ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, November 20, 2010

ယခုလအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ…

> ** အစ္စရေး၌ ၃၆ ထပ်အဆောက်အအုံ မီးလောင် ၁၁ ဦးဒဏ်ရာရရှိ **
(ဂျေရုဆလင်၊ နိုဝင်ဘာလ ၁၈-ရက်)
အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့လယ်ရှိ ရှာလွန်မီရာအဆောက်အအုံ၏ အထပ် ၂၈ ထပ်တွင် နိုဝင်ဘာလ ၁၈ ရက်နေ့က မီးလောင်မှု ဖြစ်ပွားရာ ၁၁ ဦးဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံအစိတ်အပိုင်းအချို့ ပျက်စီးခဲ့ကြောင်း အစ္စရေးအရာရှိများက ပြောကြားသည်။ ၄င်းအထပ်မြင့်အဆောက်အအုံသည် အထပ်ပေါင်း ၃၆ ထပ်ရှိပြီး ဒဏ်ရာရရှိသူများမှာ မီးခိုးများ ရှူရှိုက်မွန်းကျပ်မိခြင်းကြောင့် ဖြစ်ကြောင်း၊ ဓာတ်လှေကားများမှာ မီးလောင် မှုဖြစ်ပွားချိန်တွင် အသုံးပြု၍မရကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်များက ပြေကြားသည်။ မီးလောင်မှုဖြစ်ပွား ချိန်တွင် ၄င်းအထပ်မြင့်အဆောက်အအုံမှ လူအများစုကို ဘေးကင်းရာသို့ အလျင်အမြန်ကယ်ထုတ် နိုင်ခဲ့ ကြောင်း၊ မီးလောင်မှုစတင်ဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (အင်တာနက်)

** မက္ကဆီကို၌ အပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွား အကြမ်းဖက်သမား ခုနစ်ဦးသေဆုံး **
(မက္ကဆီကိုစီးတီး၊ နိုဝင်ဘာလ ၁၈ ရက်)
မက္ကဆီကိုနိုင်ငံအလယ်ပိုင်း ဇာကာတီကတ်စ်ပြည်နယ် ကိုလော့လန်မြို့တွင် မက္ကဆီကို တပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်အကြမ်းဖက်သမားများ နိုဝင်ဘာလ ၁၈ ရက်နေ့က အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်နက်ကိုင် အကြမ်းဖက်သမားခုနစ်ဦး သေဆုံးခဲ့ကြောင်း မက္ကဆီကို အရာရှိများက ပြောကြားသည်။ ကင်းလှည့်လာသော မက္ကဆီကိုတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် စစ်ယာဉ်ငါးစီးကို လက်နက်ကိုင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ မက္ကဆီကိုတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ခဲ့၍ ၄င်းတို့သေဆုံးခဲ့ခြင်းဖြစ်သည်။ မက္ကဆီကိုတပ်ဖွဲ့ဝင်များ စီးနင်းလာသော မော်တော်ယာဉ်ငါးစီးလည်း တိုက်ခိုက်ခံရမှုကြောင့် မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)

** ကိုလံဘီယာ၌ မြေပြို၊ လေးဦးသေဆုံး **
(ဘိုဂိုတာ၊ နိုဝင်ဘာလ ၁၈ ရက်)
ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ အယ်လ်ကိုဒီတိုဒေသ၌ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်စောစောပိုင်းက မြေပြိုမှုဖြစ်ပွားရာ လေးဦးသေဆုံးခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ဒါရိုက်တာ မန်နျူရယ်မီလာမီဇာက ပြောကြားသည်။ သေဆုံးသူများတွင် ကလေးငယ် နှစ်ဦး အပါအ၀င် လေးဦးသေဆုံးကြောင်း မိုးသည်းထန်မှုကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်း၊ ဖြစ်ကြောင်း ထို့အတူ မကြာမီက အင်ဒီယန်ပြည်နယ်ရှိ ဒေသအနှံ့မှ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းကာ လူပေါင်း ၁၃၀ သေဆုံးခဲ့သည်ဟု ဆိုသည်။ (အင်တာနက်)

** ဟောင်ကောင်တွင် ပထမဆုံး အကြိမ် ကြက်ငှက် တုပ်ကွေး လူသို့ကူးစက် **
ဟောင်ကောင်တွင် (၂၀၀၃)ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လူသားသို့ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်မှုကို ဖော်ထုတ်တွေ့ရှိခဲ့သည်။ အသက်(၅၉)နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးသည် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ပြီးနောက် ထိုရောဂါ ကူးစက်လာဖွယ်ရှိပြီး အခြေအနေ စိုးရိမ်ရကြောင်း ဟောင်ကောင်ကျန်းမာရေး ၀န်ကြီးဌာန၏ နိုဝင်ဘာ (၁၈)ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ ဟောင်ကောင်အစိုးရသည် နိုင်ငံအတွင်း ကြက်ငှက်တုပ်ကွေးရောဂါ သတိပေးချက်ကို အရေးပေါ်အဆင့် ထုတ်ပြန်ကြေညာလိုက်ပြီး အန္တရာယ်ရှိသော အနေအထားသို့ ရောက်နေကြောင်း အတည်ပြုခဲ့သည်။ ဟောင်ကောင်တွင် လူသားများ၌ နောက်ဆုံး ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမှာ (၂၀၀၃)ခုနှစ်ကဟု မှတ်တမ်းများတွင် ဖော်ပြထားသည်။ (၁၉၉၇)ခုနှစ်က အဆိုပါ ရောဂါကို ဖော်ထုတ်တွေ့ရှိလာပြီးနောက်ပိုင်း ဟောင်ကောင်တွင် သေဆုံးသူ အရေအတွက်မှာ (၆)ဦးသာ ရှိခဲ့သည်။ ယခုရောဂါတွေ့ရှိသူ အမျိုးသမီးကြီးသည် A(H5)ဗိုင်းရပ်စ် ရှိနေကြောင်း အတည်ပြုလိုက်ပြီး ယင်းသည် ကြက်ငှက်တုပ်ကွေး ရောဂါပိုးတစ်ခုဖြစ်သည်။ ယခုအခါ ကျန်းမာရေး အာဏာပိုင်များက ယင်းအမျိုးသမီးများ၏ မိသားစုများ၊ အနီးကပ် ထိတွေ့ဆက်ဆံခဲ့သူများကို စောင့်ကြည့်လျက်ရှိသည်။ ဟောင်ကောင် ကျန်းမာရေးဌာန အကြီးအကဲ ယောက်ချောင်းက နောက်ထပ် လူမှလူသို့ ကူးစက်သော အခြေအနေမျိုး မတွေ့ရဟုဆိုသည်။ အမျိုးသမီးကြီးသည် တရုတ်ပြည်သို့ အောက်တိုဘာ (၂၃)မှ နိုဝင်ဘာ (၁)ရက်နေ့ထိ ခင်ပွန်းသည်၊ သမီးတို့နှင့်အတူ သွားရောက်လည်ပတ်ခဲ့သည်။ သို့သော်လည်း သူမသည် ကြက်ငှက်မွေးမြူရာ ခြံမြေများသို့ သွားရောက်လည်ပတ်ခြင်း မရှိခဲ့ကြောင်း ကျန်းမာရေး ဌာနက ပြောကြားထားပြီး နိုဝင်ဘာ (၁၄)ရက်နေ့က စတင်ဖျားနာခဲ့ခြင်းဟု ဆေးရုံမှ တာဝန်ရှိသူများက ပြောဆိုသွားခဲ့သည်။

** စုစည်းဘာသာပြန်-မောင်မောင်မြင်ဆွေ **

** အစ္စရေး၌ ၃၆ ထပ်အဆောက်အအုံ မီးလောင် ၁၁ ဦးဒဏ်ရာရရှိ **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)