ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, November 27, 2010

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း….

> * စီရော်နယ်လ်ဒို၏ချစ်သူ အဝတ်မပါသည့်ဓာတ်ပုံများ အရိုက်ခံခဲ့ဟုဆို **
ခရစ္စတီယာနို ရော်နယ်လ်ဒို၏ချစ်သူ ရုရှားအလှမယ်၏ အဝတ်မပါသော ဓာတ်ပုံများကို စပိန်ထုတ် GQ မဂ္ဂဇင်းတွင် ဖော်ပြလိုက်ကြောင်း သိရသည်။ အသက် (၂၄)နှစ်အရွယ်ရှိ အီရီနာရှာ့ခ်၏ အေးဂျင့်များက ယင်းအတွက် မဂ္ဂဇင်းကို တရားစွဲမည်ဟု ခြိမ်းခြောက်ထားသည်။ သို့သော်လည်း GQကမူ ထိုဓာတ်ပုံများကို အီရီနာကိုယ်တိုင် လိုလိုလားလား အရိုက်ခံခဲ့ကြောင်း အခိုင်အမာ ပြောဆိုထားသည်။ နိုဝင်ဘာ (၄)ရက်နေ့ထုတ် မဂ္ဂဇင်းတွင် အတွင်းခံ အဝတ်အထည် မော်ဒယ်လ် အီရီနာက စီးကရက်တစ်လိပ်သောက်နေသော ညှို့ဓာတ်ပြင်းပြင်း ပုံရိပ်ကို မျက်နှာဖုံးတင်ရင်း “ကမ္ဘာပေါ်မှာ အလှဆုံး မိန်းကလေးပါ။ ခရစ္စတီယာနို ရော်နယ်လ်ဒို့ ရည်းစားရဲ့ ဘာမှမ၀တ်ထားတဲ့ပုံကို မြင်ဖူးချင်သလား”ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။ အတွင်းဖက်တွင် အီရီနာ၏ ဆွဲဆောင်မှုရှိသော ဓာတ်ပုံ(၁၄)ပုံကို ဖော်ပြထားပြီး (၅)ပုံမှာ ၀တ်လစ်စားလစ်နှင့်ဖြစ်သည်။ ဓာတ်ပုံတစ်ပုံတွင် ဒေါက်မြင့်ဖိနပ်မှလွဲပြီး မည်သည့်အ၀တ်မျှ မပါသလို နှစ်ပုံတွင်မူ ဒူးအထိရှည်သော ခြေအိတ်သာ ပါရှိသည်။ အီရီနာ၏ အေးဂျင့်ဖြစ်သော စပိန်ကုမ္ပဏီ Eliteမှ ဒါရိုက်တာ ဂေးလ်မာရေးက တစ်ပါတ်လုပ်ခ ပေါင်နှစ်သိန်းမျှ ရရှိနေသည့် ရီးယဲလ်မက်ဒရစ် ဘောလုံးသမား၏ ချစ်သူမှာ ခေတ်သစ် ဓာတ်ပုံနည်းပညာ၏ သားကောင်ဖြစ်ခဲ့ရခြင်းဟု ပြောကြားထားသည်။

** မန်စီးတီးကွင်းလယ်လူ အဒမ်ဂျွန်ဆန်အား ခေါ်ယူရန် လီဗာပူးလ်စီစဉ် **
လီဗာပူးလ်အသင်းသည် မန်ချက်စတာစီးတီး ကွင်းလယ်ကစားသမား အဒမ်ဂျွန်ဆန်အား ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ ဇန်န၀ါရီလ အပြောင်းအရွှေ့ ကာလတွင် လီဗာပူးလ်နည်းပြ ရွိုင်ဟော့ဂ်ဆန်သည် ဒတ်ခ်ျတောင်ပံလူ ရိုင်ယန်ဘာဘယ်လ်အား ရောင်းထုတ်ပြီး စီးတီးတွင် ပုံမှန်နေရာ ပျောက်ဆုံးနေသည့် အင်္ဂလန် လူငယ်နှင့် အစားထိုးရန် ဆန္ဒရှိနေကြောင်း Metroသတင်းဌာနက ဖော်ပြခဲ့သည်။ ဟော့ဂ်ဆန်သည် အသက် (၂၃)နှစ်ရှိ ညာတောင်ပံ တိုက်စစ်မှူးက လီဗာပူးလ်အသင်းအား အောင်မြင်မှုများ ရရှိအောင် ဆောင်ကြဉ်းပေးနိုင်မည်ဟု မျှော်လင့်လျက်ရှိသည်။ အသက်(၂၃)နှစ်ရှိ ဂျွန်ဆန်သည် စီးတီးတွင် ပုံမှန်နေရာရရေး ရုန်းကန်နေရသည့် အခြေအနေအပေါ် စိတ်ပျက်လျက်ရှိပြီး အသင်းမှ ထွက်ခွာမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ဂျွန်ဆန်သည် မန်ချက်စတာ မြို့ခံနှစ်သင်း ဂိုးမရှိသရေကျခဲ့သည့် ဒါဘီပွဲစဉ်တွင် (၁၇)မိနစ်သာ ကစားခွင့်ရခဲ့ခြင်းကို မကြေမလည် ဖြစ်မိကြောင်း ၀န်ခံပြောကြားခဲ့သည်။ “တကယ့်ကို စိတ်ပျက်စရာပါ။ ကစားသမားတစ်ယောက်ဟာ ဒီလိုပွဲကြီးပွဲကောင်းမျိုးကို ပွဲထွက်အနေနဲ့ ကစားခွင့် ရချင်မှာပါ။ ကျွန်တော်လည်း ဒါဘီပြိုင်ဖက်ကို အရိုးကြေကြေ၊ အရေခမ်းခမ်း ရင်ဆိုင်ခွင့် ရချင်ခဲ့ပါတယ်။ ဒါပေမယ့် မန်နေဂျာက ကျွန်တော့်ကို အရံစာရင်းထဲ ထည့်ခဲ့တာကြောင့် ၀မ်းနည်းမိပါတယ်။ စီးတီးဟာ ကစားသမားကောင်းတွေ အများကြီးရှိတာ နားလည်ပါတယ်။ ဒါပေမယ့် အမြဲတမ်းလိုလို အရံမှချည်း ထိုင်နေရမယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ အနေအထားကို ပြန်သုံးသပ်ရပါလိမ့်မယ်”ဟု ဂျွန်ဆန်က ဖွင့်ဟသွားသည်။

** မန်ယူအသင်း၏ စိတ်ဝင်စားမှုခံရခြင်းအတွက် အက်သလက်တီကို ဂိုးသမားဂုဏ်ယူ **
မန်ချက်စတာ ယူနိုက်တက်အသင်း၏ စိတ်ဝင်စားမှုကို ခံရခြင်းသည် အလွန်ဂုဏ်ယူ ၀မ်းမြောက်ဖွယ်ဖြစ်ကြောင်း ဒေးဗစ်ဒီဂီက ပြောကြားလိုက်သည်။ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်မှ လူငယ်ဂိုးသမားလေးသည် ယူနိုက်တက်၏ ၀ါရင့်သက်တော်ရှည် ဒတ်ခ်ျဂိုးသမားကြီး အက်ဒွင်ဗန်ဒါဆားနေရာ ရေရှည်အစားထိုးရန် အဓိက ပစ်မှတ်တစ်ခုအဖြစ် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်၏ စိတ်ဝင်စားခြင်းကို ခံနေရသည်။ အသက် (၁၉)နှစ်အရွယ်ရှိ စပိန်လူငယ် ဂိုးသမားလေးအတွက် အက်သလက်တီကို၏ခေါ်ဈေး ပေါင်(၁၅)သန်းကို ယူနိုက်တက်က ပေးချေသွားဖွယ် ရှိနေကြောင်း Times သတင်းစာက ခန့်မှန်းဖော်ပြခဲ့သည်။ ယူနိုက်တက်သည် ဒိန်းမတ်ဂိုးသမား အန်းဒရက်စ် လင်ဒါဂါ့ဒ်ကိုလည်း ချိတ်ဆက်နေသည့်တိုင် ယင်းနှင့် စာချုပ်ကိစ္စမှာ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဖြစ်နေသည်။ ပရီးမီးယားလိဂ် အသင်းကြီးက မိမိအား အလိုရှိနေသည်ဆိုသော သတင်းသည် အလွန်ကြည်နူးစရာဖြစ်ကြောင်း ဒီဂီကဆိုသည်။ Marcaသတင်းစာနှင့် အင်တာဗျူးတွင် ဒီဂီက “အက်သလက်တီကိုမှာ နေရတာ ကျွန်တော် သိပ်ပျော်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်လို အသင်းက ကျွန်တော့်ကို စိတ်ဝင်စားတယ်ဆိုတာ တကယ့်ကို ဂုဏ်ယူစရာပဲ မဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ် အသင်းကို စွန့်ခွာသွားချင်စိတ်တော့ မရှိသေးပါဘူး။ အက်သလက်တီကိုဟာ ကျွန်တော့်ကို အကောင်းဆုံး ပျိုးထောင်ပေးခဲ့တဲ့ အသင်းပါ”ဟု ပြောကြားသွားသည်။ ၎င်းက “အသင်းဟာ ရည်မှန်းချက် ကြီးမားသလို စိတ်ကျေနပ်စရာ အောင်မြင်မှုတွေလည်း ရရှိနေပါတယ်။ ကျွန်တော် အက်သလက်တီကိုမှာ ပျော်နေတယ်ဆိုတာ ထပ်ပြောပါရစေ။ ကျွန်တော်တို့အသင်းဟာ အောင်ပွဲတွေနဲ့ ထိုက်တန်တဲ့ စွမ်းဆောင်မှုတွေ ပြသနေပါတယ်”ဟု Marcaသတင်းဌာနထံ ပြောဆိုသွားခဲ့သည်။

** ဥရောပထိပ်တန်း ကစားသမားနှစ်ဦး မန်စီးတီးခေါ်ယူမည် **
မန်ချက်စတာစီးတီး အသင်းသည် ဥရောပမှ ထိပ်တန်းကစားသမား (၂)ဦးကို ထပ်မံခေါ်ယူရန် အသင့်ဖြစ်နေကြောင်း သိရသည်။ စီးတီးသည် ၎င်းတို့ ကာလကြာရှည် ပစ်မှတ်ထားနေသော ၀ုလ်ဖ်ဘာ့ဂ်တိုက်စစ်မှူး အီဒင်ဒက်ဇ်ကိုအပြင် ဘာစီလိုနာမှ ညာတောင်ပံ ခံစစ်မှူး ဒင်နီရယ်လ် အဲလ်ဗက်စ်ကိုပါ ခေါ်ယူရန် စီစဉ်နေကြောင်း သတင်းများကဆိုသည်။ အသက်(၂၅)နှစ်ရှိ ဘော့စနီးယား လက်ရွေးစင် ဒက်ဇ်ကိုသည် ဂျာမန်လိဂ်တွင် အထူးခြေစွမ်းပြနေသူဖြစ်ပြီး ၀ုလ်ဖ်ဘာ့ဂ်က ပေါင်(၄၅)သန်းမျှ ရရှိမှ ရောင်းချမည်ဟု ဈေးကိုင်လျက်ရှိသည်။ စီးတီးကမူ ဒက်ဇ်ကိုအတွက် ဈေးဆစ်နိုင်မည်ဟု ယုံကြည်နေပြီး တစ်နှစ်လုပ်ခ ပေါင်(၆)သန်းဖြင့် ကစားသမားအား မက်လုံးပေး ခေါ်ယူသွားရန် ပြင်ဆင်နေသည်။ ထို့အပြင် ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူ တစ်ဦးအဖြစ် သတ်မှတ်ခံရသော ဘရာဇီးလ် လက်ရွေးစင် အဲလ်ဗက်စ်ကိုလည်း စီးတီးက ကမ်းလှမ်းရန် ပြင်ဆင်လျက်ရှိသည်။ စပိန်ချန်ပီယံ ကလပ်အသင်းမှ အခြားသော နာမည်ကျော် ကစားသမားများကဲ့သို့ လုပ်ခလစာ တိုးမြှင့်ပေးရန် အဲလ်ဗက်စ်က တောင်းဆိုပြီးနောက် ၎င်းနှင့် ဘာစီလိုနာ အာဏာပိုင်များကြား မပြေလည်မှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေစဉ် စီးတီးက ကြားဝင်အခွင့်ကောင်းယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ စီးတီးအမှုဆောင်ချုပ် ဂယ်ရီကွတ်ခ်သည် အသင်း၏ မြင့်မားသော မျှော်လင့်ချက်များအတွက် အဆိုပါ ကစားသမားများကို မဖြစ်မနေ ခေါ်ယူရန် အားထုတ်ကြိုးပနမ်းနေကြောင်း သိရသည်။ စီးတီးသည် လက်ရှိတွင် အသင်း၌ ပိုလျှံနေသော ကစားသမားများဖြစ်သည့် အီမန်နျူရယ်လ် အဒီဘာယော၊ ၀ိန်းဘရစ်ဂ်ျ၊ ရှေးဂစ်ဗင်း၊ ဂျိုလ်လက်စ်ကော့တ်၊ ရောကွေးဆန်တာခရုဇ်နှင့် ရှောင်ရိုက်ဖီးလစ်တို့ကို ရောင်းချသွားရန်လည်း စီစဉ်နေကြောင်း သတင်းများက ဖော်ပြသွားသည်။

** အယ်လ်ဘမ်သစ်တွင် ပိုမိုရင့်ကျက်လာမည့် အက်ဗရာလက်ဂ်ဗင်း **
အက်ဗရာလက်ဂ်ဗင်းက သူမ၏ အသစ်ထွက်ရှိမည့် အယ်လ်ဘမ်သည် ယခင်အယ်လ်ဘမ်များထက် ရင့်ကျက်မှု ရှိမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ အသက် (၂၆)နှစ်ရှိ ကနေဒါ Pop-Rock၊ Punk အဆိုတော်က သူမ၏ စတုတ္ထမြောက် စတူဒီယို အယ်လ်ဘမ်ကို (၂၀၁၁)၊ မတ်လတွင် ထုတ်ဝေသွားရန် စီစဉ်ထားသည်။ ထို့အပြင် ထိုအယ်လ်ဘမ်သည် သူမ၏ လက်ရှိပုဂ္ဂိုလ်ရေးဘ၀နှင့် ပတ်သက်သော အကြောင်းအရာများ ပါဝင်လာနိုင်ကြောင်း အက်ဗရာက ပွင့်ပွင့်လင်းလင်း ၀န်ခံထားသည်။ အက်ဗရာသည် ယခုနှစ်အတွင်း Sum 41အဖွဲ့ အဆိုတော် ဒါရစ်ခ်ဝှစ်ဘလေနှင့် ကွာရှင်းပြတ်စဲခဲ့သည်။ သူမက အယ်လ်ဘမ်သစ်သည် (၂၀၀၇)ခုနှစ်က နောက်ဆုံးထုတ်ခဲ့သည့် Best Damn Thingအယ်လ်ဘမ်နှင့် လုံးဝကွဲပြားလိမ့်မည်ဟု မှတ်ချက်ပြုခဲ့သည်။

မှတ်ချက်။ ။ 7 Day သတင်းဂျာနယ်မှ ကူးယူဖော်ပြသည်။

* စီရော်နယ်လ်ဒို၏ချစ်သူ အဝတ်မပါသည့်ဓာတ်ပုံများ အရိုက်ခံခဲ့ဟုဆို **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)