နတ်ဌာန်က စောင်းပေထင့်
လက်ခမောင်း ခတ်လောက်တဲ့
တဘက်ပေါင်းကာ
ခေါင်းတဆတ်ဆတ်နဲ့
တီးတတ်ပါတဲ့ ရွာစားဆရာ။
**အလှူပွဲမှာ
ဆူရဲ ပူရဲ
ထန်းရည်ကလေး တမြူထဲနဲ့
ပွဲဖျက်ချင်တဲ့ ငမိုက်သား
ကာလသားခေါင်း ဖိုးတေးတို့ တသိုက်ကလဲ
`မိုက်တဲ့လူ ထွက်ခဲ့ဟေ့တဲ့
ခက်ဖွယ်ရယ်ကြုံ
လက်နက်ကယ် စုံညီနဲ့
ရွာပြည်မှာ သာစည်မယ့် အရေး
ဗိန်းဗောင်းဆန်ဆန်
ဒိန်းဒေါင်းသံ ပေးပါလို့
တဟေးဟေး တဟားဟား
ကလေးကလား
မလေးမစား ပမာမခန့်နဲ့
ရွာလှန့်ကြရာ။
**အုန်းအုန်းထ နေခိုက်
ဘုန်းဘုန်းကြွပါလို့
ဆုံးမပါ အရှင်ဘုရားလို့
လျှောက်ထားကာ တိုင်တည်ချင်ရဲ့
အရှင်မြတ် အရှင်ကောင်းတို့
ကာလသားခေါင်း တသိုက်ကို
ကြိမ်ရိုက်ပြီး နှင်မှကောင်းပေလိမ့်
ရှင်လောင်းလှည့်မင်္ဂလာ
သာစေဖို့ ဒီအရေး။
**ရှင်ပြုမင်္ဂလာမှာ
ရင်ထုချင်စရာ မကြုံပါရစေနဲ့
ဥုံဖွတွေမန်းမှုတ်
ထမ်းထုတ်လို့လဲ မရသေး
ပတ်တုတ်လို့လဲ မထသေးသူတွေကို
ဖိနပ်စုတ် ဖိနပ်စာကျွေးပါလို့
ရွာအရေး ရပ်အရာကို
ကဗျားရေးစပ်ကာ မောင်းခတ်
ကောင်းမြတ်တဲ့ စိတ်ထာနဲ့
ဖိတ်ကြားကာ ရွာသံဟိန်း
ငြိမ်းချမ်းဖို့လေး။ ။
** တင်မိုး **
(ကဗျာပေါင်းချုပ်၊ ၉ နိုဝင်ဘာလ ၁၉၉၉၊ အင်္ဂါနေ့ နံနက်ခင်း)
**ပတ်သံ ကောင်းလှချည့်
နတ်ဌာန်က စောင်းပေထင့်
လက်ခမောင်း ခတ်လောက်တဲ့
တဘက်ပေါင်းကာ
ခေါင်းတဆတ်ဆတ်နဲ့
တီးတတ်ပါတဲ့ ရွာစားဆရာ။
**အလှူပွဲမှာ
ဆူရဲ ပူရဲ
ထန်းရည်ကလေး တမြူထဲနဲ့
ပွဲဖျက်ချင်တဲ့ ငမိုက်သား
ကာလသားခေါင်း ဖိုးတေးတို့ တသိုက်ကလဲ
`မိုက်တဲ့လူ ထွက်ခဲ့ဟေ့တဲ့
ခက်ဖွယ်ရယ်ကြုံ
လက်နက်ကယ် စုံညီနဲ့
ရွာပြည်မှာ သာစည်မယ့် အရေး
ဗိန်းဗောင်းဆန်ဆန်
ဒိန်းဒေါင်းသံ ပေးပါလို့
တဟေးဟေး တဟားဟား
ကလေးကလား
မလေးမစား ပမာမခန့်နဲ့
ရွာလှန့်ကြရာ။
**အုန်းအုန်းထ နေခိုက်
ဘုန်းဘုန်းကြွပါလို့
ဆုံးမပါ အရှင်ဘုရားလို့
လျှောက်ထားကာ တိုင်တည်ချင်ရဲ့
အရှင်မြတ် အရှင်ကောင်းတို့
ကာလသားခေါင်း တသိုက်ကို
ကြိမ်ရိုက်ပြီး နှင်မှကောင်းပေလိမ့်
ရှင်လောင်းလှည့်မင်္ဂလာ
သာစေဖို့ ဒီအရေး။
**ရှင်ပြုမင်္ဂလာမှာ
ရင်ထုချင်စရာ မကြုံပါရစေနဲ့
ဥုံဖွတွေမန်းမှုတ်
ထမ်းထုတ်လို့လဲ မရသေး
ပတ်တုတ်လို့လဲ မထသေးသူတွေကို
ဖိနပ်စုတ် ဖိနပ်စာကျွေးပါလို့
ရွာအရေး ရပ်အရာကို
ကဗျားရေးစပ်ကာ မောင်းခတ်
ကောင်းမြတ်တဲ့ စိတ်ထာနဲ့
ဖိတ်ကြားကာ ရွာသံဟိန်း
ငြိမ်းချမ်းဖို့လေး။ ။
** တင်မိုး **
(ကဗျာပေါင်းချုပ်၊ ၉ နိုဝင်ဘာလ ၁၉၉၉၊ အင်္ဂါနေ့ နံနက်ခင်း)
No comments:
Post a Comment