ပူးပေါင်းရှင်းလင်း **
(ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာလ၊ ၂၆ ရက်)
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ မူးယစ်ဂိုဏ်းများကြီးစိုးရာ ကျူးကျော်ရပ်ကွက်တစ်ခုကို ဘရာဇီးရဲတပ်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင်းစီးနင်းရှာဖွေကာ လုံခြုံရေးတည်ဆောက်ခဲ့ကြောင်း နိုဝင်ဘာလ ၂၆ ရက် သတင်းများတွင် ဖော်ပြသည်။ ဘရာဇီးဖက်ဒရယ်ရဲတပ်ဖွဲ့အရာရှိ ၈၀ ခန့်သည် ရီယိုဒီဂျနေးရိုးပြည်နယ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ခရူဇိုင်ရိုကျူးကျော်ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။ (အင်တာနက်)
** ပြန်ပေးဆွဲမှုများကိုတားမြစ်သည့် ကုလစာချုပ် မကြာမီ အာဏာသက်ဝင်မည် **
(ဂျီနီဗာ၊ နိုဝင်ဘာလ ၂၆ ရက်)
နိုင်ငံတစ်နိုင်ငံ၏ ထောက်လှမ်းရေးအဖွဲ့အစည်းတစ်ရပ်က လည်းကောင်း၊ အကြမ်းဖက်အုပ်စု သို့မဟုတ် ရာဇ၀တ်ဂိုဏ်းများက လည်းကောင်း တစ်စုံတစ်ဦးအား လျှို့ဝှက်ဖမ်းဆီးအကျဉ်းချ သတ်ဖြတ်ခြင်း (Forced Disappearance)များကို တားမြစ်သည့် နိုင်ငံတကာ စာချုပ်တစ်ရပ်သည် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အာဏာသတ်ဝင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီက နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။ (အင်တာနက်)
** ပစိဖိတ်သမုဒ္ဒရာအတွင်း ရက်ပေါင်း ၅၀ ကြာ မျောပါခဲ့သော လူငယ်သုံးဦး
သေကံမရောက် **
(၀ယ်လ်လင်တန်၊ နိုဝင်ဘာလ ၂၆ ရက်)
ပစိဖိတ်သမုဒ္ဒရာအတွင်း လှေငယ်တစ်စင်းဖြင့် အနည်းဆုံး ရက်ပေါင်း ၅၀ ကြာမြင့်ခဲ့ပြီးနောက် ဆယ်ကျော်သက်အရွယ် လူငယ်သုံးယောက်သည် သေကံမရောက် သက်မပျောက်ဘဲ ဖီဂျီနိုင်ငံသို့ ရောက်ရှိလာကြောင်း အင်တာနက်သတင်းတွင် နိုဝင်ဘာလ ၂၆ ရက်နေ့က ဖော်ပြထားသည်။ ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်း နယူးဇီလန်ပိုင် တိုကီလော့ကျွန်းမှ လူငယ်သုံးဦးကိုရှာဖွေ၍ မတွေ့သည့်အဆုံး၌ သေဆုံးကြပြီဟု မှတ်ယူထားခဲ့ကြသည်။ ၄င်းတို့သည် အုန်းသီးများ၊ တာပေါ်လင်ပိတ်စဖြင့် ခံယူ၍ ရသောမိုးရေများနှင့် ဖမ်းဆီးရမိခဲ့သည့် ပင်လယ်ငှက်ကြီးတစ်ကောင်၏ အသားတို့ကို မှီဝဲ၍ အသက်ဆက်ခဲ့ကြရသည်။ (အေပီ)
** အယ်လ်ခိုင်ဒါဟု ယူဆရသူ ၁၄၉ ဦး ရှစ်လအတွင်း ဆော်ဒီအာဏာပိုင်များ ဖမ်းဆီး **
(ရီးယက်ဇ်၊ နိုဝင်ဘာလ ၂၆ ရက်)
ပြီးခဲ့သည့် ရှစ်လတာကာလအတွင်း အယ်လ်ခိုင်ဒါ အဖွဲ့ဝင်များဟု ယူဆရသူ ၁၄၉ ဦးကို အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း နိုဝင်ဘာလ ၂၆ ရက်နေ့သတင်းများတွင် ဖော်ပြထားသည်။ အဆိုပါ အယ်လ်ခိုင်ဒါ အဖွဲ့ဝင်များဟု ယူဆရသူများသည် ဆော်ဒီအစိုးရတာဝန်ရှိသူများ အရပ်သားများနှင့် လူထုဆက်သွယ်ရေး လုပ်ငန်းများကို တိုက်ခိုက်ရန် စီမံခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိကြောင်း သတင်းများတွင် ဖော်ပြသည်။ (အေပီ)
** ဓာတုလက်နက်ဖျက်သိမ်းရေး စက်ရုံသစ် ရုရှားနိုင်ငံ၌ ဖွင့်လှစ် **
(မော်စကို၊ နိုဝင်ဘာလ ၂၆ ရက်)
စစ်အေးတိုက်ပွဲကာလ လက်ကျန်ဓာတုလက်နက်များကို ဖျက်ဆီးသည့် စက်ရုံတစ်ရုံကို နိုဝင်ဘာလ ၂၆ ရက်နေ့က ထပ်မံဖွင့်လှစ်နိုင်ခဲ့သော်လည်း ၂၀၁၂ ခုနှစ် နောက်ဆုံးထား၍ ရုရှားနိုင်ငံ၏ ဓာတုလက်နက်များအားလုံးကို ဖျက်သိမ်းမည့် အစီအမံသည် ပြီးမြောက်နိုင်ဖွယ် မရှိသေးကြောင်း ရုရှားတာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-အာကာကျော် **
** ဒုစရိုက်ဂိုဏ်းများ ကြီးစိုးရာနယ်မြေ ကိုဘရာဇီးရဲတပ်ဖွဲ့နှင့် စစ်ဘက်

No comments:
Post a Comment