ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, November 26, 2010

26Nov,10// ကမ္ဘောဒီးယားနိုင်ငံမှာ မနေ့က လူအုပ်ပိ သေဆုံးခဲ့ရသူတွေအတွက် ၀မ်းနည်းဖွယ် ဆုတောင်းပွဲ တရပ်ကို

>

ဒီနေ့ ကျင်းပခဲ့တဲ့ အချိန်မှာပဲ သေဆုံးသူ ဦးရေဟာ ပိုပြီး များလာနေပါတယ်။ ကမ္ဘောဒီးယား အစိုးရက
အခုချိန်ထိ သေဆုံးရသူ အရေအတွက်ဟာ ၃၇၈ ယောက် ရှိသွားပြီလို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေဟာ
လည်း ရာနဲ့ချီပြီး ရှိနေတယ်လို့ ဆိုပါတယ်။ အခုလို ၀မ်းနည်း ကြေကွဲမှုကြီး ဖြစ်ရတာကတော့ ကမ္ဘောဒီး ယားနိုင်ငံမှာ နှစ်စဉ် ပျော်ပွဲရွှင်ပွဲအဖြစ် ကျင်းပတဲ့ ရေကစားပွဲကြီး အပြီး လူအုပ်ကြီးက ၀ရုန်းသုန်းကားနဲ့ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြရင်းနဲ့ တယောက်ကို တယောက် ပိပြီး အခုလို လူ ရာနဲ့ချီ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်က ဗွီအိုအေ သတင်းထောက်
ရောဘတ် ကာမစ်ကယ်လ် (Robert Carmichael) ပေးပို့ထားတဲ့ သတင်းကို ကိုဝင်းမင်းက တင်ပြပေး ထားပါတယ်။

ဖနွမ်းပင်မြို့က တံတားတခုပေါ်မှာ လူအုပ်ပိ သေဆုံးခဲ့ရသူတွေအတွက် ၀မ်းနည်းဖွယ် ဆု တောင်းပွဲတခုကို ဒီနေ့ နေ့လယ်တွင် လုပ်နေရာမှာ ဗုဒ္ဓဘာသာ သံဃာတော် အပါး ၅၀၀ က ၀တ်ရွတ်ခဲ့ကြ ပါတယ်။ ဒီကြေကွဲမှုကြီး ဖြစ်အပြီး ၂၄ နာရီအတွင်းမှာပဲ ကမ္ဘောဒီးယား အစိုးရက တိုင်းပြည်ရဲ့ အပျော်ရွှင်ရ
ဆုံး ပွဲတော်တခုမှာ လူအများအပြား ဘယ်လိုဘယ်ပုံ သေဆုံးခဲ့ရတယ်ဆိုတာကို စုံစမ်းစစ်ဆေးဖို့ ကော်မတီ တခု ဖွဲ့လိုက်ပါတယ်။ဒီဖြစ်ရပ်ဟာ ဆယ်စုနှစ် များစွာအတွင်း ကမ္ဘောဒီးယားနိုင်ငံမှာ လူအများအပြား သေဆုံး ခဲ့ရတဲ့ ဖြစ်ရပ်တခု ဖြစ်ပါတယ်။ သေဆုံးခဲ့ရသူ အများစုဟာ လူငယ်တွေ ဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေနဲ့ အသက် ၂၀ ကျော် အရွယ်တွေ ဖြစ်ပါတယ်။ သူတို့ဟာ ဖနွမ်းပင်က ရေကစားပွဲကို လာကြတဲ့ လူပေါင်း ၂,၀၀၀,၀၀၀ ထဲက ဖြစ်ပါတယ်။ ဒီပွဲတော်ဟာ မိုးရာသီ အဆုံးသတ်အဖြစ် လုပ်တဲ့ပွဲတော် ဖြစ်ပါတယ်။
၁၉ နှစ်သာ ရှိသေးတဲ့ ဘူဝပ် ပန်ညာ (Buot Panha) က ဖနွမ်းပင်မြို့မှာ လူတွေ အများအပြား တင်ထားတဲ့
ကာလ်မက်တ် (Calmette) ဆေးရုံကို ရောက်နေပါတယ်။ သူ့သူငယ်ချင်း ၂ ယောက် ပြန်ဆင်းလာမှာကို စောင့်နေတာ ဖြစ်ပါတယ်။ တနင်္လာနေ့က ည ၉ နာရီ ပြီးတာနဲ့ ဒီတံတားပေါ်က လူအုပ်ကြီးကြားမှာ သူနဲ့ သူ့သူငယ်ချင်းတွေ ပိတ်မိသွားပါတယ်။ သူ့ဘေးမှာ ကြောက်လန့်နေတဲ့ လူအုပ်ကြီးဟာ လွတ်ထွက်နိုင်ဖို့ ကြိုးစား အော်ဟစ်နေချိန်မှာ အသက်ကိုတောင် ၀အောင် သူတို့ မနည်းရှူခဲ့ရတယ်လို့ ဆိုပါတယ်။
သူကတော့ အရပ်ရှည်တော့ တခြားလူတွေထက် ခေါင်းထောင်ထွက်နိုင်ပြီး အသက်ရှူနိုင်ခဲ့တဲ့အတွက်
အခုလို အသက်ရှင်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။ အရပ်ပုတဲ့လူတွေ အတွက်ကတော့ အခုလို မရှူနိုင်ခဲ့ပါဘူး။
သူပြောတာက ဒါကြောင့်မို့ သေဆုံးသူခဲ့ရသူရဲ့ သုံးပုံနှစ်ပုံဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
သူ ဆက်ပြောတာက အခုလို ဖြစ်ရတာ ဖနွမ်းပင်က ရေကစားပွဲမှာ ပထမဆုံး ဖြစ်တာပါ၊ အခုလိုဖြစ်မယ်လို့
သူ လုံးဝ မထင်ခဲ့ကြောင်း ပြောပါတယ်။ လူတွေ အခုလို အများအပြား သေဆုံးခဲ့ရတာ မယုံနိုင်စရာပဲလို့
သူက ၀မ်းနည်းကြေကွဲဖွယ် ပြောပါတယ်။ဘူဝပ်ဟာ ကလေး ၂ ဦးနဲ့ ပိတ်မိနေတဲ့ အမျိုးသမီးတဦးကို ကယ်ဖို့ ကြိုးစားခဲ့ပါတယ်။ သူမက ကယ်ပါ၊ ကူပါလို့ တစာစာ အော်နေခဲ့ပါတယ်။ ဘူဝပ်ကတော့ အရပ်ရှည်တော့ ကလေးတဦးကို ဆွဲပွေ့ယူပြီး လူအုပ်ရဲ့ အပေါ်ကို မတင်လိုက်ပါတယ်။ ကလေး အသက်ရှူနိုင်အောင် ဖြစ်ပါါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ တချို့လူတွေက တခြားလူတွေအတွက် တံတားပေါ်မှာ နေရာရနိုင်ဖို့၊ နေရာ ချဲ့ပေးနိုင်ဖို့အတွက် တံတားပေါ်ကနေ တချို့ ရေထဲ ခုန်ချဖို့ ပြောလာပါတယ်။ ဒါကြောင့် သူက ကလေးကို မိခင်ထံ ပြန်ပေးခဲ့ပြီး ရေထဲကို ခုန်ချခဲ့ရပါတယ်။ဘူဝပ်လိုပဲ တချို့လူတွေကတော့ ကံကောင်းသွားခဲ့ပါတယ်။ ရေထဲကို ခုန်ချရာကနေ ကမ်းကိုကူးပြီး အသက်ရှင်သွားခဲ့ရပါတယ်။ ဒါပေမဲ့ အများစုကတော့ မလှုပ်နိုင်တော့ ဘဲ ပိတ်မိပြီး သေဆုံးခဲ့ကြရပါတယ်။ ဘူဝပ်က ခုနက မိခင်နဲ့ ကလေး ၂ ဦး သေဆုံးသွားခဲ့မယ်လို့ စိုးရိမ်နေပါတယ်။“ကလေးရော မိခင်တွေပါ သေဆုံးသွားမယ်။” လို့ သူက ပြောခဲ့ပါတယ်။အစိုးရ အရာရှိတွေ ကတော့ ရွက်ဖျင်တဲကြီး ၂ ခုကို ဆေးရုံနားမှာ ထိုးထားပါတယ်။ ရွက်ဖျင်တဲကြီး တခုမှာတော့ အမည် မ သိသေးတဲ့ အလောင်း ၅၀ ကို ပုံပြီး အ၀တ်ဖြူတွေနဲ့ အုပ်ထားပါတယ်။ ရဲတွေက သေသူတွေရဲ့ လက်ဗွေတွေကို ယူနေပါတယ်။ အနားမှာတော့ ရာနဲ့ချီတဲ့ မိသားစု အဖွဲ့ဝင်တွေက ထိုင်ပြီး ငိုကြွေးနေကြပါတယ်။
ဘူဝပ်က အခုလို ရေကစားပွဲမှာ ဖြစ်ရတာဟာ သူ့ဘ၀မှာ ပထမဆုံးအကြိမ် ဖြစ်ပြီး နောက်ဆုံးလည်း ဖြစ်မှာပါလို့ ဆိုပါတယ်။ သူ့အနေနဲ့ နောက်တခေါက် ရေကစားပွဲကို ထပ်သွားတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

*** VOANEWS မှ ပြန်လည်မျှဝေပေးထားတာပါ။
နောက်ဆုံးသိရတဲ့ထိကတော့ 450 ခန့်၇ှိပြီလို. ဆိုပါတယ် ။ သူတို. အစိုးရကတော့
သေတဲ့သူဦးရေ 350 တောင်မရှိဘူးလို.ပြောပါတယ် ။
--
Thanks,
ဦးဦး မှော်ဆရာ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)