် DVB မဲဆောက်သတင်းထောက်ဟောင်း ) တို့ ခေါင်းဆောင်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားလူငယ်များ အစည်းအရုံး ( ဗကလစ ) နဲ့ ချိတ်ဆက်လက်တွဲနိုင်ခဲ့တယ်။
လူငယ် ကျောင်းသားတွေ ။ တက်ကြွလှုပ်ရှားသူတွေကို စည်းရုံးလှုံ့ဆော်ပြီး နိုင်ငံရေး လှုပ်ရှားမှု့တွေ တွန်းတွန်းတိုက်တိုက် လုပ်ခဲ့တယ်။ အဲဒီအချိန်က နိုင်ငံရေးလောကနဲ့ စိမ်းစိမ်း အနေထားကနေ တကသ - ကို ၀င်ရောက်လှုပ်ရှားခဲ့တဲ့ ကျောင်းသားအချို့-ယနေ့ထက်တိုင် ပြည်တွင်းမှာ အမာခံလှုပ်ရှားဆဲပါ။ ကျနော်တို့ အဓိကထားလုပ်ဆောင်ခဲ့တာကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ် ------ ။ အန်တီနဲ့တွေ့ခဲ့တဲ့အချိန်က အဲဒီသဘောတရားကို ကျနော်က ရှင်းရှင်းလင်းလင်း မေးခဲ့တယ် ။

“အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတာ ဘာလဲ ၊ ဘာလို့ မဖြစ်မနေလိုအပ်တာလဲ။“
အဲဒီမေးခွန်းရဲ့အဖြေကို အန်တီက ဒီလိုပြောခဲ့ပါတယ်၊ “လွတ်လပ်ရေးမရခင်ရော -ရပြီးရော အချိန်ကစလို့ တမျိုးသားလုံးရဲ့ညီညွတ်ရေး (တနည်းအားဖြင့် ) သင့်မြတ်ရေးဟာ ယနေ့ထိတိုင်အောင် ဖြေရှင်းနိုင်ခြင်းမရှိပါဘူး..တဲ့၊ ဖေဖေ ( ဗိုလ်ချုပ်အောင်ဆန်း ) လက်ထက်တောင်မှ အစွမ်းကုန်ကြိုးစားခဲ့သော်လည်းပဲ (ဗိုလ်ချုပ်လုပ်ကြံခံ သေဆုံးသွားတော့ ပိုဆိုးသွားတော့တာပေါ့ ၊) နောက်လူတွေမှာ ပိုဆိုးလာတာ အခုထိပါပဲ။ ဒီလိုသင့်မြတ်ရေးမရှိဘဲ တိုင်းပြည်ကို ထူထောင်ဘို့ဆိုတာ ခက်ခဲပါလိမ့်မယ်။ ( ၀န်ခံချက် - အန်တီပြောသွားတာ ဒီသဘောတရားပါ - စကားလုံးအားဖြင့်တော့ တိကျချင်မှ တိကျပါလိမ့်မယ်။ ) ဒီကိစ္စကို ခက်ခက်ခဲခဲကြိုးစားကြရမှာပါ။

“ ဘယ်သူတွေနဲ့ ဘယ်လိုသင့်မြတ်ရမှာလဲ ။“
ဒါရဲ့ အဖြေကတော့ --ယနေ့တိုင်းပြည်မှာ လိုအပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ -NLD အပါဝင် အတိုက်အခံအင်အားစုတွေရယ်။ လက်ရှိ နအဖ စစ်ခေါင်းဆောင်တွေရယ်။ တိုင်းရင်းသား လက်နက်ကိုင်နဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ ညီညွတ်ရေး ၊ သင့်မြတ်ရေးပါ။

ကျနော်တို့အဖို့ကတော့ ဒီလောက်ခက်ခဲပြီး နှစ်ပေါင်းများစွာ ဖြေရှင်းခဲ့တာတောင် မပြေလည်နိုင်ခဲ့တဲ့ ပြန်လည်သင့်မြတ်ရေးဆိုတာကို ကြိုးစားဖို့ဆိုတာ အိပ်မက်တစ်ခုကို မက်နေရသလိုပါပဲ။ ဒါပေမယ့် ယုံကြည်ချက်တခုတော့ရှိပါတယ်။ လက်တွေ့ဆိုတာ စိတ်ကူးအိပ်မက်တွေက လာကြတာပါ။ အန်တီစုလို လူထုခေါင်းဆောင်တစ်ယောက် မားမားမတ်မတ် ရပ်တည်ပေးထားတဲ့အတွက် အများကြီးတော့ အားရှိစေခဲ့ပါတယ်။ နောက်တခုက ဒီကိစ္စကိုဆောင်ရွက်ရတာဟာ ကြိုးတန်းပေါ် လမ်းလျှောက်ရသလိုပါပဲ။ အချိန်မရွေး ပြူတ်ကျသွားနိုင်ပါတယ်။

သေချာတာတခုကတော့ နောက်ဆုံး ကျနော် ထောင်ထဲပြူတ်ကျသွားပါတယ်။ တချို့ ရိုးသားစွာဆောင်ရွက်ချက်တွေအပေါ် ကြီးမားစွာ အထင်မှားခြင်း ဆိုတဲ့ အရာတွေနဲ့ရင်ဆိုင်ခြင်း ခံခဲ့ရပါတယ်။ အဲဒီအကြောင်းဆက်လက်တင်ပြပေးပါဦးမယ်။ ဒါပေမယ်လို့ အန်တီစုရဲ့ အမှာစကားက ကျနော်တို့ နှလုံးသားထဲ ပဲ့တင်သံ ထပ်ခါ ထပ်ခါ ရိုက်ခတ်စေခဲ့ပါတယ်။

အဲဒါက-------

“ နိုင်ငံရေးကို နှလုံးသားနဲ့မလုပ်ပါနဲ့ ။ဦးနှောက်နဲ့လုပ်ပါ...“ တဲ့။

အပိုင်း ( ၄ ) ဆက်ပါဦးမည်။

**(မောင်မောင်ဝမ်း)**

၁၉၉၅ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ ( ရှစ်လေးလုံးလူထုအရေးတော်ပုံ-နှစ်ပတ်လည်နေ့ ) အန်တီစုရဲ့နေအိမ်မှာ ကျနော်တို့ ( တကသ ) ကျောင်းသားတွေနဲ့ အန်တီ တွေ့ဆုံပြီး ရှစ်လေးလုံး အထိမ်းအမှတ်စကားဝိုင်းလေး ကျင်းပကြတယ်။ ကျောင်းသားတွေက စုစုပေါင်း ၃၀ လောက်ရှိမယ်။ ဒီထဲမှာထူးထူးခြားခြား ကနေဒါနိုင်ငံသား-ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ယောက်လည်းပါသဗျ။ သူကတော့ ကျနော်တို့ပြောဆိုနေတဲ့ အချိန်မှာ ဘေးနားမှာထိုင်ပြီး နားမလည်သည့်တိုင်အောင် စိတ်ရှည်စွာထိုင်ပေးတယ်။ အဲဒီနေ့က တကသ ရဲ့ ဗမာလို။ အင်္ဂလိပ်လို ကြေငြာချက်ကို ဖတ်ပြတယ်။ အင်္ဂလိပ်လိုကြေငြာချက်ကို ဦးဝင်းထိန်ကဖတ်ပြတယ်။ အဓိက အချက်ကိုထုတ်ပြပါဆိုရင်တော့-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)