မြင့်တက် **
(နယူးယောက်၊ နိုဝင်ဘာလ ၁၃-ရက်)
ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ရာဇ၀တ်မှုများ ကျဆင်းခဲ့ခြင်းကြောင့် ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့သော အမေရိကန်နိုင်ငံနယူးယောက်မြို့တော်သည် ယခုနှစ်အတွင်း လူသတ်မှု ဖြစ်ပွားနှုန်း ၁၅ ရာခိုင်နှုန်းအထိ တိုးမြင့်လာရခြင်း အကြောင်းရင်းကို ဖြေရှင်းရန် ရုန်းကန်နေရကြောင်း နိုဝင်ဘာလ ၁၃-ရက် သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** ဟေတီနိုင်ငံသား နှစ်သိန်းကျော် ၀မ်းရောဂါကူးစက်မည့်ဘေးနှင့်ရင်ဆိုင်နေရ **
(ဂျီနီဗာ၊ နိုဝင်ဘာလ ၁၃-ရက်)
လူဦးရေ ၁၀ သန်းနီးပါးမျှ နေထိုင်သော ဟေတီနိုင်ငံတွင် လွန်ခဲ့သည့် ရက်သတ္ဆသုံးပတ်ကျော်မှစ၍ ၀မ်းရောဂါကူးစက်ပြန့်ပွားမှုကြောင့် လူ ၈၀၀ သေဆုံးခဲ့ရပြီး ၂၀၀၀၀၀ ကျော်မှာ ၀မ်းရောဂါကူးစက်ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂက သောကြာနေ့တွင် ပြောကြားသည်။ (အင်တာနက်)
** အီရန်နှင့် အင်အားကြီးခြောက်နိုင်ငံ ဆွေးနွေးပွဲ ညူကလီးယားအစီအစဉ် ပါဝင်ရန် အမေရိကန
်မျှော်လင့် **
(၀ါရှင်တန်၊ နိုဝင်ဘာလ ၁၃-ရက်)
ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြန်လည်စတင်မည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံ၊ ဂျာမနီနိုင်ငံ (ပီ၅ + ၁)နှင့် အီရန်နိုင်ငံတို့အကြားဆွေးနွေးပွဲတွင် အီရန်၏ ညူကလီးယားအစီအစဉ်ကို ဦးစားပေးဆွေးနွေးရန် မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖိလစ်ကရိုလေးက နိုဝင်ဘာလ ၁၂-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** စီးပွားရေးပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ် ကျူးဘားပြုလုပ် **
(ဟာဗားနား၊ နိုဝင်ဘာလ ၁၃-ရက်)
ကျူးဘားနိုင်ငံတွင် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ရေးအတွက် လမ်းညွှန်ချက်မူကြမ်းများ ချမှတ်နိုင်ရန် အမျိုးသားအဆင့် ဆွေးနွေးပွဲတစ်ရပ်ကို နိုဝင်ဘာလ ၁၀-ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ကျူးဘားသမ္မတ ရောလ်ကတ်စ်ထရို တက်ရောက်ခဲ့ကြောင်း သိရသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- ဦးသန်း **
** နှစ် ၂၀ ကြာ ကျဆင်းခဲ့သော လူသတ်မှု ဖြစ်ပွားနှုန်း နယူးယောက်မြို့တွင် ပြန်လည်

No comments:
Post a Comment