(ဘာလင်၊ နိုဝင်ဘာလ ၂၂ ရက်)
အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်လာနိုင်သည့်အတွက် လုံခြုံရေးအရ အသင့်ပြင်ဆင်ထားရန် သတိပေးချက် ထွက်ပေါ်ခဲ့ပြီးနောက် ရိက်ခ်ျစတက်အဆောက်အအုံခေါ် ဂျာမန်ပါလီမန်လွှတ်တော်၏ မှန်အမိုးခုံးအထပ်သို့ ကမ္ဘာ့လှည့်ခရီးသွားများ ၀င်ရောက်ခွင့်ကို ဂျာမန်အစိုးရက တားမြစ်ခဲ့ကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့ သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် ဆိုမာလီ ပင်လယ်ဓားပြမှု တရားစီရင်ရေး လုပ်ဆောင် **
(ဟမ်းဘတ်၊ နိုဝင်ဘာလ ၂၂ ရက်)
ဆိုမာလီပင်လယ်ဓားပြများဟု ယူဆရသူ ၁၀ ဦး၏ အမှုအခင်းကို ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် ယနေ့ စတင်စစ်ဆေးမည်ဖြစ်ကြောင်း၊ သတင်းများတွင် ဖော်ပြထားသည်။ အဆိုပါ ဆိုမာလီနိုင်ငံသားများအား ဥပဒေကြောင်းအရ တရားစီရင်မှုသည် ဂျာမနီနိုင်ငံ၏ နှစ်ပေါင်း ၄၀၀ အတွင်း ပြည်ပနိုင်ငံသားများကို ဂျာမန်ဥပဒေအရ ပထမဆုံး တရားစီရင်မှုဖြစ်သည်။ (အာရ်တီအိုင်)
** တရုတ်ကျောက်မီးသွေးတွင်းမှ ပိတ်မိမိုင်းလုပ်သား ၂၉ ဦး ကယ်တင်နိုင် **
(ပေကျင်း၊ နိုဝင်ဘာလ ၂၂ ရက်) တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရှိ ဘာရှန်းကျောက်မီးသွေးတွင်း၌ ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့၍ မြေအောက်တွင် ပိတ်မိနေသော အလုပ်သမား ၂၉ ဦးကို ပြန်လည်ကယ်ဆင်နိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့ သတင်းများတွင် ဖော်ပြသည်။ ၂၄ နာရီ
ပတ်လုံး အမှောင်ထဲတွင် နေခဲ့ကြရသော မိုင်းလုပ်သမား ၂၉ ဦးကို မျက်လုံးများပိတ်၍ မြေပေါ်သို့ ကယ်တင်လာသည်ကို စီစီတီဗွီသတင်းဌာနက ဖော်ပြသည်။ (အင်တာနက်)
** ဆိုမာလီ လက်နက်ကိုင်အုပ်စုများအကြား ပဋိပက္ခကြောင့် ၁၃ ဦးသေဆုံး **
(မိုဂါဒစ်ရှူး၊ နိုဝင်ဘာလ ၂၂ ရက်)
ဆိုမာလီနိုင်ငံအလယ်ပိုင်းရှိ ကျေးရွာတစ်ရွာကို ထိန်းချုပ်ရန် အပြိုင်အဆိုင် ကြိုးပမ်းနေသော လက်နက်ကိုင်အုပ်စုများအကြား နိုဝင်ဘာလ ၂၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားရာ အနည်းဆုံး လူ ၁၃ ဦးသေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများနှင့် ဆိုမာလီတာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- အာကာကျော် **
** အကြမ်းဖက်အန္တရာယ်ကြောင့် ဂျာမန်ပါလီမန်လွှတ်တော် လူဝင်ခွင့်ပိတ် **

No comments:
Post a Comment