ဘောလုံးလူဆိုး ဘာတန်နှင့် နိုလန်တို့သည် ခရစ္စမတ်ပါတီပွဲတွင် အလွန်အကျွံသောက်ပြီး အတူတကွ အိမ်ပြန်လာကြသည်။ နှစ်ဦးစလုံး အလွန်အကျွံမူးနေပြီဖြစ်ရာ လမ်းမပေါ်မှ လမ်းပျောက်ပြီးရထားလမ်းအတိုင်း လျှောက်လာမိကြသည်။
ဘာတန်။ ။ ဟေ့ကောင် ငါ့တစ်သက်မှာ ဒီလောက်လှေကားထစ်များတဲ့ လှေကားမျိုး တစ်ခါမှမတွေ့ဖူးသေးဘူး။ လျှောက်ရတာမောတောင်မောလာပြီ။
နိုလန်။ ။ အေးကွ… ငါ့တစ်သက်မှာလည်း ဒီလောက်လက်ရမ်းတိုတဲ့ လှေကားမျိုး တစ်ခါမှ မကြုံဖူးသေးဘူး။ တော်တော်နိမ့်တာပဲ။
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment