ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, November 15, 2010

ဖယ်ကာလေ ရှားကြပါစို့

> **မြန်မာ့နိုင်ငံ အခြေအနေ အရပ်ရပ်
ဆင်ခြင်းသုံးသပ်မယ်လို့
သတင်းတွေ ဖတ်ကြည့်ပါတယ်
ကောင်းကွက်ကယ် တခုမှ မရှိပါဘူး
အာဏာရှင်တို့ ပေါင်းစုပြီး
ထောင်းထုချက်က ရင့်နင့်စရာပ
ကြားရသမျှ သတင်းဆိုးတွေ
မကြုံချင်လည်း ကြုံနေရ ၊ မဆုံချင်လည်းဆုံနေရတယ်
အတိတ်က ၀ဋ် ကြွေး ရယ် အကြောင်းဖန်လာတော့
ဒုက္ခတွေ ပွေ့ဖက် သောကတွေ နှိပ်စက်
ဗြောင်းဆန်နေအောင် ခံနေကြရတဲ့
ဒို့နိုင်ငံသားတွေ စိတ်ထဲဝယ် တကယ်မကောင်းပါဘူး .....
ဒီအတိုင်းသာ ဆက်သွားရင်
ထပ်ပြီးတောင် မတွေးဝံ့စရာပေမို့
ရုန်းထကြဖို့ တွေးလို့သာ ပြချင်ပါတယ် ။

**ရုန်းထကြပါစေလို့ အကျိုးမျှော်
ညဏ်ဆင်ခြင် တွေးလိုက်ရင်ဖြင့်
ဒို့တိုင်းပြည်အရေး က သိပ်တော့ စိတ်မအေး စရာဘဲ
ပညာရှင်လို့ တံဆိပ်ထားတဲ့လူတွေ
အသိညဏ်တွေ အဆိပ်ခတ် ၊ အကြောက်တရားက မင်းမူ
ဤဇဗ္ဗူမှာ ဘယ်သူမှ မယှဉ်နိုင်စရာ
အတွေးအခေါ်တွေ ယိုင်နဲ့နေတာက
နောက်ကျောကို ဓါးနဲ့ထိုးတာကို
ထိုးသူကို ဆေးရုံပို့ပေး မယ်ထင်နေကြ
တွေးဆလို့ ကြည့်စေချင်
ဒေ၀တ်ဒတ်ကို ဆရာတင်ရင်ဖြင့်
အဇတသတ်ပင် ဖြစ်လာမှာပေါ့ စဉ်းစားကာ ရှုကြပါတော့ ......။


***လူ့မိစ္ဆာဆိုတာ ပရိတ်ရွတ်ပြီး
နှင်လို့မရပါဘူး ယှဉ်တွဲလို့ သုံးသပ်စရာ
ရွှေဝါရောင် က သက်သေပြထားပြီးပါပြီ
ဒါတွေဟာ ပုံပြင်ပမာ မှတ်ထားလို့
လက်မခံချင်စရာ ယုံတမ်းစကားတွေနဲ့
နအဖရဲ့ မီဒီယာကို ယုံစားနေကြရင်တော့
မကြာခင်မှာ အမျိုးပျောက်လို့
တရုတ်လက်အောက် ရောက်ကြတော့မယ်
ဒါတွေကို သိနေလျှက်နှင့်
ကြောက်စိတ်ကို သိမ်းပိုက် ၊ လုပ်သမျှကို ငုံ့ခံ
တွန်းလှန်ဖို့ စိတ်မကူး ကံတရားကို အပြစ်တင်
ကိုယ်တိုင်ကလည်း ကြောက်လန့် ဖြဲချောက်တတ်တဲ့
အကျင့်တွေ ပြင်နိုင်ပါမှ တိုးတက်စရာ လမ်းစကို
လျှောက်လမ်းနိုင်မှ မုချ မသွေလို့
မှတ်ယူကာ ကြိုးစားကြပါစို့.....။

**အလောင်းဘုရား
ဗန္ဓုလ
ဘုရင့်နောင်
သခင်အောင်ဆန်း အစရှိတဲ့
သူရဲကောင်း မှန်သမျှ
အသွေးအသားတွေနဲ့ ဖွဲ့စည်းထားတဲ့
လူသားတွေချည်းပါဘဲ ...
သူတို့လည်းလေ လောကီသားပေမို့
အကြောက်တရား တော့ ရှိတတ်ကြမှာ ဓမ္မတာပ
ကိုယ်ကျိုးကို ဘေးဖယ် အများအကျိုး အတွက် ရည်ရွယ်ထားတဲ့
ဖြောင့်မတ်တဲ့ စိတ်ထားတွေက
ကြောက်စိတ်ကို ဖယ်ရှားထားတော့
သံမဏိ လူသားတွေ ပမာ ရဲရင့်ကြတာ
မေ့ထားလို့ မရနိုင်ပါဘူး ......

**ဒို့ခန္ဓာကို စတေးလို့ တိုင်းပြည် အတွက် ပေးဆပ်မယ်လို့
ကြံရွယ်တာနဲ့ တပြိုင်နက်
တက်လာတဲ့ ပီတိ အရှိန်
နိုးကြားလာတဲ့ သတ္တိ
မြင့်မြတ်လှတဲ့ စိတ်ထားနဲ့
ကြည်းနူးလာတဲ့ စိတ်အစဉ်
ညဏ်ရွှင်နေတဲ့ ဒို့ဦးခေါင်းက
အာဏာရှင်တွေ လက်အောက်မှာ
ဘယ်တော့မှ ညွှတ်ပျောင်းလာမှာ မဟုတ်ပါဘူး ...
မယုံလျှင် ကိုယ်တိုင်မွေးလို့ ဒို့ခန္ဓာကို ရဲရဲကြီးသာ စတေးကြပါစို့.......။


**တူညီကာ ရုန်းစုလို့ ပူးပေါင်းကြဖို့
အကြောင်းကား သင့်လာတဲ့ ဒီချိန်ခါ
မဟုတ်မခံတဲ့ စိတ်ဓါတ်ကို မွေးမြူ
မတရားလျှင် တွန်းလှန်ဆိုတဲ့
သူရဲကောင်း စိတ်ဓါတ်ကို သိမ်းပိုက်
အမြန်ဆုံး ချီတက်နိုင်မှ
အနာဂတ်မှာ မြင့်မြတ်တဲ့ ဒို့မြန်မာရယ်လို့
တိုးတက်လို့ကြွေးကြော် နိုင်မှာ အသေအချာပေမို့
လူထုခေါင်းဆောင် ခေါ်ဆိုရာ လိုက်ကြပါတော့...........။

**အမျိုးဖျက်မယ့် လူယုတ်မာတွေ
မိစ္ဆာစိတ်တွေ မွေးမြူထားကြတာ ရှည်ကြာနေပြီဗျာ့
ဒီပဲယင်းပမာ လုပ်ကြံဇတ်တွေ နဲ့
ယုတ်မာစွာ အကာက်ကြံတတ်သာ
အသေအချာပေမို့
ပြည်သူလူထု အပေါင်းရယ် ခုချိန် မဆိုင်းသာပ
ပြင်ဆင်ကာထားကြပါလို့
ဒို့ခေါင်းဆောင်ကိုလေ ကာကွယ်ကာ ထားကြပါစို့........ ။

**မွန်းတည့်ပြီးရင် နေ၀င်၊
ညအမှောင်ပြီးရင် အလင်းရောက်
သဘာဝ အမှန်တရားကို ထွင်းဖောက်လို့ စဉ်းစားကြည့်ပြန်တော့
အာဏာရှင် စနစ်ဆိုး ဆိုတဲ့ တိမ်ခိုးတွေ ကွယ်ကာထားမှာတော့
ဒို့တွေ အလင်းပျောက်နေတာ မဆန်းပါဘူး ... ။
သူတို့ကိုဖယ်ကာ ရှားရင်ဖြင့် ကြည်လင်တဲ့ ကောင်းကင်ယံပမာ
ဒို့ခေတ်ကို ရောက်မည်မှာ မလွဲဧကန်သာလို့
ဆုံးဖြတ်လို့ ထားကာ
နိုင်ရာတာဝန် ကိုယ်စီထမ်းလို့
အာဏာရှင် စနစ်ကို ဖယ်ကာလေရှားကြပါစို့.........။


ခင်မင်လေးစားလျှက်

**ဗမာ့သွေး **


**မြန်မာ့နိုင်ငံ အခြေအနေ အရပ်ရပ်
ဆင်ခြင်းသုံးသပ်မယ်လို့
သတင်းတွေ ဖတ်ကြည့်ပါတယ်
ကောင်းကွက်ကယ် တခုမှ မရှိပါဘူး
အာဏာရှင်တို့ ပေါင်းစုပြီး
ထောင်းထုချက်က ရင့်နင့်စရာပ
ကြားရသမျှ သတင်းဆိုးတွေ
မကြုံချင်လည်း ကြုံနေရ ၊ မဆုံချင်လည်းဆုံနေရတယ်
အတိတ်က ၀ဋ် ကြွေး ရယ် အကြောင်းဖန်လာတော့
ဒုက္ခတွေ ပွေ့ဖက် သောကတွေ နှိပ်စက်
ဗြောင်းဆန်နေအောင် ခံနေကြရတဲ့
ဒို့နိုင်ငံသားတွေ စိတ်ထဲဝယ် တကယ်မကောင်းပါဘူး .....
ဒီအတိုင်းသာ ဆက်သွားရင်
ထပ်ပြီးတောင် မတွေးဝံ့စရာပေမို့
ရုန်းထကြဖို့ တွေးလို့သာ ပြချင်ပါတယ် ။

**ရုန်းထကြပါစေလို့ အကျိုးမျှော်
ညဏ်ဆင်ခြင် တွေးလိုက်ရင်ဖြင့်
ဒို့တိုင်းပြည်အရေး က သိပ်တော့ စိတ်မအေး စရာဘဲ
ပညာရှင်လို့ တံဆိပ်ထားတဲ့လူတွေ
အသိညဏ်တွေ အဆိပ်ခတ် ၊ အကြောက်တရားက မင်းမူ
ဤဇဗ္ဗူမှာ ဘယ်သူမှ မယှဉ်နိုင်စရာ
အတွေးအခေါ်တွေ ယိုင်နဲ့နေတာက
နောက်ကျောကို ဓါးနဲ့ထိုးတာကို
ထိုးသူကို ဆေးရုံပို့ပေး မယ်ထင်နေကြ
တွေးဆလို့ ကြည့်စေချင်
ဒေ၀တ်ဒတ်ကို ဆရာတင်ရင်ဖြင့်
အဇတသတ်ပင် ဖြစ်လာမှာပေါ့ စဉ်းစားကာ ရှုကြပါတော့ ......။


***လူ့မိစ္ဆာဆိုတာ ပရိတ်ရွတ်ပြီး
နှင်လို့မရပါဘူး ယှဉ်တွဲလို့ သုံးသပ်စရာ
ရွှေဝါရောင် က သက်သေပြထားပြီးပါပြီ
ဒါတွေဟာ ပုံပြင်ပမာ မှတ်ထားလို့
လက်မခံချင်စရာ ယုံတမ်းစကားတွေနဲ့
နအဖရဲ့ မီဒီယာကို ယုံစားနေကြရင်တော့
မကြာခင်မှာ အမျိုးပျောက်လို့
တရုတ်လက်အောက် ရောက်ကြတော့မယ်
ဒါတွေကို သိနေလျှက်နှင့်
ကြောက်စိတ်ကို သိမ်းပိုက် ၊ လုပ်သမျှကို ငုံ့ခံ
တွန်းလှန်ဖို့ စိတ်မကူး ကံတရားကို အပြစ်တင်
ကိုယ်တိုင်ကလည်း ကြောက်လန့် ဖြဲချောက်တတ်တဲ့
အကျင့်တွေ ပြင်နိုင်ပါမှ တိုးတက်စရာ လမ်းစကို
လျှောက်လမ်းနိုင်မှ မုချ မသွေလို့
မှတ်ယူကာ ကြိုးစားကြပါစို့.....။

**အလောင်းဘုရား
ဗန္ဓုလ
ဘုရင့်နောင်
သခင်အောင်ဆန်း အစရှိတဲ့
သူရဲကောင်း မှန်သမျှ
အသွေးအသားတွေနဲ့ ဖွဲ့စည်းထားတဲ့
လူသားတွေချည်းပါဘဲ ...
သူတို့လည်းလေ လောကီသားပေမို့
အကြောက်တရား တော့ ရှိတတ်ကြမှာ ဓမ္မတာပ
ကိုယ်ကျိုးကို ဘေးဖယ် အများအကျိုး အတွက် ရည်ရွယ်ထားတဲ့
ဖြောင့်မတ်တဲ့ စိတ်ထားတွေက
ကြောက်စိတ်ကို ဖယ်ရှားထားတော့
သံမဏိ လူသားတွေ ပမာ ရဲရင့်ကြတာ
မေ့ထားလို့ မရနိုင်ပါဘူး ......

**ဒို့ခန္ဓာကို စတေးလို့ တိုင်းပြည် အတွက် ပေးဆပ်မယ်လို့
ကြံရွယ်တာနဲ့ တပြိုင်နက်
တက်လာတဲ့ ပီတိ အရှိန်
နိုးကြားလာတဲ့ သတ္တိ
မြင့်မြတ်လှတဲ့ စိတ်ထားနဲ့
ကြည်းနူးလာတဲ့ စိတ်အစဉ်
ညဏ်ရွှင်နေတဲ့ ဒို့ဦးခေါင်းက
အာဏာရှင်တွေ လက်အောက်မှာ
ဘယ်တော့မှ ညွှတ်ပျောင်းလာမှာ မဟုတ်ပါဘူး ...
မယုံလျှင် ကိုယ်တိုင်မွေးလို့ ဒို့ခန္ဓာကို ရဲရဲကြီးသာ စတေးကြပါစို့.......။


**တူညီကာ ရုန်းစုလို့ ပူးပေါင်းကြဖို့
အကြောင်းကား သင့်လာတဲ့ ဒီချိန်ခါ
မဟုတ်မခံတဲ့ စိတ်ဓါတ်ကို မွေးမြူ
မတရားလျှင် တွန်းလှန်ဆိုတဲ့
သူရဲကောင်း စိတ်ဓါတ်ကို သိမ်းပိုက်
အမြန်ဆုံး ချီတက်နိုင်မှ
အနာဂတ်မှာ မြင့်မြတ်တဲ့ ဒို့မြန်မာရယ်လို့
တိုးတက်လို့ကြွေးကြော် နိုင်မှာ အသေအချာပေမို့
လူထုခေါင်းဆောင် ခေါ်ဆိုရာ လိုက်ကြပါတော့...........။

**အမျိုးဖျက်မယ့် လူယုတ်မာတွေ
မိစ္ဆာစိတ်တွေ မွေးမြူထားကြတာ ရှည်ကြာနေပြီဗျာ့
ဒီပဲယင်းပမာ လုပ်ကြံဇတ်တွေ နဲ့
ယုတ်မာစွာ အကာက်ကြံတတ်သာ
အသေအချာပေမို့
ပြည်သူလူထု အပေါင်းရယ် ခုချိန် မဆိုင်းသာပ
ပြင်ဆင်ကာထားကြပါလို့
ဒို့ခေါင်းဆောင်ကိုလေ ကာကွယ်ကာ ထားကြပါစို့........ ။

**မွန်းတည့်ပြီးရင် နေ၀င်၊
ညအမှောင်ပြီးရင် အလင်းရောက်
သဘာဝ အမှန်တရားကို ထွင်းဖောက်လို့ စဉ်းစားကြည့်ပြန်တော့
အာဏာရှင် စနစ်ဆိုး ဆိုတဲ့ တိမ်ခိုးတွေ ကွယ်ကာထားမှာတော့
ဒို့တွေ အလင်းပျောက်နေတာ မဆန်းပါဘူး ... ။
သူတို့ကိုဖယ်ကာ ရှားရင်ဖြင့် ကြည်လင်တဲ့ ကောင်းကင်ယံပမာ
ဒို့ခေတ်ကို ရောက်မည်မှာ မလွဲဧကန်သာလို့
ဆုံးဖြတ်လို့ ထားကာ
နိုင်ရာတာဝန် ကိုယ်စီထမ်းလို့
အာဏာရှင် စနစ်ကို ဖယ်ကာလေရှားကြပါစို့.........။


ခင်မင်လေးစားလျှက်

**ဗမာ့သွေး **


No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)