ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, November 25, 2010

မစ်ရေနှင့် နတ်သုဒ္ဓါ

>

(ဆူးငှက် | အင်္ဂါနေ့၊ နိုဝင်ဘာလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၃၇ မိနစ်)

သတင်းသမားတယောက်မှာ အဓိကအရေးကြီးတဲ့အချက်က ယုံကြည်ချက်နဲ့ ကျင့်ဝတ်ပါပဲ။ ဒီယုံကြည်ချက်နဲ့ ကျင့်ဝတ်ဆိုတာကတော့ မဟာဗျူဟာပေါ့လေ။ မဟာဗျူဟာက မှန်ကန်ရမယ်။ အမှန်တရားအတွက်၊ ပြည်သူအတွက်ပဲဖြစ်ရမယ်။ ကောင်းပြီ....ဒီမဟာဗျူဟာကို အကောင်အထည်ဖော်ရမှာက နည်းဗျူဟာပိုင်းပေါ့။ နည်းဗျူဟာပိုင်းကလဲ အရေးကြီးတယ်။ တဖက်က အမှန်တရားဆိုတာလဲဖြစ်နေတယ်။ ပြည်သူလူထုအတွက် အသိပေးရမှာလဲဖြစ်တယ်။ တိုင်းပြည်အတွက်လဲ ဒီအသိပေးခြင်းက တကယ်အကျိုးရှိတယ်။ ဒါပေမဲ့ အခက်အခဲအကျပ်အတည်းတွေ ဖြစ်နေတယ်။ ဒီအခက်အခဲက သာမန်မျှလဲဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ကြီးကြီးမားမားဖြစ်ချင်ဖြစ်မယ်။ အန္တရာယ်ဖြစ်လောက်တာလဲဖြစ်နိုင်တယ်။ လိုအပ်ရင် အသက်တောင်မှ စွန့်ရင်စွန့်ရမယ်။ အမှန်တရားဆိုတာကလဲ အချိန်အခါလိုက်ပြီး၊ နေရာလိုက်ပြီး၊ ပုတ်သင်ညို အရောင်ပြောင်းသလို လုပ်လို့ မရဘူး။ ကိုယ့်ယုံကြည်ချက်ခိုင်မာမှုကို အခြေခံပြီး အမှန်တရားဆိုတာ အမြဲတမ်းတသမတ်ထဲ ဖြစ်နေရမယ်။

အမှားနဲ့ အမှန်ကြားမှာ သတင်းသမား တယောက် (ဝါ) သတင်း မီဒီယာတခုဟာ ဘက်မလိုက်ဝါဒ ကျင့်သုံးစရာ မလိုဘူး။ ကြားနေဝါဒ ကျင့်သုံးစရာ မလိုဘူး။ အမှန်ဘက်က ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရပ်တည်ရမှာပေါ့။
စစ်အေးကာလတုန်းက ဗီယက်နမ်စစ်ပွဲကြီးနဲ့ ကြုံရတယ်။ အဲ့ဒီအချိန်ပြည်သူ့ဘက်ကရှိတဲ့ သတင်းစာတွေက တလျှောက်လုံး ဗီယက်နမ်ပြည်သူဘက်က ရပ်တည်ပြီး ကျူးကျော်သူကို ဆန့်ကျင်ခဲ့တယ်။ စစ်ပွဲကြီးကာလအတွင်း အမှန်တရားဆိုတာ ကိုယ့်အမြင်၊သူ့အမြင် ကွဲနိုင်ပါတယ်။ အမြင်ဆိုတာ နှစ်မျိုးရှိတာပေါ့၊ ကိုယ့်ဘက်ကကြည့်တော့ လက်ဖမိုး၊ သူ့ဘက်ကကြည့်တော့ လက်ဖဝါးလို့ ဘယ်လိုပဲစောဒက တက်ပါစေ၊ ဒါဟာ လောကနိယာမလို့ ဘယ်လိုပဲပြောပါစေ၊ တကယ်တော့ အမှန်တရားဆိုတာ တခုထဲပဲရှိပါတယ်။ ဗီယက်နမ်စစ်ပွဲကြီးပြီးတဲ့အချိန် ကျူးကျော်သူကိုယ်နှိုက်က သူတို့မှားပါတယ်လို့ ဝန်ခံရတာပဲ။ ဒီမှာ တရားကိုယ်သဘောအရ တရားတဲ့စစ်၊ မတရားစစ်အမြင်နဲ့ ကြည့်ရင် ကျူးကျော်စစ်က မှားတယ်။ ကျူးကျော်မှုကို ခုခံကာကွယ်တဲ့စစ်က မှန်တယ်။ ဖိနှိပ်သူရဲ့ ဖိနှိပ်စစ်၊ ဖိနှိပ်ခြင်းလုပ်ရပ်က မှားတယ်။

အဖိနှိပ်ခံသူက မတရားလို့ ပြန်လှန်ဆန့်ကျင်တာ မှန်တယ်။ ဒီနေရာမှာ သူ့အမြင်ကိုယ့်အမြင်ဆိုတာမရှိဘူး။ လက်ဖမိုး၊ လက်ဖဝါးဆိုတာလဲ မရှိဘူး။ ဒီတော့ ကျူးကျော်စစ်နဲ့ ခုခံစစ်ကြား၊ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံကြား၊ မတရားမှုနဲ့ တရားမှုကြား၊ အဓမ္မနဲ့ ဓမ္မကြား ကြားနေပါတယ် ဆိုတာလဲ မရှိနိုင်ဘူး။ ဒီတော့ သတင်းသမားက အဲ့ဒီလိုကိစ္စတွေမှာ ဘယ်ဘက်မှမလိုက်ဘဲ ကြားနေမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အမှားနဲ့ အမှန်ကြားမှာ ဘက်မလိုက်ဘူးကြားနေတယ် ဆိုသူကိုယ်နှိုက်က အမှားတဝက်ကို သေချာပေါက်ကျူးလွန်ထားတာပါပဲ။ အမှားနဲ့ အမှန်ကြားမှာ သတင်းသမားတယောက် (ဝါ) သတင်းမီဒီယာတခုဟာ ဘက်မလိုက်ဝါဒ ကျင့်သုံးစရာ မလိုဘူး။ ကြားနေဝါဒ ကျင့်သုံးစရာ မလိုဘူး။ အမှန်ဘက်က ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရပ်တည်ရမှာပေါ့။

နောက်တခုက သတင်းသမားတယောက်အတွက် အဓိကနဲ့သာမည ခွဲခြားတတ်ဖို့လဲ အရေးကြီးတယ်။ သာမညကို အဓိကနေရာမှာထားပြီး ဗိန်းဗောင်းတိုက်ရင်လဲ လူမုန်းများမယ်။ အဓိကကို သာမည မှတ်ပြီး လက်ရှောင်ရင်လဲ တာဝန်မကျေဘူး။ ဖားရိုက်ရာမှာ ဗန္ဓုလသွေး သုံးစရာမလိုသလို...ကျားလေးတွေယူချင်ရင် ကျားအောင်းရာ ဂူထဲဝင်ရမှာပဲလေ...။ ဒီနည်းဗျူဟာတွေနဲ့ ပတ်သက်ပြီး အကင်းပါးမှု၊ အဓိက သာမည ခွဲခြားနိုင်မှုလိုအပ်သလို အရေးကြီးတာတခုက ဘယ်လောက်ပဲအခက်အခဲရှိလို့အမှန်ကို မရေးသားနိုင်ရင် ရှိပါစေ...။ အမှားကို ဘယ်တော့မှ ဆင်ခြေ အမျိုးမျိုးပြပြီး အမှန်လို့ မရေးမိကြဖို့ အရေးကြီးပါတယ်....။

ဆင်းရဲမွဲတေနေတဲ့ကြားက ရှိသမျှအားနဲ့ အသံပြာအောင် ထောက်ခံခဲ့၊ ရပ်တည်ခဲ့၊ ရေးခဲ့သားခဲ့ရတဲ့ အိမ်နီးချင်း မိတ်ဆွေကြီး ကရော အခုထိကျမတို့အတွက် မိတ်ဆွေ ဖြစ်နေသေးပါရဲ့လား။
အမှားကြာရင်၊ အမှားကိုပဲ ထပ်ကာတလဲလဲ ပြောနေရေးနေရင် အဲဒီအမှားက အမှန်ဖြစ်သွားတတ်တယ်။ အမှားကို အမှန်လို့ အားနာလို့ဖြစ်စေ၊ မတတ်လို့ဖြစ်စေ၊ တုတ်မိုးထားလို့ ဖြစ်စေ၊ အရေးမကြီးပါဘူးလို့ ယူဆလို့ ဖြစ်စေ... သတင်းသမား တစ်ယောက်အနေနဲ့ မရေးမိဖို့ပါပဲ။ အမှားဆိုတဲ့ မစင်တစက်ကြောင့် ခိုင်ခိုင်မာမာ တည်ဆောက်ခဲ့တဲ့ ယုံကြည်ချက်(ဝါ) လုပ်ဆောင်ချက်ဆိုတဲ့ နတ်သုဒ္ဓါကြီးကို နှာခေါင်းရှုံ့ ပြီး လွှင့်ပစ်လိုက်ရတယ်။

ကျနော်ကိုယ်နှိုက်ကပဲ ဒီရက်ပိုင်းမှာ ကြီးကြီးမားမား ဘဝနဲ့ရင်းရလောက်တဲ့ သင်ခန်းစာတခုရခဲ့တယ်။ ဗဟုဝါဒခေတ်မှာ အရင်လို ခွဲခွဲခြားခြား လားလားမုန်းထားစရာမလိုဘဲ လူမှုဆက်ဆံရေးဆိုတာ ယုံကြည်ချက်ကြီး တစ်ခုလုံးနဲ့စာရင် အဓိကတော့ မဖြစ်လောက်ပါဘူး၊ အားလုံးဟာ နည်းဗျူဟာမှာပဲ ကွဲနေကြလို့ပါ၊ ရန်သူမရှိ၊ မိတ်ဆွေသာရှိ ဆိုတဲ့ စကားအတိုင်း မိတ်ဆွေလိုပဲ သဘောထားပြီး မိတ်ဆွေတဦးကို ကျနော် စုဆောင်းထားတဲ့ ဒုတိယကမ္ဘာစစ်ကြီးကာလ အင်္ဂလိပ်တွေ မိုင်းခွဲဖျက်ဆီးသွားတဲ့ အင်းဝ တံတားကြီးရဲ့ ရှေးဟောင်းဓာတ်ပုံနှစ်ပုံကို စာအုပ်တအုပ်ထဲက ကော်ပီကူးပြီး ပေးလိုက်မိပါတယ်။ အဲဒီမိတ်ဆွေကတဆင့်..... နောက်တဆင့် ......။ အဲဒီနောက်တဆင့်ကမှ နောက်တဆင့် ...... ။ ဒီလိုနဲ့ မထင်မှတ်ဘဲ ဘယ်လိုမှ မပတ်သက်ခဲ့ဖူးတဲ့ နေရာ၊ ဘယ်လိုမှ မဝင်ဆံ့ဖူးတဲ့နေရာ၊ ဘယ်လိုမှ အဆက်အစပ်မရှိဖူးတဲ့ နေရာ၊ ဘယ်လိုမှ အဆက်အဆံ မရှိဖူးတဲ့နေရာမှာ သမိုင်းဝင် မှတ်တမ်းဓာတ်ပုံများ စုဆောင်းရှာဖွေပေးသူ ဆိုပြီး အဖြူပေါ် အမည်းတင်လိုက်လေတော့ ......။

ကျနော် ဒီနေရာမှာ စာပေကျေးဇူးရှင် ဒေါ်ဒေါ်လူထုဒေါ်အမာ ပြောကြားခဲ့ဖူးတဲ့စကား တခွန်းကို သတိရမိတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလကပေါ့။ ဒေါ်ဒေါ်ကိုယ်နှိုက်က လေးစားတဲ့၊ ကျနော်တို့လဲ အဆက်မပြတ်အောင် အငမ်းမရ လိုက်ဖတ်နေရတဲ့ စာရေးဆရာကြီး တယောက်က ဒေါ်ဒေါ့်ဆီရောက်တုန်း ဒေါ်အမာ ကျနော်ရေးတာတွေ ဖတ်ဖြစ်ပါရဲ့လား။ ဘယ်လိုသဘောရပါသလဲ လို့မေးတယ်။ ဒီတော့ဒေါ်ဒေါ်က ဆရာကြီးကိုပြုံးကြည့်ပြီး ရှင်ရေးတာတွေ ကောင်းပါတယ်။ ကျမအမြဲတမ်း စောင့်ဖတ်တယ်။ ဒီလို အကြောင်းအရာတွေက ရှင်ကလွဲပြီး ဘယ်သူမှ မရေးနိုင်ဘူး။ ရှင်နဲ့ ရှင့်အသိုင်းအဝိုင်းပဲ ကိုယ်တွေ့ကြုံရတဲ့ ကိစ္စတွေ ဟုတ်လား။ ဒါပေမယ့် မြစ်ရေတွေက စီးဆင်းနေပြီရှင့်။ ၁၈ ရာစု၊ ၁၉ ရာစုက နယ်ချဲ့အရင်းရှင်၊ ကိုလိုနီနယ်ချဲ့၊ နယ်ချဲ့လက်ပါးစေ၊ နယ်ချဲ့ပုဆိန်ရိုး ဆိုတာတွေက ဒီကနေ့ ၂ဝ ရာစုနှောင်းပိုင်းမှာရော ဟုတ်ပါသေးရဲ့လား။ ခုထိမျက်စိမှိတ်ပြီး ဆန့်ကျင်နေဦးမှာလား။ ရှင်တို့ ကျမတို့ ဆင်းရဲမွဲတေနေတဲ့ကြားက ရှိသမျှအားနဲ့ အသံပြာအောင် ထောက်ခံခဲ့၊ ရပ်တည်ခဲ့၊ ရေးခဲ့သားခဲ့ရတဲ့ အိမ်နီးချင်း မိတ်ဆွေကြီးကရော အခုထိ ကျမတို့အတွက် မိတ်ဆွေဖြစ်နေသေးပါရဲ့လား။ ဒီတော့ အင်မတန်ကောင်းမွန်တဲ့ ရှင့်စာတွေထဲက နတ်သုဒ္ဓါထဲ ၁၈ ရာစု၊ ၁၉ ရာစုက ရန်သူ အသုံးအနှုန်းတွေ ဖောဖောသီသီပါနေတော့ ကျမကတော့ မစင်တစက်လို ခံစားရတယ်လို့ ပြတ်ပြတ်သားသား ပြောခဲ့တယ်။

ငယ်ငယ်က သင်ကြားခဲ့ရဖူးတဲ့ သင်ခန်းစာ တခုကတော့ မှန်နေဆဲပါ။ မမေ့သူကတော့ အစွဲအလမ်းကြီးကြီး အမှတ်အသား အကြီး ကြီးနဲ့ အမြဲတမ်း ဂရုတစိုက် ကြည့်နေတယ်။ သူက တော့ သဘောထားပြင်မှာမဟုတ် ဆိုတာပါ။... ရေရှည်မကြည့်ဘဲ မျက်တောင်မွေးတဆုံး သာကြည့်ပြီး မှန်တယ်ဆိုကာ လျှောက်လှမ်း မိလိုက်တဲ့ ခြေလှမ်းတလှမ်း မှားတာနဲ့ ချောက်ထဲ ကျနိုင်တယ်။
တကယ်တော့ ဒီစကားတွေဟာ ကျနော်တို့ စာပေဘဝလမ်း အတွက် အတွေးအခေါ်တွေပါပဲ။ မြစ်ရေက စီးဆင်းနေတယ်။ မြစ်ထဲကို နှစ်ခါ ခုန်ဆင်းလို့မရဘူး။ အမြဲတမ်းရန်သူ မဟုတ်ဘူး။ အမြဲတမ်း မိတ်ဆွေ မဟုတ်ဘူး။ ဒါက လောကကြီး တခုလုံးအတွက် နိယာမတရားပါ။ ဒါပေမဲ့ ကာလတို ဆယ်စုပိုင်းခြားနှစ်တွေ အတွင်းမှာလဲ ဒီနိယာမတရား မှန်ကန်စေချင်ပါတယ်။ ကျနော်တို့ ငယ်ငယ်က သင်ကြားခဲ့ရဖူးတဲ့ သင်ခန်းစာ တခုကတော့ မှန်နေဆဲပါ။ မမေ့သူကတော့ အစွဲအလမ်းကြီးကြီး အမှတ်အသား အကြီးကြီးနဲ့ အမြဲတမ်း ဂရုတစိုက် ကြည့်နေတယ်။ သူကတော့ သဘောထားပြင်မှာမဟုတ် ဆိုတာပါ။ ယုံကြည်ချက်နဲ့ ကျင့်ဝတ်ဆိုတာ မဟာဗျူဟာပါ။ ဒီမဟာဗျူဟာကို ဖော်ဆောင် လျှောက်လှမ်းတဲ့ နည်းဗျူဟာက အမြဲတမ်းမှန်နေဖို့ အရေးကြီးတယ်။ ခြေလှမ်းတလှမ်းကလဲ အရေးကြီးတယ်။ ရေရှည်မကြည့်ဘဲ မျက်တောင်မွေး တဆုံးသာကြည့်ပြီး မှန်တယ်ဆိုကာ လျှောက်လှမ်းမိလိုက်တဲ့ ခြေလှမ်းတလှမ်း မှားတာနဲ့ ချောက်ထဲ ကျနိုင်တယ်။ တဦးတယောက်ကိစ္စက ပြဿနာမရှိ။ သူ့အသက်တချောင်း ဆုံးရှုံးရုံ.....။ အကယ်၍ ကလောင်တချောင်းဆိုရင် သမိုင်းက ဒဏ်ခတ်ခံရမယ်။ ဒီနေရာမှာလဲ ဒီကလောင်တချောင်း ဆုံးရှုံးရုံပေါ့။ အကယ်၍ စတုတ္ထမဏ္ဍိုင်နေရာမှာ ရှိနေရမယ့် သတင်းသမားတယောက် (သို့မဟုတ်) ပရိသတ်ရှိသော သတင်းဂျာနယ်၊ သတင်းစာတစောင်ရဲ့ရေးသားချက်၊ ဖော်ပြချက်၊ ရပ်တည်ချက်တွေ အမှတ်မထင်တောင်မှ အမှားအခံနိုင်ပါဘူး။ ဒေါ်ဒေါ်ပြောသလို ဘယ်လောက်အဖိုးတန်တဲ့ နတ်သုဒ္ဓါဖြစ်ပါစေ မစင်တစက် စင်လိုက်ရင်ပင် လွှင့်ပစ်သွန်ပစ်လိုက်ရတာ မဟုတ်ပါလား.....။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)