**မငြီးတွားမိအောင် ကြိုးစားနေ၇တဲ့ဘ၀ ခရီးသွားတစုပါ...၊
ဝမ်းနည်းချင်းတွေ အားလုံးကိုစုထားရင် စုဗူးနဲ့မဆန့်တော့ဘူး...။
ခေတ်ပျက်မုန်တိုင်းကြားမှာ
ဝမ်းသာလို့ကျရတဲ့ မျက်ရည်ကရှားတယ်.......
ဒုက္ခဆူးခင်းလမ်းမှာ
သောက အဆိပ်ပန်းက မမွှေးမြဘူး...
ပျော်၇ွှင်ခြင်း လမင်း
စစ်တိမ်တိုက်မှာ ကွယ်ပျောက်
မိဘပျောက် သားသမီးနဲ့
သားသမီးပျောက် မိဘ
ငြိမ်းချမ်းခြင်း ကောင်းကင်အောက်
အမြန်ဆုံး ၀မ်းမြောက်စွာ ဆုံဆည်းကြစေ......။
**အောင်ခိုင်မြင့်**
( နှစ် ( ၂၀ ) ကျော် မိဘနဲ့ခွဲခွာနေရတဲ့ဘ၀တူများအတွက် )

No comments:
Post a Comment