အက်ဒ်မွနအတ်ခ်သည် ၀ရင်ဟက်စ်တင်အား တိုက်ခိုက်ပုတ်ခတ်ခဲ့သော သူ၏ နာမည်ကြီး မိန့်ခွန်းကို ဟောပြောနေစဉ် စကားပြောရင်း တန်းလန်းကပင် ရုတ်တရက် ရပ်တန့်သွားသည်။ တဖြည်းဖြည်းနှင့် လေးလေးနက်နက်ဟန်ဖြင့်ပင် သူသည် သူ၏လက်ကို မြှောက်လိုက်ပြီး မစ္စတာအက်ဒ်တင်အား တည့်တည့်မတ်မတ်ကြီး လက်ညှိုးထိုးလိုက်သည်။ သို့ဖြင့် သူသည် ထိုသို့သော လက်ညှိုးထိုးရင်း မတ်တတ်ဟန်ပန်အပြည့်ဖြင့် တစ်မိနစ်နီးပါး တန့်နေခဲ့ရာ ပရိသတ်မှာလည်း အသက်ပင်မရှူရဲလောက်အောင် ရင်မလျက် စောင့်နေခဲ့မိသည်။ ထို့နောက် သူစကားဆက်ပြောလိုက်သည်။ မိန့်ခွန်းပြောပြီးချိန်တွင် အတိုက်အခံရှေ့နေတစ်ဦးက သူ့ထံသို့ လျှောက်လာ၍ ပြောလိုက်သည်။
`မစ္စတာအတ်ခ်… စောစောက အဆိုကတော့ ကျနော်မြင်ဖူးသမျှ အထိရောက်ဆုံး စကားတည်ပုံပဲ။ ခင်ဗျားဘာပြောမလဲလို့ ကျနော်တို့ အားကိုး ရင်တမမနဲ့ စောင့်နေခဲ့တာ´
ထိုအခါ မစ္စတာအတ်ခ်က အောက်ပါအတိုင်း ဖြေကြားလိုက်သည်။
`ကျုပ်လည်းပဲ အဲဒီလိုပဲ အများပါးစပ်က ဘာထွက်လာမလဲလို့ ရင်တမမနဲ့ ဖြစ်နေခဲ့တာ´
** စိန်ငှက်ရိုး **
(ကြုံသမျှ ဘုံဘ၀ဟာသများမှ)
**(ကြုံသမျှ ဘုံဘ၀ဟာသများ)**

No comments:
Post a Comment